Issues
Select Version
နိဿယ-1
မြန်မာဘာသာ
Jātakapāḷi(Paṭhamo bhāgo)
Jātakapāḷi(Paṭhamo bhāgo)

318. Kaṇaverajātakaṃ (4-2-8)

Author: နိဿယ-1 @ IAPT

နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ ယံန္တံဝဿန္တသမယံ,အစရှိသော ဂါထာပုဒ်ဖြင့် တန်းဆာဆင်အပ်သော ဤကဏဝေရဇာတ်ကို၊ ဇေတဝန်ကျောင်းတော်၌သီတင်းသုံးနေတော်မူစဉ်၊ မယားဟောင်းဖြားယောင်းသော ရဟန်းကိုအကြောင်းပြု၍ဟောတော်မူ၏။ ။

ထိုအခါသာမာသည် တစ်စုံတစ်ခုသောဥပါယ်ဖြင့် အသျှင်သားကိုရှာ၍ခေါ် စေအံ့ဟုကချေသည်တို့ကို ခေါ် စေ၍ တစ်ထောင်သောဥစ္စာကိုပေး၏။ သျှင်မ၊ အသို့ပြုရကုန်အံ့နည်းဟုဆိုကုန်သည်ရှိသော်၊ သင်တို့အား မရောက်သောအရပ်မည်သည်မရှိ။ သင်တို့သည်ရွာနိဂုံးမင်းနေပြည်တို့သို့လှည့်လည် ကုန်လျက်ပွဲသဘင်ပြု၍၊ သဘင်အလယ်၌ ရှေးဦးစွာလျှင် ဤသီချင်းကိုသီကြကုန်လော့ဟုကချေသည်တို့ကိုသင်လျက် ရှေးဦးစွာသောဂါထာကိုဆို၍ သင်တို့သည် ဤသီချင်းကို သီသည်ရှိသော်အရှင်သားသည် ထိုပရိသတ်အတွင်း၌ အကယ်၍ရှိသည်ဖြစ်အံ့၊ သင်တို့နှင့်အတူစကားပြောဆိုလတ္တံ့။ ထိုအခါ အရှင်သားအား ငါ၏ ရောဂါကင်းနေသည့်အဖြစ်ကိုဆို၍ အရှင်သားကိုခေါ်၍လာကြကုန်လော့။ အကယ်၍မလိုက်လာအံ့၊ သတင်းစကားမှာထားလိုက် ကြကုန်လော့ဟုဆို၍ကချေသည်တို့ကိုလွှတ်လိုက်၏။ ကချေသည်တို့သည်ဗာရာဏသီမှထွက်၍ ထိုထိုအရပ်၌ ပွဲသဘင်ပြုကုန်လျက် ပစ္စန္တရစ်သို့သွားကုန်၏။ ထိုခိုးသူကြီးသည်လည်း ပြေး၍ ထိုပစ္စန္တရာဇ်၌ နေ၏။ ထိုကချေသည်တို့သည် ထိုအရပ်၌ပွဲသဘင်ပြုကုန်လျက်။ ။

(၅၇၆)ယံ-န္တံ ဝသန္တသမယေ၊ကဏဝေရေသု ဘာဏုသု။

သာမံ ဗာဟာယ ပီဠေသိ၊သာ တံ အာရောဂျမဗြဝိ။ ။

ဟူသောဤပဌမဂါထာကိုဆို၏။ ။

(၅၇၆)ဝဿန္တ-သမယေ၊ ဝဿန္တအခါ၌။ ဘာဏူသု၊ နီသော အရောင်အဆင်းနှင့်ပြည့်စုံကုန်သော။ ကဏဝေရေသု၊ ကုလားဇလပ်ပန်းချုံတို့၌။ ယန္တံသာမံ၊ အကြင်သာမာကို။ ဗာဟာယ၊ မောင်းဖြင့်။ ပီဠေသိ၊ ကြိတ်နှိပ်၏။ သာ၊ ထိုသာမာသည်။ တံ၊ အရှင်သားကို။ အာရောဂျံ၊ အနာကင်းသည့်အဖြစ်ကို။ အဗြဝိ၊ ကြားမှာလိုက်၏။ ။

ခိုးသူကြီးသည် ထိုစကားကိုကြား၍ ကချေသည်သို့ကပ်၍သင်သည် သာမာသည်ရှင်သေး၏ဟုဆို၏။ ငါမယုံဟုကချေသည်နှင့်စကားပြောဆိုလိုရကား။ ။

(၅၇၇)အမ္ဘော န ကိရ သဒ္ဓေယျံ၊ယံ ဝါတော ပဗ္ဗတံ ဝဟေ။

ပဗ္ဗတဉ္စေ ဝဟေ ဝါတော၊သဗ္ဗမ္ပိ ပထဝိံ ဝဟေ။

ယတ္ထ သာမာ ကာလကတာ၊သာ မံ အာရောဂျမဗြဝိ။ ။

ဟူသောဤဒုတိယဂါထာကိုဆို၏။ ။

(၅၇၇)အမ္ဘောနဋ၊ အိုကချေသည်။ ယတ္ထသာမာ၊ယာနာမသာမာ၊ အကြင်သာမာအမည် ရှိသောမိန်းမသည်။ ကာလံကတာ၊ သေလေပြီ။ သာ၊ ထိုသေလေပြီးသော သာမာသည်။ မံ၊ ငါ့ကို။ အာရောဂျံ၊ အနာကင်းသည့်အဖြစ်ကို။ အဗြဝိ၊ ကြား၏။ ဣဒံဝစနံ၊ ဤစကားသည်။ နသဒ္ဓေယျံကိရ၊ မယုံကြည်အပ်သော စကားဖြစ်သတတ်။ ယံဝါတော၊ အကြင်လေသည်။ ပဗ္ဗတံ၊ တောင်ကို။ ဝဟေ၊ မှုတ်လွှင့်ဆောင်သွားရာ၏။ သောဝါတော၊ ထိုလေသည်။ ပဗ္ဗတဉ္စေဝ၊ တောင်ကို၎င်း။ သဗ္ဗမ္ပိပထဝိံ၊ အလုံးစုံသောမြေကို၎င်း။ ဝဟေ၊ မှုတ်လွှင့်ဆောင်သွား၏။ ဧတံဝစနံယထာ၊ ဤစကားကဲ့သို့။ တထာ၊ ထို့အတူ။ ဣဒံ၊ ဤသာမာအနာကင်းသေး၏ ဟူသောစကားသည်။ နသဒ္ဓေယျံကိရ၊ မယုံကြည်အပ်သော စကားဖြစ်သတတ်။ ကိံကာရဏာ၊ အဘယ့်ကြောင့်နည်းဟူမူကား။ မတာနာမ၊ သေပြီးသောသူမည်သည်။ ကတ္ထစိ၊ တစ်စုံတစ်ယောက်သောသူအား။ သာသနံ၊ သတင်းစကားကို။ နပေသေသိ၊ မစေနိုင်ပြီ။ ။

ကချေသည်သည်ခိုးသူကြီးစကားကိုကြား၍။ ။

(၅၇၈)န စေဝ သာ ကာလကတာ၊န စ သာ အည-မိစ္ဆတိ။

ဧက-ဘတ္တိကိနီ သာမာ၊တမေဝ-အဘိကင်္ခတိ။ ။

ဟူသောဤတတိယဂါထာကိုဆို၏။ ။

(၅၇၈)သာ၊ ထိုသာမာသည်။ နစေဝကာလံကတာ၊ မသေသလျှင်ကတည်း။ သာ၊ ထိုသာမာသည်။ အညံ၊ တစ်ပါးသောလင်ကို။ နစဣစ္ဆတိ၊ အလိုမရှိ။ သာမာ၊ သာမာသည်။ ဧကဘတ္တိကိနီ၊ နှစ်ထပ်သောထမင်းကိုမစားတစ်ထပ်ထည်းသောထမင်းကိုသာစားသည်ဖြစ်၍။ တမေဝ၊ ထိုအရှင်သားကိုလျှင်။ အဘိကင်္ခတိ၊ တတောင့်တတရှိ၏။ ။

ခိုးသူကြီးသည် ထိုစကားကိုကြား၍ သာမာသည် ရှင်သည်မူလည်းဖြစ်စေ၊ သေသည်မူလည်းဖြစ်စေ၊ သာမာဖြင့်ငါအလိုမရှိဟုဆို၍။ ။

(၅၇၉)အ-သန္ထုတံမံ စိရ-သန္ထုတေန၊နိမီနိ သာမာ အဓုဝံ ဓုဝေန။

မယာပိ သာမာ နိမိနေယျ အညံ၊ဣတော အဟံ ဒူရတရံ ဂမိဿံ။ ။

ဟူသောဤစတုတ္ထဂါထာကိုဆို၏။ ။

(၅၇၉)သာမာ၊ သာမာသည်။ အ-သန္ထတံ၊ မပေါင်းပေါ်ဖူးသော။ မံ၊ ငါ့ကို။ စိရသန္ထတေန၊ ကြာမြင့်စွာပေါင်းပေါ်သောသူဋ္ဌေးသားဖြင့်။ နိမိနိ၊ လဲလှယ်၍ယူ၏။ အဓုဝံ၊ မမြဲသောငါ့ကို။ ဓုဝေန၊ မြဲသောလက်ဖြင့်။ နိမိနိ၊ လဲလှယ်၍ယူ၏။ သာမာ၊ သာမာသည်။ မယာပိ၊ ငါဖြင့်လည်း။ အညံ၊ တစ်ပါးသောလင်ကို။ နိမိနေယျ၊ လဲလှယ်၍ယူရာ၏။ အဟံ၊ ငါသည်။ ဣတော၊ ဤအရပ်မှ။ ဒူရတရံ၊ အလွန်ဝေးသောအရပ်သို့။ ဂမိဿံ၊ သွားအံ့။ ။

ငါ တစ်ပါးသောအရပ်သို့သွားသောအဖြစ်ကို သာမာအားပြောကြကုန်ဟုဆို၍။ ထိုကချေသည်တို့၏မြင်စဉ်လျှင် အလွန်မြဲစွာပုဆိုးကို ဝတ်၍စွာမြန်သောအဟုန်ဖြင့်ပြေး၏။ ကချေသည်တို့သည်သွား၍ခိုးသူကြီးပြုသောအမူအရာကိုသာမာအားပြောဆိုကုန်၏။ သာမာသည်နှလုံးမသာ၍ မိမိသဘောဖြင့်လျှင်ကာလကိုလွန်စေ၏။ ။

(ယန္တံ၌တံအနက်မရှိ။ ယံ-တွံရှိမူ၊ တွံ၊ အရှင်သားသည်။ ယံသာမံ၊ အကြင်သာမာကိုပေး။ ။ ကဏဝိရေသုလိုလျက်ဂါထာဖြစ်၍၊ဣ,ကိုဧး,ရေးသည်။ ။ အဘိဓာန်၌ကား။ ကရဝီရောဿမာရကော,ဟုဆို၏။ ။

ဒွယံကရဝီရေ။ ကုစ္ဆိတံရဝန္တိအဿာယေနကရဝီရော၊ဤရော။ အဿေမာရေတိတဿမာရကော။ ။ ၎င်းဋီကာ။ ။ သာမာ၊ သာမာသည်။ ဧကဘတ္တံ၊ တစ်ယောက်သောလင်ကို။ ကိနိ၊ ဝယ်၏၊ ဟုယောဇနာသည်ကားမသင့်။ ။ ဘတ္တုသဒ္ဒါလင်ဟော။ ဒုတိယန္တ ဖြစ်မှု၊ဘတ္တာရံ,နေသင့်၏။ ဘတ္တံ, မသင့်။ ဒွေဘတ္တာနိနဘုဉ္ဇတိ, ဟူသောရှေးစကားကိုထောက်၍၊တစ်ထပ်ထည်းသောထမင်းကိုသာစားသည်၊ယောဇနာသည်)။ ။

ကဏဝေရဇာတကံ အဋ္ဌမံ။၃၁၈။၊