နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ ယောဝေကာလေ အသမ္ပတ္တေ,အစရှိသောဂါထာပုဒ်ဖြင့် တန်းဆာဆင်အပ်သော ဤကောကာလိကဇာတ်ကို၊ ဇေတဝန်ကျောင်းကြီး၌သီတင်းသုံးနေတော်မူစဉ်၊ ကောကာလိကကိုအကြောင်းပြု၍ဟောတော်မူ၏။ ။
မင်းသည်ဘုရားလောင်းကိုအဆွေ၊ ဤအကြောင်းကားအသို့နည်းဟုမေး၏။ ဘုရားလောင်းသည်ငါကားမင်းကိုမြစ်အံ့သောငှါ တစ်ခုသောဥပမာကိုရှာ၏။ ယခုထိုဥပမာကိုငါရပြီဟုကြံ၍၊ မြတ်သောမင်းကြီးအလွန်နှုတ်ကြမ်းကုန်သော စကားများကုန်သောသူတို့သည် ဤသို့သဘောရှိသော ဆင်းရဲကို ရကုန်၏။ မြတ်သောမင်းကြီး ဤဥဩငယ်သည် အတောင်မရောက်သေး၊ အခါမဟုတ်မီကလျှင် ဥဩသံကို မည်၏။ ထို့ကြောင့်ဤဥသြငယ်ကို ကျီးမသည် ဤငှက်ကား ငါ့သားမဟုတ်ဟုသိ၍ နှုတ်ဖြင့်ထိုးသတ်၍အသိုက်မှချ၏။ လူဖြစ်စေ တိရစ္ဆာန်ဖြစ်စေ အခါမဟုတ်သည်၌ စကားများကုန်သော သူတို့သည် ဤသို့သဘောရှိသော ဆင်းရဲကိုရကုန်၏ဟုဆို၍။ ။
(၆၂၈)ယော ဝေ ကာလေ အ-သမ္ပတ္တေ၊အတိဝေလံ ပဘာသတိ။
ဧဝံ သော နိဟတော သေတိ၊ကောကိလာယိဝ အတြဇော။ ။
(၆၂၉)န ဟိ သတ္ထံ သုနိသိတံ၊ဝိသံ ဟလာဟလာမိဝ။
ဧဝံ နိက္ကဍ္ဎေ ပါတေတိ၊ဝါစာ ဒုဗ္ဘာသိတာ ယထာ။ ။
(၆၃၀)တသ္မာ ကာလေ အ-ကာလေဝါ၊ဝါစံ ရက္ခေယျ ပဏ္ဍိတော။
နာတိဝေလံ ပဘာသေယျ၊အပိ အတ္တသမမှိ ဝါ။ ။
(၆၃၁)ယော စ ကာလေ မိတံ ဘာသေ၊မတိ-ပုဗ္ဗော ဝိစက္ခဏော။
သဗ္ဗေ အမိတ္တေ အာဒေတိ၊သုပဏ္ဏော ဥရဂါမိဝ။ ။
ဟူသောဤလေးဂါထာတို့ကိုဆို၏။ ။
(၆၂၈-၆၃၁)မဟာရာဇ၊ မြတ်သောမင်းကြီး။ ယော၊ အကြင်သူသည်။ ဝေ၊ စင်စစ်။ ကာလေ၊ မိမိ၏စကားကိုဆိုရာကာလသည်။ အသမ္ပတ္တေ၊ မရောက်မီ။ ပဘာသတိ၊ စကားဆိုတတ်၏။ အတိဝေလံ၊ အပိုင်းအခြားကိုလွန်၍မူလည်း။ ပဘာသတိ၊ ဆိုတတ်၏။ ကောကိလာယ၊ ဥဩမ၏။ အတြဇော၊ သားသည်။ နိဟတော၊ သေ၍။ သေတိဣဝ၊ အိပ်ရသကဲ့သို့။ ဧဝံတထာ၊ ထို့အတူ။ သော၊ ထိုသူသည်။ နိဟတော၊ သေ၍။ ဝါ၊ ရန်သူတို့ဖျက်ဆီးအပ်သည်ဖြစ်၍။ သေတိ၊ အိပ်ရ၏။ ။
ဒုဗ္ဘာသိတာ၊ မကောင်းသဖြင့်ဆိုအပ်သော။ ဝါစာ၊ စကားသည်။ ဟလာဟလံ၊ လတ်တလောသေစေတတ်သော။ ဝိသံဣဝ၊ အဆိပ်ကဲ့သို့။ နိကဍ္ဎေတသ္မိံ ယေဝခဏေအပ္ပမတ္တကေကာလေ၊ ထိုစကားဆိုစဉ်ခဏ မမြင့်မကြာအနည်းငယ်သော ကာလ၌လျှင်။ ပါတေတိယထာ၊ သတ်သကဲ့သို့။ ဧဝံတထာ၊ ထို့အတူ။ သုနိသိတံ၊ ကောင်းစွာသွေးအပ်သော။ သတ္ထံ၊ ဓားလက်နက်သည်။ နပါတေတိ၊ မသတ်တတ်သေး။ (ဟိ,အနက်မရှိ)။ ။
တသ္မာ၊ ထိုသို့ကောင်းစွာသွေးအပ်သောဓားလက်နက်လတ်တလောသေစေတတ်သောအဆိပ်ထက်လည်း လျင်မြန်စွာမကောင်းသဖြင့် ဆိုအပ်သောစကား၏သာလျှင် သတ်တတ်သည်၏အဖြစ်ကြောင့်။ ကာလေ၊ ဆိုခြင်းငှါလျောက်ပတ်သောကာလ၌လည်း။ ပဏ္ဍိတော၊ ပညာရှိသည်။ ဝါစံ၊ စကားကို။ ရက္ခေယျ၊ စောင့်ရာ၏။ အတိဝေလံ၊ အပိုင်းအခြားကိုလွန်၍။ နပဘာသေယျ၊ မဆိုရာ။ အကာလေဝါ၊ အခါမဟုတ်သည်၌မူလည်း။ ဝါစံ၊ စကားကို။ ရက္ခေယျ၊ စောင့်ရာ၏။ အတ္တသမမှိ၊ မိမိနှင့်တူမျှသော။ ပုဂ္ဂလေအပိဝါ၊ ပုဂ္ဂိုလ်အထံ၌သော်လည်း။ ဝါစံ၊ စကားကို။ ရက္ခေယျ၊ စောင့်ရာ၏။ ။
စ၊ အထူးကိုဆိုဦးအံ့။ သုပဏ္ဏော၊ ဂဠုန်မင်းသည်။ ဥရဂံ၊ နဂါးကို။ အာဒေတိဣဝ၊ ဖမ်းယူ၏သို့။ ဧဝံတထာ၊ ထို့အတူ။ မတိပုဗ္ဗော၊ သင့်မသင့် လျော်မလျော်ကို ပညာ ဉာဏ်စွမ်းရှေးဦးစူးစမ်း၍ဆိုလေ့ရှိသော။ ယောဝိစက္ခဏော၊ ဉာဏ်ဖြင့်စိစစ်စူးစမ်း၍ အကျိုးအကြောင်းကိုကြံလေ့ရှိသောအကြင်ပုဂ္ဂိုလ်သည်။ ကာလေ၊ လျောက်ပတ်သောကာလ၌။ မိတံ၊ မယုတ်မလွန်စေရနှိုင်းယှဉ်အပ်သောစကားကို။ ဘာသေ၊ ဆိုတတ်၏။ သောဝိစက္ခဏော၊ ဉာဏ်ဖြင့် စိစစ်စူးစမ်း၍ အကျိုးအကြောင်းကို ကြံလေ့ရှိသော ထိုပုဂ္ဂိုလ်သည်။ သဗ္ဗေ၊ ကုန်အောင်စုံကုန်သော။ အမိတ္တေ၊ ရန်သူတို့ကို။ အာဒေတိ၊ ဖမ်းယူနိုင်၏(မိမိအလိုအာဏာ၌တည်စေနိုင်၏ဟူလို)။ ။
ကောကာလိကဇာတကံ ပဌမံ။၃၃၁။
နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ အပိဟန္တွာဟတောဗြူတိ, အစရှိသောဂါထာပုဒ်ဖြင့် တန်းဆာဆင်အပ်သော ဤရထလဋ္ဌိဇာတ်ကို၊ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ်၊ ကောသလမင်း၏ ပုရောဟိတ်ကိုအကြောင်းပြု၍ဟောတော်မူ၏။ ။
အထူးကား ဤအတိတ်၌ ပုရောဟိတ်သည် မင်းအားကြားလျှောက်သည်ရှိသော်၊ မင်းသည်ကိုယ်တိုင် တရားဆုံးဖြတ်သော အရာ၌နေ၍လှည်းနှင့် ယောက်ျားတို့ကိုခေါ်စေ၍ အမှုကိုမသုတ်သင် မစိစစ်မူ၍လျှင် သင်တို့သည်ငါ့ပုရောဟိတ်ကိုရိုက်၍ နဖူး၌ဖူးဖူးရောင်စေ၏,ဟု-ဆို၍ထို လှည်းနှင့်ယောက်ျားတို့၏ အလုံးစုံသောဥစ္စာကို သိမ်းဆည်းခြင်းကို ပြုကြကုန်ဟုဆို၏။ ထိုမင်းကိုဘုရားလောင်းသည်၊ မြတ်သောမင်းကြီး၊ သင်မင်းကြီးတို့သည်အမှုကိုမသုတ်သင်မစိစစ်မူ၍ ထိုလှည်းနှင့်ယောက်ျားတို့၏ အလုံးစုံသောဥစ္စာကို ယူစေကုန်၏။ အချို့သောသူတို့သည် မိမိသည်မိမိသည်ပင်လျှင် မိမိကိုယ်ကိုသတ်၍ သူတစ်ပါးသတ်သည်ဟုဆို ကုန်ရာ၏။ ထို့ကြောင့်မစိစစ်မူ၍ပြုခြင်းငှါမသင့်။ မင်းပြုသောသူသည် သုတ်သင်စိစစ်၍အမှုကိုပြုခြင်းငှါသင့်၏ဟုဆို၍။ ။
(၆၃၂)အပိ ဟန္တွာ ဟတော ဗြူတိ၊ဇေတွာ ဇိနောတိ ဘာသတိ။
ပုဗ္ဗမက္ခာယိနော ရာဇ၊အညဒတ္ထု န သဒ္ဒဟေ။ ။
(၆၃၃)တသ္မာ ပဏ္ဍိတ-ဇာတိယော၊သုဏေယျ ဣတရဿပိ။
ဥဘိန္နံ ဝစနံ သုတွာ၊ယထာ ဓမ္မော တထာ ကရေ။ ။
(၆၃၄)အလသော ဂိဟီ ကာမဘောဂီ န သာဓု၊အ-သညတော ပဗ္ဗဇိတော န သာဓု။
ရာဇာ န သာဓု အနိသမ္မ-ကာရီ၊ယော ပဏ္ဍိတော ကောဓနော တံ န သာဓု။ ။
(၆၃၅)နိသမ္မ ခတ္တိယော ကယိရာ၊နာနိသမ္မ ဒိသံပတိ။
နိသမ္မကာရိနော ရာဇ၊ယသော ကိတ္တိ စ ဝဍ္ဎတိ။ ။
ဟူသောဤလေးဂါထာတို့ကိုဆို၏။ ။
(၆၃၂-၆၃၅)ရာဇ၊ မြတ်သောမင်းကြီး။ ဧကော၊ အချို့သောသူသည်။ အပိ၊ စင်စစ်။ ဟန္တွာ၊ မိမိကိုယ်ကိုမိမိသတ်၍။ ဟတော၊ ဤမည်သောသူသည်ကျွန်ုပ်ကိုသတ်အပ်၏ဟု။ ဗြူတိ၊ ဦးအောင်ဆိုတတ်၏။ (ဟန္တာရှိမူ။ အပိ၊ စင်စစ်။ ဟန္တာ၊ သူတစ်ပါးကိုမိမိသတ်တတ်သောကတ္တားဖြစ်လျက်။ ဟတော၊ အသူသည်ကျွန်ုပ်ကိုသတ်အပ်၏ဟု။ ဗြူတိ၊ ဦးအောင်ဆိုတတ်၏။ ဟုပေး)။ ဇေတွာ၊ မိမိသည်သူတစ်ပါးကိုအောင်၍။ ဇိနောတိ၊ သူတစ်ပါးသည်ငါ့ကိုအောင်အပ်၏ဟု။ ဘာသတိ၊ ဆို၏။ ပုဗ္ဗအက္ခာယိနော၊ ရှေးဦးစွာလျှင် မင်းထံသို့ကပ်၍ပြောကြားတတ်သောသူ၏။ ဝစနံ၊ စကားကို။ အညဒတ္ထု ဧကံသေန၊ စင်စစ်အားဖြင့်။ နသဒ္ဒဟေ၊ မယုံကြည်ရာ။ ။
တသ္မာ၊ ထိုသို့ရှေးဦးစွာကပ်၍ပြောကြားတတ်သောသူ၏ စကားကိုစင်စစ်အားဖြင့်မယုံကြည်ရာသည်၏အဖြစ်ကြောင့်။ ပဏ္ဍိတဇာတိယော၊ ပညာရှိစစ်ဖြစ်သောတရားသူကြီးသည်။ ဣတရဿပိ၊ အမှုသည်တစ်ဦး၏လည်း။ ဝစနံ၊ စကားကို။ သုဏေယျ၊ နာခံရာ၏။ ဥဘိန္နံ၊ အမှုသည်နှစ်ဦးတို့၏။ ဝစနံ၊ နှစ်ပြင်သောစကားဆိုကို။ သုတွာ၊ ကြားပြီး၍။ ယထာ၊ အကြင်သို့သောအခြင်းအရာအားဖြင့်။ ဓမ္မော၊ ဆုံးဖြတ်သော ဓမ္မသတ် တရားသဘောသည်။ ဌိတော၊ တည်၏။ တထာ၊ ထိုဆုံးဖြတ်အပ်ဆုံးဖြတ်ကြောင်းဖြစ်သောတရားသဘောအတိုင်း။ ဝါ၊ တရားသဘောဖြင့်။ ကရေ၊ အရှုံးအနိုင်ဆုံးဖြတ်ရာ၏။ ။
ကာမဘောဂီ၊ ကာမစည်းစိမ်ကိုခံစားသော။ ဂိဟိ၊ လူဖြစ်လျက်။ အလသော၊ ပျင်းရိသောသူသည်။ နသာဓု၊ မကောင်း။ ပဗ္ဗဇိတော၊ ရဟန်းပြုလျက်။ အသညတော၊ ကိုယ်နှုတ်နှလုံးမစောင့်စည်း သသူသည်။ နသာဓု၊ မကောင်း။ ရာဇာ၊ မင်းဖြစ်လျက်။ အနိသမ္မကာရီ၊ ယုတ္တာ ယုတ္တိရှိမရှိကိုမိမိဉာဏ်ဖြင့်ရှေးဦးမစုံစမ်းမဆင်ခြင်မူ၍ပြုလေ့ရှိမူ။ နသာဓု၊ မကောင်း။ ယောပဏ္ဍိတော၊ အကြင်ပညာရှိသည်။ ကောဓနော၊ အမျက်ထွက်လေ့ရှိ၏။ တဿ၊ ထိုပညာရှိလျက် အမျက်ထွက်လေ့ရှိသောသူ၏။ အာဒါနဂါဟီဝသေန၊ မိမိဉာဏ်အထင်ကို လျင်မြဲစွာ ယူလေ့ရှိသည်၏အစွမ်းဖြင့်။ တံကောဓနံ၊ ထိုအမျက်ထွက်ခြင်းသဘောသည်။ နသာဓု၊ မကောင်း။ ။
ခတ္တိယော၊ ရေမြေစိုးရဘဝရှင်ဖြစ်သောမင်းသည်။ နိသမ္မ၊ ပညာဉာဏ်စွမ်းဖြင့်စုံစမ်းဆင်ခြင်၍။ ကယိရာ၊ ပြုရာ၏။ ဒိသံပတိ၊ အရပ်မျက်နှာတို့၏အရှင်အဓိပတိဖြစ်သောမင်းသည်။ အနိသမ္မ၊ ပညာ ဉာဏ်စွမ်းဖြင့်မစူးစမ်းမဆင်ခြင်မူ၍။ နကယိရာ၊ တိုင်းရေးပြည်မှုကိုမပြု မစီရင်ရာ။ ရာဇ၊ မင်းမြတ်။ နိသမ္မကာရိနော၊ ပညာဉာဏ်စွမ်းဖြင့်စုံစမ်း မြော်ချင့်လျက်ဆင်ခြင်၍ပြုလေ့ရှိသောမင်း၏။ ယသော၊ စည်းစိမ်အခြံအရံသည်၎င်း။ ကိတ္တိစ၊ ကျေးဇူးသတင်းကျော်စောခြင်းသည်၎င်း။ ဝဍ္ဎတိ၊ ပွါးများ၏။ ။
မင်းသည်ဘုရားလောင်းစကားကိုကြား၍ တရားသဖြင့်ဆုံးဖြတ်သည်ရှိသော် ပုဏ္ဏားအားသာလျှင်အပြစ်သည်ဖြစ်၏။ ။
ရထလဋ္ဌိဇာတကံ ဒုတိယံ။၃၃၂။
နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ တဒေဝမေတွံ,အစရှိသောဂါထာပုဒ်ဖြင့် တန်းဆာဆင်အပ်သော ဤဂေါဓဇာတ်ကို၊ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေ တော်မူစဉ်၊ တစ်ယောက်သောသူကြွယ်ကိုအကြောင်းပြု၍ဟောတော်မူ၏။ ။
ဘုရားလောင်းသည်မိဘုရားကြီးအား ဆုလာဘ်ပေးခြင်းမြတ်နိုးတနာပြုစေလို၍ မင်း၏အထံ၌နေ၍။ ရှင်မ၊ ကျွန်ုပ်တို့သည် အရှင်မတို့၏အထံမှ တစ်စုံတစ်ခုကိုမရပါကုန်။ ရှင်မတို့သည်ကျွန်ုပ်တို့ကိုမကြည့်ကုန်ပြီလောဟုဆို၏။ ဘခင်ကျွန်ုပ်သည်လျှင် မင်း၏အထံမှ တစ်စုံတစ်ခုကိုမရ၊ ဘခင်အား အဘယ်ကိုပေးပါရအံ့နည်း။ မင်းသည်လည်း ယခုကျွန်ုပ်အား အဘယ်ကို ပေးလတ္တံ့နည်း။ တောမှလာ သောကာလ၌ ဖွတ်ကင်ကိုတစ်ယောက်ထည်းသာလျှင်စား၏ဟုဆို၏။ ရှင်မဤသို့မဆိုလင့်၊ မင်းသည်ဤသို့ မပြုပေရာဟု ဘုရားလောင်းဆို၏။ ထိုအခါဘုရားလောင်းကို မိဘုရားသည်။ ဘခင်၊ ထိုကာလဖြစ်သော အမှုသည် ဘခင်တို့အား မထင်ရှား။ ကျွန်ုပ်နှင့်မင်းအားသာလျှင် ထင်ရှား၏ဟုဆို၍။ ။
(၆၃၆)တဒေဝ မေ တွံ ဝိဒိတော၊ဝန-မဇ္ဈေ ရထေသဘ။
ယဿ တေ ခဂ္ဂ-ဗဒ္ဓဿ၊သန္နဒ္ဓဿ တိရီဋိနော။
အဿတ္ထ-ဒုမ-သာခါယ၊ပက္ကာဂေါဓါ ပလာယထ။ ။
ဟူသောဤပဌမဂါထာကိုဆို၏။ ။
ဤသို့မင်းပြုသောအပြစ်ကိုလူများအလယ်၌ထင်ရှားစွာပြု၍မိဘုရားဆို၏။ ဘုရားလောင်းသည် ထိုစကားကိုကြား၍။ ရှင်မ၊ မင်းသည် မချစ်သောကာလမှစ၍ နှစ်ယောက်သောသူတို့၏မချမ်းသာခြင်းကိုပြု၍အဘယ့်ကြောင့်ဤ၌နေသနည်းဟုဆို၍။ ။
(၆၃၇)နမေ နမန္တဿ ဘဇေ ဘဇန္တံ၊ကိစ္စာနုကုဗ္ဗဿ ကရေယျ ကိစ္စံ။
နာနတ္ထကာမဿ ကရေယျ အတ္ထံ၊အသမ္ဘဇန္တမ္ပိ န သမ္ဘဇေယျ။ ။
(၆၃၈)စဇေ စဇန္တံ ဝနထံ န ကယိရာ၊အပေတ-စိတ္တေန န သမ္ဘဇေယျ။
ဒိဇော ဒုမံ ခီဏ-ဖလံဝဉတွာ၊အညံ သမေက္ခေယျ မဟာ ဟိ လောကော။ ။
ဟူသောဤနှစ်ဂါထာတို့ကိုဆို၏။ ။
(၆၃၇-၆၃၈)ဒေဝိ၊ ရှင်မိဘုရား။ နမန္တဿ၊ နူးညံ့သောစိတ်ဖြင့် မိမိသို့ညွတ်သောသူအားသာလျှင်။ နမေ၊ အတုံ့ပြန်၍ညွတ်ရာ၏။ ဘဇန္တံ၊ နူးညံ့သောစိတ်ဖြင့် မိမိသို့ဆည်းကပ်သောသူသို့သာလျှင်။ ဘဇေ၊ အတုံ့ပြန်၍ ဆည်းကပ်ရာ၏။ ကိစ္စာနိ၊ မိမိ၌ပေါ်ထွက်သောအမှုကိစ္စတို့ကို။ ကြုဗ္ဗဿ၊ မှိုင်းမကြည့်ရှုပြုသောသူ၏သာလျှင်။ ကိစ္စံ၊ ကိစ္စကို။ ကရေယျ၊ ပြုရာ၏။ အနတ္ထကာမဿ၊ မိမိအစီးအပွါးကို အလိုမရှိသောသူ၏။ အတ္ထံ၊ အစီးအပွါးကို။ နကရေယျ၊ မပြုရာ။ အသမ္ဘဇန္တံပိ၊ မိမိသို့မဆည်းကပ်သောသူသို့လည်း။ နသမ္ဘဇေယျ၊ မဆည်းကပ်ရာ။ စဇန္တံ၊ မိမိကိုစွန့်သောသူကို။ စဇေ၊ စွန့်ရာ၏။ ။
တသ္မိံ၊ ထိုမိမိစွန့်ပစ်သောသူ၌,(ထည့်)။ ဝနထံတဏှာသ္နေဟံ၊ တဏှာအားဖြင့် ချစ်ခြင်းကို။ နကယိရာ၊ မပြုရာ။ အပေတစိတ္တေန၊ တပ်စွန်းခြင်းကင်းသောစိတ်ဖြင့်။ နသမ္ဘဇေယျ၊ မဆည်းကပ်ရာ။ ဒိဇော၊ ငှက်သည်။ ခီဏဖလံ၊ ကုန်သောအသီးရှိသော။ ဒုမံ၊ သစ်ပင်ကို။ ဉတွာ၊ သိ၍။ အညံ၊ အသီးရှိသောသစ်ပင်ကို။ သမေက္ခေယျဣဝ၊ ကြည့်ရာသကဲ့သို့။ တထာ၊ ထိုအတူ။ ခီဏရာဂံ၊ ကုန်ပြီးသောတပ်ခြင်းရှိသော။ ပုရိသံ၊ ယောက်ျားကို။ ဉတွာ၊ သိ၍။ အညံ၊ တစ်ပါးသော။ သေယျံ၊ မြတ်သောသူသို့။ ဥပဂစ္ဆေယျ၊ ကပ်ရာ၏။ ဟိသစ္စံ၊ မှန်၏။ လောကော၊ လောကဓာတ်သည်။ မဟာ၊ ကျယ်စွာ၏။ ။
မင်းသည်ဘုရားလောင်းဆိုတိုင်းဆိုတိုင်းမိဘုရားကျေးဇူးကိုအောက်မေ့၍။ ရှင်မ၊ ဤမျှလောက်သော ကာလပတ်လုံး သင့်ကျေးဇူးကိုငါမအောက်မေ့။ ပညာရှိ၏စကားဖြင့်အောက်မေ့၏။ ငါ၏အပြစ်ကိုသည်းခံလော့။ အလုံးစုံသော ဤမင်းအဖြစ်ကိုသင့်အားသာလျှင်ပေး၏ဟုဆို၍။ ။
(၆၃၉)သော တေ ကရိဿာမိ ယထာနုဘာဝံ၊ကတညုတံ ခတ္တိယော ပေက္ခမာနော။
သဗ္ဗဉ္စ တေ ဣဿရိယံ ဒဒါမိ၊ယဿိစ္ဆသီ တဿ တုဝံ ဒဒါမိ။ ။
ဟူသောဤစတုတ္ထဂါထာကိုဆို၏။ ။
(၆၃၉)ဒေဝိ၊ မိဘုရား။ ကတညုတံ၊ ကျေးဇူးသိသည်၏အဖြစ်ကို။ အပေက္ခမာနော၊ ရှုသော။ ခတ္တိယော၊ ရေမြေရှင်ဖြစ်သော။ သောအဟံ၊ ထိုငါသည်။ တေ၊ သင်အား။ ယထာနုဘာဝံ ယထာသတ္တိယထာဗလံ၊ အစွမ်းအလျောက်-အားအလျောက်။ ကရိဿာမိ၊ ပြုအံ့။ ယဿ၊ အကြင်စည်းစိမ်ကို။ တုဝံ၊ သင်သည်။ ဣစ္ဆသိ၊ အလိုရှိ၏။ တဿ၊ ထိုသင်အလိုရှိသောစည်းစိမ်ကို။ တေ၊ သင့်အား။ ဒဒါမိ၊ ပေး၏။ တေ၊ သင့်အား။ သဗ္ဗံ၊ အလုံးစုံသော။ ဣဿရိယဉ္စ၊ အစိုးရသည့်အဖြစ်ကိုလည်း။ ဒဒါမိ၊ ပေး၏။ ။
ဤသို့ဆို၍မင်းသည် မိဘုရားအား အလုံးစုံသောစည်းစိမ်ကိုပေး၏။ ဤပညာရှိသည်မိဘုရား၏ ကျေးဇူးကိုအောက်မေ့၏ဟုပညာရှိအားလည်း များစွာသောစည်းစိမ်ကိုပေး၏။ ။ ယဿတဿ၌၊ကမ္မတ္ထဆဋ္ဌီတည်း။ ထို့ကြောင့်။ ယံတွံဣစ္ဆသိတံဒဒါမိ၊ဟု-အဋ္ဌကထာဖွင့်သည်။ ။
ဂေါဓဇာတကံ တတိယံ။၃၃၃။
နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ ဂဝံစေတရမာနာနံ,အစရှိသောဂါထာပုဒ်ဖြင့် တန်းဆာဆင်အပ်သော ဤရာဇောဝါဒဇာတ်ကို၊ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ်၊ မင်းအား ဆုံးမခြင်းကိုအကြောင်းပြု၍ ဟောတော်မူ၏။ ။
ဗြဟ္မဒတ်မင်းသည်မြို့တွင်းမြို့ပ ဇနပုဒ်တို့၌လည်း မိမိကျေးဇူးမဲ့ကိုဆိုသောသူကိုမမြင်၊ မိမိကျေးဇူးစကားကိုသာ ကြားရ၍ ဟိမဝန္တာ၌ ကျေးဇူးမဲ့ကိုဆိုကုန်သလောဟု တောသို့ဝင်၍လှည့်လည်သော်၊ဘုရား လောင်း၏ကျောင်းသို့ရောက်၍ ဘုရားလောင်းကိုရှိခိုး၍ ပြုအပ်သောပဋိသန္ဓာရရှိသည်ဖြစ်၍တင့်အပ်လျောက်ပတ်စွာနေ၏။ ထိုအခါဘုရားလောင်းသည် တောမှ ပညောင်သီးမှည့်တို့ကို ဆောင်၍သုံးဆောင်၏။ ထိုပညောင်သီးမှည့်တို့သည် ချိုကုန်၏။ သကာ,သကြားမုံ့နှင့်တူကုန်၏။ ဘုရားလောင်းသည်မင်းကိုခေါ်၍၊ ဘုန်းကြီးသောဒါယကာ၊ ဤပညောင်သီးမှည့်ကိုစား၍ရေကိုသောက်လော့ဟုဆို၏။ မင်းသည်ဘုရားလောင်း ဆိုတိုင်းပြု၍ ဘုရားလောင်းကို၊ အရှင်ဘုရား၊ ဤပညောင်သီးမှည့်သည် အဘယ့်ကြောင့်အလွန်ချိုသနည်းဟုမေး၏။ ဘုန်းကြီးသောဒါယကာ၊ မင်းသည်တရားသဖြင့်မင်းပြု၏။ ထို့ကြောင့်ထိုပညောင်သီးမှည့်သည် ချို၏ဟုဆို၏။ အရှင်ဘုရား၊ မင်းတရားမစောင့်သောကာလ၌မချိုခြင်းသည် ဖြစ်သလောဟုမေး၏။ ဘုန်းကြီးသောဒါယကာ၊ ဆိုတိုင်းဟုတ်မှန်၏။ မင်းတို့သည် တရားမစောင့်ကုန်သည်ရှိသော် ဆီ,ပျား,တင်လဲ,အစရှိသည်တို့သည်၎င်း တောသစ်မြစ်သစ်သီးတို့သည်၎င်းမချိုကုန်။ အလုံးစုံသော တိုင်းသည်လည်းဩဇာမရှိသည်ဖြစ်၏။ မင်းတို့သည်တရားစောင့်ကုန်သည်ရှိသော်ခပ်သိမ်းသောအာဟာရတို့သည် ချိုကုန်၏။ သြဇာရှိကုန်၏။ အလုံးစုံသော တိုင်းသည်လည်း ဩဇာရှိသည်ဖြစ်၏ဟု ဆို၏။ မင်းသည် အရှင်ဘုရားမိန့်တော်မူတိုင်း ဖြစ်လတ္တံ့ဟုဆို၍၊ မိမိ၏မင်းအဖြစ်ကို မသိစေမူ၍သာလျှင် ဘုရားလောင်းကိုရှိခိုး၍ ဗာရာဏသီပြည်သို့သွား၍ ရသေ့၏စကားကိုစုံစမ်းအံ့ဟု အဓမ္မဖြင့်ပြု၍ ယခုသိရအံ့ဟု အနည်းငယ်သော ကာလကို လွန်စေ၍ ထိုကျောင်းသို့သွား၍ ထိုဘုရားလောင်းကိုရှိခိုး၍တင့်အပ်လျောက်ပတ်စွာနေ၏။ ဘုရားလောင်းသည်လည်းမင်းအား ရှေးအတူလျှင်ဆို၍ ပညောင်သီးမှည့်ကိုပေး၏။ ထိုပညောင်သီးမှည့်သည် ခါးသောအရသာရှိ၏။ မင်းသည် မချိုအရသာမရှိဟု တံတွေးနှင့်တကွထွေး၍၊ အရှင်ဘုရား၊ ခါး၏ဟုဆို၏။ ဘုရားလောင်းသည်၊ ဘုန်းကြီးသောဒါယကာ၊ မင်းသည် တရားမစောင့်သည်ဖြစ်လတ္တံ့။ မင်းတရားမစောင့်သောကာလ၌တော၌သစ်သီးကြီးငယ်ကိုအစပြု၍ အလုံးစုံသည်မချိုဩဇာမရှိသည်ဟုဆို၍။ ။
(၆၄၀)ဂဝဉ္စေ တရမာနာနံ၊ဇိမှံ ဂစ္ဆတိ ပုင်္ဂဝေါ။
သဗ္ဗာ တာ ဇိမှံ ဂစ္ဆန္တိ၊နေတ္တေ ဇိမှံ ဂတေ သတိ။ ။
(၆၄၁)ဧဝမေဝ မနုဿေသု၊ယော ဟောတိ သေဋ္ဌ-သမ္မတော။
သော စေ အဓမ္မံ စရတိ၊ပဂေဝ ဣတရာ ပဇာ။
သဗ္ဗံ ရဋ္ဌံ ဒုခံ သေတိ၊ရာဇာ စေ ဟောတိ အဓမ္မိကော။ ။
(၆၄၂)ဂဝဉ္စေ တရမာနာနံ၊ဥဇုံ ဂစ္ဆတိ ပုင်္ဂဝေါ။
သဗ္ဗာ တာ ဥဇုံ ဂစ္ဆန္တိ၊နေတ္တေ ဥဇုံ ဂတေ သတိ။ ။
(၆၄၃)ဧဝမေဝ မနုဿေသု၊ယော ဟောတိ သေဋ္ဌ-သမ္မတော။
သော သစေ ဓမ္မံ စရတိ၊ပဂေဝ ဣတရာ ပဇာ။
သဗ္ဗံ ရဋ္ဌံ သုခံ သေတိ၊ရာဇာ စေ ဟောတိ ဓမ္မိကော။ ။
ဟူသောဤလေးဂါထာတို့ကိုဆို၏။ ။
(၆၄၀-၆၄၃)မဟာပုည၊ ဘုန်းကြီးသောဒါယကာ။ တရမာနာနံ၊ မြစ်ကိုကူးကုန်သော။ ဂဝံ၊ နွားတို့တွင်။ ပုင်္ဂဝေါ၊ ရှေ့ဆောင်နွားလားသည်။ ဇိမှံ၊ ကောက်စွာ။ စေဂစ္ဆတိ၊ အကယ်၍သွားငြားအံ့။ နေတ္တေ၊ နွားအပေါင်းကို သိမ်းပိုက်၍ဆောင်တတ်သော ရှေ့ဆောင်နွားအကြီးဥသဘသည်။ ဇိမှံ၊ ကောက်စွာ။ ဂတေ၊ သွားသည်။ သတိ၊ ရှိသော်။ သဗ္ဗာ၊ ကုန်အောင်စုံသော။ တာ၊ ထိုနောက်လိုက်နွားမတို့သည်။ ဇိမှံ၊ ကောက်စွာ။ ဂစ္ဆန္တိဣဝ၊ သွားကုန်၏သို့။ ။
ဧဝမေဝ၊ ဤအတူလျှင်။ မနုဿေသု၊ လူတို့တွင်။ ယော၊ အကြင်မင်းသည်။ သေဋ္ဌသမ္မတော၊ အမြတ်ဟူ၍ သမုတ်အပ်သည်။ ဟောတိ၊ ဖြစ်၏။ သော၊ ထိုလူတွင်အမြတ် သမုတ်အပ်သော မင်းသည်။ အဓမ္မံ၊ ဆန္ဒာဂတိ စသည်သို့လိုက်သောအားဖြင့် တရားမဟုတ်သော အကျင့်ကို။ စေစရတိ၊ အကယ်၍ကျင့်အံ့။ ဣတရာ၊ လူတွင်အမြတ် သမုတ်အပ်သော မင်းမှတစ်ပါးသော။ ပဇာ၊ သတ္တဝါအပေါင်းသည်။ ပဂေဝ ပုရေတရမေဝ၊ ရှေးဦးစွာပင်လျှင်။ အဓမ္မံ၊ တရားမဟုတ်သော အကျင့်ကို။ စရတိ၊ ကျင့်တတ်ချေ၏။ ရာဇာ၊ မင်းသည်။ အဓမ္မိကော၊ အဂတိလေးပါးသို့ လိုက်သောအားဖြင့် တရားမစောင့်သည်။ စေဟောတိ၊ အကယ်၍ဖြစ်အံ့။ သဗ္ဗံ၊ ကုန်အောင်စုံသော။ ရဋ္ဌံ၊ တိုင်းသူပြည်သားအပေါင်းသည်။ ဒုခံ၊ ဆင်းရဲစွာ။ သေတိ၊ အိပ်ရ၏။ ။
တရမာနာနံ၊ မြစ်ကိုကူးကုန်သော။ ဂဝံ၊ နွားတို့တွင်။ ပုင်္ဂဝေါ၊ ရှေ့ဆောင် နွားလားသည်။ ဥဇုံ၊ ဖြောင့်စွာ။ စေဂစ္ဆတိ၊ အကယ်၍သွားငြားအံ့။ နေတ္တေ၊ နွားအပေါင်းကို သိမ်းပိုက်၍ဆောင်ယူတတ်သောရှေ့ဆောင်နွားအကြီးဥသဘသည်။ ဥဇုံ၊ ဖြောင့်စွာ။ ဂတေ၊ သွားသည်။ သတိ၊ ရှိသော်။ သဗ္ဗာ၊ ကုန်အောင်စုံသော။ ဂါဝီ၊ နွားမတို့သည်။ ဥဇုံ၊ ဖြောင့်စွာ။ ယန္တိဣဝ၊ သွားကုန်၏သို့။ ဧဝမေဝ၊ ဤအတူသာလျှင်။ မနုဿေသု၊ လူတို့တွင်။ ယော၊ အကြင်မင်းသည်။ သေဋ္ဌသမ္မတော၊ အမြတ်ဟူ၍သမုတ်အပ်သည်။ ဟောတိ၊ ဖြစ်၏။ သော၊ ထိုလူတွင်အမြတ် သမုတ်အပ်သောမင်းသည်။ ဓမ္မံ၊ တရားကို။ သစေစရတိ၊ အကယ်၍ကျင့်အံ့။ ဣတရာ၊ လူတွင်အမြတ် သမုတ်အပ်သော မင်းမှတစ်ပါးသော။ ပဇာ၊ သတ္တဝါအပေါင်းသည်။ ပဂေဝ ပုရေတရမေဝ၊ ရှေးဦးစွာပင်လျှင်။ ဓမ္မံ၊ တရားကို။ စရတိ၊ ကျင့်၏။ ရာဇာ၊ မင်းသည်။ ဓမ္မိကော၊ အဂတိလေးပါးကို ပယ်ရှား၍ တရားကျင့်သည်။ စေဟောတိ၊ အကယ်၍ဖြစ်အံ့။ သဗ္ဗံ၊ ကုန်အောင်စုံသော။ ရဋ္ဌံ၊ တိုင်းသူပြည်သား အပေါင်းသည်။ သုခံ၊ ချမ်းသာစွာ။ သေတိ၊ အိပ်ရ၏။ ။
ဂဝံ၌ဝေါသဒ္ဒါသည် ဥသဘနွားနှင့်တကွ နိဒ္ဓါရဏသမုဒါယဖြစ်၍ နွားပိုက် နွားမနှစ်ပါးကို ဟောသည်။ ပုင်္ဂဝေါဖြင့် နိဒ္ဓါရဏီယ ဥသဘနွားကိုယူပြီးရကား၊ နွားမအပေါင်းသာကျန်၍ သဗ္ဗာတာ,ဟု-ဣတ္ထိလိင်ဆိုသည်။ ။
ပရိဂ္ဂဟေတွာနေတီတိနေတ္တာ။ ။ ယောပုင်္ဂဝေါ၊ သည်။ သဗ္ဗာ၊ အလုံးစုံသော နွားမတို့ကို။ ပရိဂ္ဂဟေတွာ၊ သိမ်းပိုက်၍။ နေတိ၊ ဆောင်တတ်၏။ ဣတိတသ္မာ၊ ကြောင့်။ နေတ္တာ၊ နေတ္တုမည်၏။ ။ နေတ္တု သဒ္ဒါနောင်သ္မိ ဝိဘတ်ကိုဧပြု၍နေတ္တေပြီးသည်။ ။ နေတ္တုတောသ္မိမေ။ နေတ္တေဥဇုံဂတေ။ ဝါတိကိံ။ နေတ္တရိ။ ။ သဒ္ဒနီတိ။ ။ ပဂေဝဣတရာ ပဇာတိ ဣတရေသတ္တာ ပုရေတရမေဝ အဓမ္မံစရန္တီတိအတ္ထော။ ။ ဟု-အဋ္ဌကထာ ဖွင့်ရကား။ ဤ၌ပဂေဝပဂေါဧဝပုဒ်ဖြတ်၍ ပဂေါသဒ္ဒါဟူသည် ပုရေတရအနက်ကို ဟောသည်။ ပဂေဝ၊ အဘယ်ဆိုဖွယ် ရှိအံ့နည်းဟု ယောဇနာသောအနက်ကားအဖွင့်မရှိ။ ။ ပပေဝသာဝတ္ထိံ ပိဏ္ဍာယစရိတုံ၌ကား။ ပဂေဝပဂေါဧဝ၊ စောသေးသလျှင်ကတည်းဟု ပါတောအနက်ကို ဟောသည်မှတ်။ ဒုခံ၌ဆန်းကိုငဲ့၍ ဝိသံယောဂ။ သေတိပင်ဆိုသော်လည်း ပဋ္ဌာနနည်းယူ၍ ဣရိယာပုထ်လေးပါးကိုပင်ရသည်။ ထိုကြောင့်။ ။ စတူသုဣရိယာပထေသုသုခမေဝဟောတိ။ ။ ဟု-အဋ္ဌကထာမိန့်သော်။ ။
ရာဇောဝါဒဇာတကံ စတုတ္ထံ။၃၃၄။
နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ ဗြဟာပဝဍ္ဎကာယော,အစရှိသော ဂါထာပုဒ်ဖြင့်တန်းဆာဆင်အပ်သော ဤဇမ္ဗုကဇာတ်ကို၊ဇေတဝန်ကျောင်းတော်၌သီတင်းသုံးနေတော်မူစဉ်၊ ဒေဝဒတ်၏ ဘုရားအတုပြုခြင်းကို အကြောင်းပြု၍ ဟောတော်မူ၏။ ။
ခြင်္သေ့စားကြွင်းဖြင့် ဆူဖြိုးသောကိုယ်ရှိသည်၏အဖြစ်သို့ ရောက်သော ထိုမြေခွေးအားတစ်နေ့သ၌ မာနရှိသည်ဖြစ်၏။ ထိုမြေခွေးသည် ခြင်္သေ့သို့ကပ်၍၊ အရှင်၊ အကျွန်ုပ်သည်အခါခပ်သိမ်းအရှင်တို့၏အလုပ်အကျွေးကိုခံ၍ အရှင်တို့သည်အခါခပ်သိမ်းအမဲကိုဆောင်ယူ၍ အကျွန်ုပ်ကိုကျွေးမွေးကုန်၏။ ယနေ့အရှင်သည်ဤနေရာ၌လျှင်နေလော့၊ အကျွန်ုပ်တစ်ခုသောဆင်ကိုသတ်၍အသားကိုစား၍ အရှင်သို့ဆောင်ခဲ့အံ့ဟုဆို၏။ ခြင်္သေ့သည်၊ မြေခွေး၊ သင်သည်ထိုအမှုကိုမနှစ်သက်လင့်။ သင်သည်ဆင်ကိုသတ်၍အသားကိုစားသောအမျိုး၌မဖြစ်။ ငါသည်သင်အားဆင်ကိုသတ်၍ပေးအံ့။ ဆင်မည်သည်ကားကြီးသောကိုယ်ရှိ၏။ သင်သည် ဆင်ကိုမဖမ်းလင့်၊ ငါ့စကားကိုနားထောင်လော့ဟုဆို၏။ ။
(၆၄၄)ဗြဟာ ပဝဍ္ဎကာယော သော၊ဒီဃဒါဌော စ ဇမ္ဗုက။
န တွံ တတ္ထ ကုလေ ဇာတော၊ယတ္ထ ဂဏှန္တိ ကုဉ္ဇရံ။ ။
ဟူသောဤပဌမဂါထာကိုဆို၏။ ။
မြေခွေးသည် ခြင်္သေ့တားမြစ်လျက်လျှင် လိုဏ်မှထွက်၍ သုံးကြိမ်မြေခွေးသံကိုမြည်၍ တောင်ထိပ်၌ရပ်လျက် တောင်ခြေရင်းကို ကြည့်လတ်သော်၊ တောင်ခြေရင်းဖြင့် လာလတ်သော တစ်ခုသောမည်းသော ဆင်ကိုမြင်၍ခုန်၍ထိုဆင်၏ ဦးကင်း၌ကျအံ့ဟုလှိမ့်၍ဆင်း၍ ဆင်၏ခြေရင်း၌ကျ၏ ဆင်သည်ရှေ့ခြေကိုကြွ၍ မြေခွေး၏ဦးခေါင်းကို မုန့်မုန့်ကြေစေ၏။ မြေခွေးသည် ထိုအရပ်၌လျှင်ညည်းညူလျက် အိပ်၏။ ဆင်သည်ကြိုးကြာသံနှင့်တူသောအသံကိုမြည်လျက် ဖဲ၏။ ဘုရားလောင်းသည်သွား၍ တောင်ထိပ်၌ရပ်လျှင် ပျက်စီးခြင်းသို့ရောက်သော ထိုမြေခွေးကိုမြင်၍။ မိမိမာနကိုမှီ၍မြေခွေးသည်ပျက်စီး၏ဟု။ ။
(၆၄၅)အသီဟော သီဟ-မာနေန၊ယော အတ္တာနံ ဝိကုဗ္ဗတိ။
ကောဏ္ဍံဝ ဂဇမာသဇ္ဇ၊သေတိ ဘူမျာ အနုတ္ထုနံ။ ။
(၆၄၆)ယသဿိနော ဥတ္တမ-ပုဂ္ဂလဿ၊သဉ္ဇာတ-ခန္ဓဿ မဟဗ္ဗလဿ။
အသမေက္ခိယ ထာမ-ဗလူပပတ္တိံ၊သ သေတိ နာဂေန ဟတောယံ ဇမ္ဗုကော။ ။
(၆၄၇)ယော စီဓ ကမ္မံ ကုရုတေ ပမာယ၊ထာမဗ္ဗလံ အတ္တနိ သံဝိဒိတွာ။
ဇပ္ပေန မန္တေန သုဘာသိတေန၊ပရိက္ခဝါ သော ဝိပုလံ ဇိနာတိ။ ။
ဟူသောဤသုံးဂါထာတို့ကိုဆို၏။ ။
(၆၄၅-၆၄၇)အယံကုဏ္ဍော၊ ဤဉာဏ်တုံးသောမြေခွေးသည်။ အသီဟော၊ မိမိခြင်္သေ့မဟုတ်ဘဲလျက်။ သီဟမာနေန၊ ငါခြင်္သေ့ဟူသောမာနဖြင့်။ ဝါ၊ ခြင်္သေ့၏မာနကဲ့သို့သောမာနဖြင့်။ ဝိကုဗ္ဗန္တော၊ ဖောက်ပြန်၍ပြုလျက်။ (ထည့်)။ ဂဇံ၊ ဆင်ပြောင်ကို။ အာသဇ္ဇ၊ ထိပါး၍။ အနုတ္ထုနံအနုတ္ထုနန္တော၊ ညည်းညူလျက်။ ဘုမျာဘူမိယာ၊ မြေ၌။ သေတိဣဝ၊ အိပ်ရ၏သို့။ ဧဝံတထာ၊ ထို့အတူ။ အညော၊ မြေခွေးမှတစ်ပါးသော။ ဒုဗ္ဗလော၊ အားနည်းသော။ ယော၊ အကြင်သတ္တဝါသည်။ အတ္တာနံ၊ မိမိကိုယ်ကို။ ဝိကုဗ္ဗတိ၊ ဖောက်ပြန်၍ပြုအံ့။ ဗလဝတာ၊ အားရှိသောသတ္တဝါနှင့်တကွ။ ဝိဂ္ဂဟံ၊ ခိုက်ရန်ကို။ ကရောတိ၊ ပြုအံ့။ (ဝိကုဗ္ဗတိကိုဖွင့်သည်)။ သောပိ၊ ထိုမြေခွေးမှတစ်ပါးသောသတ္တဝါသည်လည်း။ ဧဝရူပေါဝ၊ ဤမြေခွေးကဲ့သို့ဆင်းရဲသို့ရောက်သောသဘောရှိသည်သာလျှင်။ ဟောတိ၊ ဖြစ်တတ်၏။ ။
(ဤဂါထာ၌၊ ကုဏ္ဍံဝ,ဟုရှိ၏သိင်္ဂါလောဝဟူသော အဋ္ဌကထာကိုထောက်လျှင် ကုဏ္ဍောဝ,လိုမည် ထင်သည်။ အကယ်၍ လိင်္ဂဝိပလ္လာသကြံမူကား မထောင်းတာ။ ကုဏ္ဍံဝပင်နေရာ၏။ ။ ကုဏ္ဍဝါရှိသည်ကားမသင့်။ ။ ဣဒံဝုတ္တံဟောတိယထာ အယံကုဏ္ဍောမဟန္တံဝေဒနံပတွာ အနုတ္ထုနန္တော ဘူမိယံသေတိ၊ဧဝံယော အညောဒုဗ္ဗလောဗလဝတာ ဝိဂ္ဂဟံကရောတိ၊ သောပိဧဝရူပေါဝဟေါတီတိ,ဟူသောအဋ္ဌကထာကိုမျှော်၍အဓိပ္ပါယ်ပေါ်အောင်အတ္ထယောဇနာသည်)။ ။ ယသဿိနောဣဿရိယဝတော၊ အစိုးရခြင်းရှိထသော။ ဥတ္တမပုဂ္ဂလဿ၊ ကာယဗလဉာဏဗလဖြင့်မြတ်သောပုဂ္ဂိုလ်ဖြစ်ထသော။ သဉ္ဇာတခန္ဓဿ၊ ကောင်းစွာတည်သောကြီးကျယ်သောပခုံးရှိထသော။ မဟဗ္ဗလဿ၊ ကြီးမားသောအားအစွမ်းရှိထသော။ သီဟဿ၊ ခြင်္သေ့၏။ (ထည့်)။ ထာမဗလူပပတ္တိံ၊ ခြင်္သေ့၏အစွမ်းအားခြင်္သေ့၏ဇာတ်ဟူသောဥပပါတ်ကို။ အသမေက္ခိယ၊ ဉာဏ်ဖြင့်မဆင်ခြင်မူ၍။ ဝါ၊ မသိမမြင်မူ၍။ အတ္တာနံ၊ မိမိကိုယ်ကို။ သီဟေန၊ ခြင်္သေ့နှင့်။ သဒိသံ၊ တူ၏ဟူ၍။ မညမာနော၊ မှတ်ထင်သော။ သသော အယံဇမ္ဗုကော၊ ထိုဆိုအပ်ပြီးသောဤမြေခွေးသည်။ နာဂေန၊ ဆင်ပြောင်သည်။ ဟတော၊ နင်းသတ်အပ်သည်ဖြစ်၍။ သေတိ၊ သေသောအိပ်ခြင်း စင်းစင်းအိပ်ရာ၏။ ။
စ၊ အထူးကိုဆိုအံ့။ ဣဓလောကေ၊ ဤလူ့ ရွာ၌။ ပရိက္ခဝါ၊ ဆင်ခြင်စူးစမ်းတတ်သော ဉာဏ်ပညာနှင့်ပြည့်စုံသော။ ယော၊ အကြင်ပုဂ္ဂိုလ်သည်။ အတ္တနိ၊ မိမိ၌။ ထာမဗလံ၊ ထင်ရှားရှိသောကိုယ်အစွမ်း ဉာဏ်အစွမ်းကို။ သံဝိဒိတွာ၊ ငါ၌ဤရွေ့ဤမျှသောကိုယ်စွမ်းဉာဏ်စွမ်းရှိ၏ဟုသိပြီး၍။ ဇပ္ပေန၊ မန္တရားမန္တန် စိပ်သဖြင့်၎င်း။ မန္တေန၊ တစ်ပါးသော ပညာရှိတို့နှင့်နှိုင်းညှိတိုင်ပင်သဖြင့်၎င်း။ သုဘာသိတေန၊ သစ္စာအစရှိသော ကျေးဇူးနှင့်ယှဉ်သော အပြစ်ကင်းသော စကားကောင်းဖြင့်၎င်း။ ပမာယပမိနိတွာ၊ စူးစူးစမ်းစမ်းနှိုင်းနှိုင်းယှဉ်ယှဉ်ပြု၍။ ကမ္မံ၊ ပြုဖွယ်ကိစ္စဟူသမျှကို။ ကုရုတေ၊ ပြုတတ်၏။ သောတာဒိသော၊ ထိုသို့သောသဘောရှိသောသူသည်။ ဝိပုလံ၊ ပြန့်ပြောကြီးကျယ် ထူးမြတ်သောအကျိုးကို။ ဇိနာတိ၊ အောင်နိုင်၏။ ဝါ၊ ရ၏။ ။
ထာမသင်္ခါတံဗလံထာမဗလံ၊ပြု၍ ထာမနှင့်ဗလအတ္ထ တူသည်။ ခြင်္သေ့၏ဇာတိကိုဥပပတ္တိဆိုသည်။ ။
ဇမ္ဗုကဇာတကံ ပဉ္စမံ။၃၃၅။
နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ တိဏံတိဏံ, အစရှိသောဂါထာပုဒ်ဖြင့် တန်းဆာဆင်အပ်သော ဤဗြဟာဆတ္တဇာတ်ကို၊ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ်၊ အံ့ဘွယ်သရဲကိုဖြစ်စေတတ်သော ရဟန်းတစ်ပါးကိုအကြောင်းပြု၍ဟောတော်မူ၏။ ။
ထိုအခါဗာရာဏသီမင်းအားရသေ့တို့သည် ဥယျာဉ်မှဥစ္စာကိုယူ၍ ပြေးကုန်၏ဟုကြားလျှောက်ကုန်၏။ ဗာရာဏသီမင်းသည်ဥယျာဉ်သို့သွား၍ အိုးတို့ကိုဖွင့်စေ၍ မြက်တို့ကိုသာလျှင်မြင်၏။ ဗာရာဏသီမင်းအား ဥစ္စာတို့ကိုအမှီပြု၍ကြီးစွာသောစိုးရိမ်ခြင်းသည်ဖြစ်၏။ ဗာရာဏသီမင်းသည် မြို့သို့သွား၍ မြက်သာလျှင်တည်း မြက်သာလျှင်တည်းဟု မြည်လျက်သွား၏။ ထိုမင်း၏သောကကိုငြိမ်းစိမ့်သောငှါ တစ်စုံတစ်ယောက်သောသူသည်မတတ်နိုင်။ ဘုရားလောင်းသည် မင်းကား ကြီးစွာသော စိုးရိမ်ခြင်းရှိ၍မြည်တမ်းလျက်သွား၏။ ငါ့ကိုထား၍ငါမှတစ်ပါး တစ်စုံတစ်ယောက်သောသူသည် ဤမင်း၏စိုးရိမ်ခြင်းကိုပယ်အံ့သောငှါမတတ်နိုင်။ ငါသည်မင်းအားစိုးရိမ်ခြင်းမရှိသည်ကိုပြုအံ့ဟုကြံ၏။ ကြံပြီး၍ထိုဘုရားလောင်းသည် တစ်နေ့သ၌ မင်းနှင့်တကွ ချမ်းသာစွာနေလျက် မင်းသည်မြည်တမ်းသောကာလ၌။ ။
(၆၄၈)တိဏံ တိဏန္တိ လပသိ၊ကော နု တေ တိဏမာဟရိ။
ကိံ နု တေ တိဏကိစ္စတ္ထိ၊တိဏမေဝ ပဘာသသိ။ ။
ဟူသောဤပဌမဂါထာကိုဆို၏။ ။
ထိုစကားကိုကြား၍မင်းသည်။ ။
(၆၄၉)ဣဓာဂမာ ဗြဟ္မ-စာရီ၊ဗြဟာ ဆတ္တော ဗဟုဿုတော။
သော မေ သဗ္ဗံ သမာဒါယ၊တိဏံ နိက္ခိပ္ပ ဂစ္ဆတိ။ ။
ဟူသောဤဒုတိယဂါထာကိုဆို၏။ ။
ထိုစကားကိုကြား၍ဘုရားလောင်းသည်။ ။
(၆၅၀)ဧဝေတံ ဟောတိ ကတ္တဗ္ဗံ၊အပ္ပေန ဗဟုမိစ္ဆတာ။
သဗ္ဗံ သကဿ အာဒါနံ၊အနာဒါနံ တိဏဿ စ။
စာဋီသု ပက္ခိပိတွာန၊တတ္ထ ကာ ပရိဒေဝနာ။ ။
ဟူသောဤတတိယဂါထာကိုဆို၏။ ။
မင်းသည်ထိုစကားကိုကြား၍။ ။
(၆၅၁)သီလဝန္တော န ကုဗ္ဗန္တိ၊ဗာလော သီလာနိ ကုဗ္ဗတိ။
အနိစ္စ-သီလံ ဒုဿီလျံ၊ကိံ ပဏ္ဍိစ္စံ ကရိဿတိ။ ။
ဟူသောဤစတုတ္ထဂါထာကိုဆို၏။ ။
(၆၅၁)ပဏ္ဍိတ၊ ပညာရှိ။ သီလဝန္တော၊ သီလရှိသောသူတို့သည်။ ဧဝရူပံ၊ ဤသို့သဘောရှိသောယုတ်မာသောအမှုကို။ နကြုဗ္ဗန္တိ၊ မပြုကုန်။ ဗာလော၊ မကောင်းသောအကျင့်ရှိသောသူမိုက်သည်။ ဧဝရူပါနိ၊ ဤသို့သဘောရှိကုန်သော။ သီလာနိ၊ မိမိ၏ အနာစာရဟုဆိုအပ်သော အလေ့အကျင့်တို့ကို။ ကြုဗ္ဗတိ၊ ပြု၏။ အနိစ္စသီလံ၊ မမြဲသောသီလရှိသော။ ဒုဿိလျံ၊ သီလမရှိသောသူကို။ ပဏ္ဍိစ္စံ၊ ဗာဟုဿစ္စဖြင့်ထုံအပ်သောပညာရှိသည်၏အဖြစ်သည်။ ကိံကရိဿတိ၊ အဘယ်ကိစ္စကို ပြုလတ္တံ့နည်း။ ဝါ၊ အကျိုးကိုပြည့်စုံစေလတ္တံ့နည်း။ ။
ဒုဿီလောဧဝဒုဿိလျံ။ ဏျပစ္စည်း အနက်မရှိ။ ထို့ကြောင့် ဒုဿီလန္တိဒုဿိလျံ,ဖွင့်သည်။ ။
ဗြဟာဆတ္တဇာတကံ ဆဋ္ဌံ။၃၃၆။
နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ နတေပီဌံ, အစရှိသော ဂါထာပုဒ်ဖြင့်တန်းဆာဆင်အပ်သော ဤပီဌဇာတ်ကို၊ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ်၊ မထင်ရှားသောရဟန်းကိုအကြောင်းပြု၍ဟောတော်မူ၏။ ။
ထိုအခါသူဋ္ဌေးသည်မင်းအိမ်မှထွက်လတ်သော် ဘုရားလောင်းကိုမြင်၍ရှိခိုး၍ တင့်အပ်လျောက်ပတ်စွာနေလျက်၊ အသျှင်ဘုရား၊ အကျွန်ုပ်တို့၏အိမ်တံခါးသို့ရောက်လာကုန်သော သူတောင်းစားတို့သည်၎င်း၊ တရားစောင့်ကုန်သော ရဟန်းပုဏ္ဏားတို့သည်၎င်း ပူဇော်သက္ကာရကို မရကုန်၍ သွားရဖူးသောသူမည်သည်မရှိ။ အသျှင်တို့ကိုကားအကျွန်ုပ်တို့၏သူငယ်တို့သည် မမြင်သည်၏အဖြစ်ကြောင့် နေရာကို၎င်း၊ သောက်ရေ ကို၎င်း၊ ခြေဆေးရေကို၎င်း၊ ယာဂုဆွမ်းကို၎င်း အသျှင်ဘုရားတို့သည် မရကုန်မူ၍လျင်စွာသွားကုန်၏။ ဤသို့မရခြင်းသည်အကျွန်ုပ်တို့၏အပြစ်တည်း။ ထိုအပြစ်ကိုသည်းခံတော်မူခြင်းငှါသင့်၏ဟုဆို၍။ ။
(၆၅၂)န တေ ပီဌမဒါယိမှ၊န ပါနံ နပိ ဘောဇနံ။
ဗြဟ္မစာရိ ခမဿု မေ၊ဧတံ ပဿာမိ အစ္စယံ။ ။
ဟူသောရှေးဦးစွာသောဂါထာကိုဆို၏။ ။
ထိုစကားကိုကြား၍ဘုရားလောင်းသည်။ ။
(၆၅၃)နေဝါဘိသဇ္ဇာမိ န စာပိ ကုပ္ပေ၊န စာပိ မေ အပ္ပိယမာသိ ကိဉ္စိ။
အထောပိ မေ အာသိ မနော-ဝိတက္ကော၊ဧတာဒိသော နူန ကုလဿ ဓမ္မော။ ။
ဟူသောဤဒုတိယဂါထာကိုဆို၏။ ။
ထိုစကားကိုကြား၍သူဋ္ဌေးသည်။ ။
(၆၅၄)ဧသသ္မာကံ ကုလေ ဓမ္မော၊ပိတုပိတာမဟော သဒါ။
အာသနံ ဥဒကံ ပဇ္ဇံ၊သဗ္ဗေတံ နိပဒါမသေ။ ။
(၆၅၅)ဧသသ္မာကံ ကုလေ ဓမ္မော၊ပိတုပိတာမဟော သဒါ။
သက္ကစ္စံ ဥပတိဋ္ဌာမ၊ဥတ္တမံ ဝိယ ဉာတကံ။ ။
ဟူသောဤနှစ်ဂါထာတို့ကိုဆို၏။ ။
(၆၅၄-၆၅၅)ဗြဟ္မစာရိ၊ မြတ်သောအကျင့်ကို ကျင့်သောအသျှင်ရသေ့။ မယံ၊ အကျွန်ုပ်တို့သည်။ အာသနံ၊ နေရာအင်းပျဉ်ကို။ ဥဒကံ၊ ခြေဆေးရေကို။ ပဇ္ဇံ၊ ခြေနယ်ဆီကို။ ဧတံသဗ္ဗံ၊ ဤအလုံးစုံကို။ နိပဒါမသေ၊ ပေးလှူကုန်၏။ ဧသဧသောဓမ္မော၊ ဤသို့ပေးလှူခြင်းသဘောသည်။ အသ္မာကံ၊ အကျွန်ုပ်တို့၏။ ကုလေ၊ အမျိုး၌။ သဒါ၊ အခါခပ်သိမ်း။ ပိတုပိတာမဟော၊ အဘအဘိုးတို့၏ဥစ္စာဖြစ်သော။ ဓမ္မော၊ သဘောတည်း။ ။
ဗြဟ္မစာရိ၊ မြတ်သောအကျင့်ကိုကျင့်သောအသျှင်ရသေ့။ မယံ၊ အကျွန်ုပ်တို့သည်။ ဥတ္တမံ၊ မြတ်သော။ ဉာတကံဝိယ၊ အမိအဘကဲ့သို့။ ဓမ္မိကံ၊ တရားစောင့်သော။ သမဏ-ဗြဟ္မဏံ၊ ရဟန်းပုဏ္ဏားကို။ ဒိသွာ၊ မြင်၍။ (ထည့်)။ သက္ကစ္စံ၊ ရိုသေစွာ။ ဥပတိဋ္ဌာမ၊ လုပ်ကျွေးပါကုန်၏။ ဧသဧသော၊ ဤအလေ့သဘောသည်။ အသ္မာကံ၊ အကျွန်ုပ်တို့၏။ ကုလေ၊ အမျိုး၌။ သဒါ၊ အခါခပ်သိမ်း။ ပိတုပိတာမဟော၊ အဘအဘိုးတို့၏ဥစ္စာဖြစ်သော။ ဓမ္မော၊ သဘောတည်း။ ။
ပီဌဟိံ သာသံကိလေသေသု၊ ပေဌတိ,ပီဌယော,ပီဌံ,ဟု-ဩဌဇဌကာရန္ထဓာတ်၌လာသည်။ ။ ပဒဿဟိတံပဇ္ဇံ။ ခြေနယ်ဆီရရကား၊ပဇ္ဇန္တိပါဒမက္ခနတေလံ,ဖွင့်သည်။ နိပသေတို့ကားအနက်မရှိ။ ဒါမသာအနက်ရှိသည်။ ။
ပီဌဇာတကံ သတ္တမံ။၃၃၇။
နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ ဝိဒိတံထုသံ, အစရှိသောဂါထာပုဒ်ဖြင့် တန်းဆာဆင်အပ်သော ဤထုသဇာတ်ကို၊ ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးနေ တော်မူစဉ်၊ အဇာတသတ်မင်းကိုအကြောင်းပြု၍ဟောတော်မူ၏။ ။
ထိုမင်း၏သားသည်တစ်ဆယ့်ခြောက်နှစ်ရှိသောကာလ၌ဥယျာဉ်ကစားခြင်းအစရှိသည်တို့၏ အကျိုးငှါထွက်သွားသောမင်း၏ အသရေစည်းစိမ်ကိုမြင်၍ အဘကိုသတ်၍မင်းအဖြစ်ကို ယူလိုသည်ဖြစ်၍မိမိ၏အလုပ်အကျွေးတို့အားပြောဆို၏။ ထိုအလုပ်အကျွေးတို့သည်၊ အသျှင်မင်းကြီး၊ ကောင်းပြီဆိုသောကာလ၌ ရအပ်သောစည်းစိမ်ဖြင့်အဘယ် အကျိုးရှိအံ့နည်း၊ တစ်စုံတစ်ခုသောဥပါယ်ဖြင့်မင်းကိုသတ်၍မင်းအဖြစ်ကိုယူခြင်းသည်သင့်၏ ဟုဆိုကုန်၏။ မင်းသားသည်အဆိပ်ကိုစားစေ၍သေစေအံ့ဟု အဘနှင့်တကွညစာစားစဉ်အဆိပ်ကိုကိုင်၍နေ၏။ မင်းသည်ထမင်းခွက်၌ ထမင်းကိုစားအံ့သောငှါအားမထုတ်မီလျှင်။ ။
(၆၅၆)ဝိဒိတံ ထုသံ ဥန္ဒူရာနံ၊ဝိဒိတံ ပန တဏ္ဍုလံ။
ထုသံ ထုသံ ဝိဝဇ္ဇေတွာ၊တဏ္ဍုလံ ပန ခါဒရေ။ ။
ဟူသောရှေးဦးစွာသောဂါထာကိုဆို၏။ ။
မင်းသားသည်ခမည်းတော်မင်းကြီးသိလေပြီဟုကြောက်၍။ ထမင်းခွက်၌ အဆိပ်ကိုချအံ့သောငှါမဝံ့သည်ဖြစ်၍၊ ထ၍မင်းကိုရှိခိုး၍ ထိုအရပ်မှပြေး၏။ ထိုအကြောင်းကိုမိမိအလုပ်အကျွေးတို့အားကြား၍ ယနေ့ခမည်းတော်မင်းကြီး သိချေပြီ၊ ယခု အဘယ်သို့ သတ်ရအံ့နည်းဟုမေး၏။ ထိုအလုပ်အကျွေးတို့သည် ထိုအခါမှစ၍ ဥယျာဉ်၌ ပုန်းကွယ်ကုန်၍ နားရင်း၌ပြောဆိုသည်၏အစွမ်းအားဖြင့် တိုင်ပင်ကုန်လျက် တစ်ခုသောအကြောင်းသည်ရှိ၏။ သန်လျက်ကို ဘွဲ့၍ ကြီးစွာသော ခစားခြင်းသို့ရောက်သောကာလ၌ အမတ်တို့၏အတွင်း၌နေ၍ မင်း၏မေ့လျော့သော အဖြစ်ကိုသိ၍သန်လျက်ဖြင့်သတ်ခြင်းငှါသင့်၏ဟုမှတ်စေကုန်၏။ မင်းသားသည် ကောင်းပြီဆို၍ ကြီးစွာခစားသောကာလ၌ဘွဲ့အပ်သောသန်လျက်ရှိသည်ဖြစ်၍ သွား၍ ထိုမှဤမှလှည့်လည်လျက်သတ်ခွင့်ကိုစုံစမ်း၏။ ထိုခဏ၌မင်းသည်။ ။
(၆၅၇)ယာ မန္တနာ အရညသ္မိံ၊ယာ စ ဂါမေ နိကဏ္ဏိကာ။
ယဉ္စေတံ ဣတိ စီတိ စ၊ဧတံပိ ဝိဒိတံ မယာ။ ။
ဟူသောဤဒုတိယဂါထာကိုဆို၏။ ။
မင်းသားသည် ခမည်းတော်မင်းကား ငါ၏ရန်သူအဖြစ်ကိုသိ၏ဟု ထိုအရပ်မှပြေး၍အလုပ်အကျွေးတို့အားကြား၏။ အလုပ်အကျွေးတို့သည် ခုနှစ်ရက်ရှစ်ရက် လွန်လတ်သော်၊ အသျှင်မင်းသား၊ ခမည်းတော်သည် အသျှင်မင်းသား၏ ရန်သူအဖြစ်ကိုမသိ။ ကြံခြင်းမျှဖြင့် အသျှင်မင်းသားသည်ဤသို့အမှတ်ရှိ၏။ ခမည်းတော်ကိုသတ်လော့ဟု ဆိုကုန်၏။ မင်းသားသည်တစ်နေ့သ၌ သန်လျက်ကိုကိုင်ယူ၍ စောင်းတန်းဦးတိုက်၌ ရပ်၏။ မင်းသည်စောင်းတန်းဦး၌ရပ်လျက်။ ။
(၆၅၈)ဓမ္မေန ကိရ ဇာတဿ၊ပိတာ ပုတ္တဿ မက္ကဋော။
ဒဟရဿေဝ သန္တဿ၊ဒန္တေဟိ ဖလမစ္ဆိဒါ။ ။
ဟူသောဤတတိယဂါထာကိုဆို၏။ ။
မင်းသားသည်ငါ့ကိုခမည်းတော်ဖမ်းလို၏ဟုကြောက်ရကား၊ ပြေး၍ ခမည်းတော်သည် ငါ့ကိုခြိမ်းခြောက်၏ဟု-အလုပ်အကျွေးတို့အားကြား၏။ အလုပ်အကျွေးတို့သည် လခွဲလွန်လတ်သော်၊ အသျှင်မင်းသား၊ မင်းသည်အကယ်၍သိငြားအံ့။ ဤမျှလောက်သောကာလ၌ဖျက်ဆီးရာ၏။ အကြံအားဖြင့်အရှင့်သားသည်ဆိုအပ်၏။ မင်းကိုသတ်လော့ဟုဆိုကုန်၏။ မင်းသားသည်တစ်နေ့သ၌ သန်လျက်ကိုယူ၍ ပြာသာဒ်ထက်အသရေရှိသောအိပ်ရာသို့ဝင်၍လာစဉ်လျှင်၊ မင်းကိုသတ်အံ့ဟုပလ္လင်အောက်၌နေ၏။ မင်းသည် ညစာစားပြီးသော် ပရိသတ်ကိုလွှတ်လိုက်၍ အိပ်အံ့ဟု အသရေရှိသောတိုက်ခန်းသို့ဝင်လတ်သော် တံခါးခုံ၌ရပ်၍။ ။
(၆၅၉)ယမေတံ ပရိသပ္ပသိ၊အဇ-ကာဏောဝ သာသပေ။
ယောပါယံ ဟေဋ္ဌတော သေတိ၊ဧတံပိ ဝိဒိတံ မယာ။ ။
ဟူသောဤစတုတ္ထဂါထာကိုဆို၏။ ။
(၆၅၉)တွံ၊ သင်သည်။ သာသပေ၊ မုန်ညင်းခင်းသို့ဝင်သောကာလ၌။ အဇ-ကာဏောဝ၊ ဆိတ်ကန်းကဲ့သို့။ ဘယေန၊ ကြောက်ခြင်းကြောင့်။ ယံဧတံပရိသပ္ပေသိ၊ အကြင်ထိုမှဤမှလှုပ်ရှား၏။ ဣဒါနိ၊ ယခုအခါ၌။ ပဌမံ၊ ရှေးဦးစွာ။ ဝိသံ၊ အဆိပ်ကို။ ဂဟေတွာ၊ ယူ၍။ အာဂမာသိ၊ လာ၏။ ဒုတိယံ၊ နှစ်ကြိမ်မြောက်၌။ ခဂ္ဂေန၊ သန်လျက်ဖြင့်။ ပဟရိတုကာမော၊ ပယ်လိုသည်ဖြစ်၍။ အာဂတော၊ လာသည်။ အသိ၊ ဖြစ်ပြီ။ တတိယံ၊ သုံးကြိမ်မြောက်၌။ ခဂ္ဂံ၊ သန်လျက်ကို။ အာဒါယ၊ ကိုင်စွဲ၍။ သောပါနမတ္ထကေ၊ စောင်းတန်းဦး၌။ အဋ္ဌာသိ၊ တည်၏။ ဣဒါနိ၊ ယခုအခါ၌။ မံ၊ ငါ့ကို။ မာရေဿာမီတိ၊ သတ်အံ့ဟူ၍။ ဟေဋ္ဌတော၊ ပလ္လင်အောက်၌။ ယောပါယံယောပိအယံ၊ အကြင်သို့သဘောရှိသောဤငယုတ်သည်။ သေတိ၊ အိပ်၏။ ဧတံပိသဗ္ဗံ၊ ဤကုန်အောင်စုံသောအမှုကိုလည်။ မယာ၊ ငါသည်။ ဝိဒိတံ၊ သိအပ်ပြီ။ ။
ဤသို့မသိသည်လျှင်ဖြစ်သောမင်း၏ ထိုဂါထာသည် မင်းသားအားထိုထိုအနက်ကိုပြ၏။
မင်းသားသည်ခမည်းတော်ငါ့ကိုသိပြီ။
ယခု ငါကိုဖျက်ဆီးလတ္တံ့ဟုကြောက်၍ ပလ္လင်အောက်မှထွက်၍ သန်လျက်ကိုမင်း၏ခြေရင်း၌ချ၍၊မြတ်သောမင်းကြီး၊ အကျွန်ုပ်အားသည်းခံပါလော့ဟုခြေရင်း၌ရင်ဖြင့်ဝပ်၏။
မင်းသည်သင်ကားငါ့အမှုကို အဘယ်သူသိအံ့နည်းဟုကြံ၏။
မင်းသားကိုခြိမ်းခြောက်၍သံခြေချင်းအနှောင်အဖွဲ့ဖြင့်ဖွဲ့စေ၍ နှောင်အိမ်သို့သွင်းစေ၍အစောင့်အရှောက်ထား၏။
ထိုအခါမင်းသည်ဘုရားလောင်း၏ ကျေးဇူးကိုမှတ်မိ၏။
နောက်အဖို့၌ထိုမင်းသည်သေလွန်၏။
မင်း၏အလောင်းကိုသင်္ဂြိုဟ်ခြင်းကိစ္စကိုပြု၍ မင်းသားကိုနှောင်အိမ်မှထုတ်၍ မင်းအဖြစ်၌တည်စေကုန်၏။
ထုသဇာတကံ အဋ္ဌမံ။၃၃၈။
နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ အဒဿနေနမောရဿ,အစရှိသောဂါထာပုဒ်ဖြင့် တန်းဆာဆင်အပ်သော ဤဗာဝေရုဇာတ်ကို၊ ဇေတဝန်ကျောင်းတော်၌သီတင်းသုံးနေတော်မူစဉ်၊ ပျောက်သောလာဘသက္ကာရရှိကုန်သော တိတ္ထိတို့ကို အကြောင်းပြု၍ဟောတော်မူ၏။ ။
ဥဒေါင်းမင်းသည် ရောက်သောကာလမှစ၍ ကျီးအားလာဘသက္ကာရသည်ယုတ်၏။ တစ်စုံတစ်ယောက်သောသူသည်လည်း ထိုကျီးကိုကြည့်ခြင်းငှာအလိုမရှိ။ ကျီးသည်ခဲဖွယ်ဘောဇဉ်တို့ကို မရလတ်သော် ကာကာမြည်လျက် ပျံသွား၍မစင်စွန့်ရာမြေ၌သက်၍အစာကိုယူ၏။ သဗ္ဗညုမြတ်စွာဘုရားသည် နှစ်ပါးကုန်သောဝတ္ထုတို့ကိုစပ်၍ ဘုရားဖြစ်တော်မူပြီး၍။ ။
(၆၆၀)အ-ဒဿနေန မောရဿ၊သိခိနော မဉ္ဇု-ဘာဏိနော။**
ကာကံ တတ္ထ အပူဇေသုံ၊မံသေန စ ဖလေန စ။ ။
(၆၆၁)ယဒါ စ သရ-သမ္ပန္နော၊မောရော ဗာဝေရုမာဂမာ။
အထ လာဘော စ သက္ကာရော၊ဝါယသဿ အဟာယထ။ ။
(၆၆၂)ယာဝ-နုပ္ပဇ္ဇတီ ဗုဒ္ဓေါ၊ဓမ္မ-ရာဇာ ပဘင်္ကရော။
တာဝ အညေ အပူဇေသုံ၊ပုထူ သမဏ-ဗြာဟ္မဏေ။ ။
(၆၆၃)ယဒါ စ သရ-သမ္ပန္နော၊ဗုဒ္ဓေါ ဓမ္မံ အဒေသယိ။
အထ လာဘော စ သက္ကာရော၊တိတ္ထိယာနံ အဟာယထ။ ။
ဟူသောဤလေးဂါထာတို့ကိုဆို၏။ ။
(၆၆၀-၆၆၃)သိခိနော၊ ဦးစွန်းနှင့်ပြည့်စုံထသော။ မဉ္ဇုဘာဏိနော၊ သာယာသောအသံရှိထသော။ မောရဿ၊ ဥဒေါင်းကို။ အဒဿနေန၊ မမြင်ရခြင်းကြောင့်။ တတ္ထ၊ ထိုဗာဝေရုတိုင်း၌။ ကာကံ၊ ကျီးကို။ မံသေနစ၊ အမဲဖြင့်၎င်း။ ဖလေနစ၊ သစ်သီးကြီးငယ်ဖြင့်၎င်း။ အပူဇေသုံ၊ ပူဇော်ကုန်၏။ ။
ယဒါစ၊ အကြင်အခါ၌ကား။ သရသမ္ပန္နေါ၊ သာယာသောအသံနှင့်ပြည့်စုံသော။ မောရော၊ ဥဒေါင်းသည်။ ဗာဝေရုံ၊ ဗာဝေရုတိုင်းသို့။ အာဂမာ၊ ရောက်လာ၏။ အထ၊ ထိုအခါ၌။ ဝါယသဿ၊ ကျီးအား။ လာဘောစ၊ လာဘ်သည်၎င်း။ သက္ကာရောစ၊ ပူဇော်သက္ကာရသည်၎င်း။ အဟာယထ၊ ယုတ်၏။ ။
ယာဝ၊ အကြင်မျှလောက်သောကာလပတ်လုံး။ ဓမ္မရာဇာ၊ ကိုးပါးသောလောကုတ္တရာတရားဖြင့်လောကသုံးပါး၌မင်းဖြစ်တော်မူသော။ ပဘင်္ကရော၊ လောကသုံးပါးတို့၌အရောင်အဝါကိုပြုတော်မူတတ်သော။ ဗုဒ္ဓေါ၊ သဗ္ဗညုရှင်တော်ဘုရားသည်။ နုပ္ပဇ္ဇတိ၊ ပွင့်တော်မမူသေး။ တာဝ၊ ထိုမျှလောက်သောကာလပတ်လုံး။ အညေ၊ ဘုရားမှတစ်ပါးကုန်သော။ ပုထူ၊ များစွာကုန်သော။ သမဏဗြာဟ္မဏေ၊ ရဟန်းပုဏ္ဏားတို့ကို။ အပူဇေသုံ၊ ပူဇော်ကုန်၏။ ယဒါစ၊ အကြင်အခါ၌ကား။ သရသမ္ပန္နော၊ ဗြဟ္မာမင်း၏အသံနှင့်တူသော အင်ရှစ်ပါးရှိသောအသံနှင့်ပြည့်စုံတော်မူသော။ ဗုဒ္ဓေါ၊ သဗ္ဗညုရှင်တော်ဘုရားသည်။ ဓမ္မံ၊ သစ္စာလေးပါးတရားကို။ အဒေသယိ၊ ဟောတော်မူ၏။ အထ၊ ထိုအခါ၌။ တတ္ထိယာနံ၊ တိတ္ထိတို့အား။ လာဘောစ၊ လာဘ်သည်၎င်း။ သက္ကာရောစ၊ ပူဇော်သက္ကာရသည်၎င်း။ အဟာယထ၊ ယုတ်၏။
ဗာဝေရုဇာတကံ နဝမံ။၃၃၉။
နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ အဒါသိ ဒါနာနိ, အစရှိသောဂါထာပုဒ်ဖြင့်တန်းဆာဆင်အပ်သော ဤဝိသယှဇာတ်ကို၊ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ်၊ အနာထပိဏ်သူဋ္ဌေးကိုအကြောင်းပြု၍ဟောတော်မူ၏။ ။
ထိုနောင်ခုနှစ်ရက်မြောက်သောနေ့၌ခုနှစ်ရက်အာဟာရပြတ်သော အလွန်သိမ်မွေ့သော မြက်ကိုထမ်းသော ထိုဝိသယှသူဋ္ဌေး၏ မျက်စိတို့သည် နဖူး၌နေပူခတ်သဖြင့်လည်ကုန်၏။ ဝိသယှသူဋ္ဌေးသည်သတိကို ဖြစ်စေခြင်းငှာ မတတ်နိုင်ရကား မြက်ကိုဘိ၍လည်း၏။ ထိုအခါ သိကြားသည်ထိုသို့ပြုသောသူဋ္ဌေးကိုစူးစမ်းလိုရကား ထိုခဏ၌လျှင် လာလတ်၍ ကောင်းကင်၌ရပ်၍။ ။
(၆၆၄)အဒါသိ ဒါနာနိ ပုရေ ဝိသယှ၊ဒဒတော စ တေ ခယ-ဓမ္မော အဟောသိ။
ဣတော ပရံ စေ န ဒဒေယျ ဒါနံ၊တိဋ္ဌေယျုံ တေ သံယမန္တဿ ဘောဂါ။ ။
ဟူသောရှေးဦးစွာသောဂါထာကိုဆို၏။ ။
ဘုရားလောင်းသည် သိကြားမင်း၏စကားကိုကြား၍ သင်သည်အဘယ်သူနည်းဟုမေး၏။ ငါသည်သိကြားတည်းဟုဆို၏။ ဘုရားလောင်းသည် သိကြားမင်း၏စကားကိုကြား၍။ သိကြားမင်း၊ သကြားမည်သည်ကား ကိုယ်တိုင်အလှူပေး၍ သီလဆောက်တည်၍ ခုနှစ်ပါးသော ကျင့်ဝတ်တို့ကိုဖြည့်၍ သိကြားအဖြစ်သို့ရောက်၍သင်သည်ကား မိမိ၏အစိုးရခြင်းကို ပြုတတ်သော အလှူပေးခြင်းကိုတားမြစ်၏။ ယုတ်မာသောအမှုကိုပြု၏ဟုဆို၏။ ။
(၆၆၅)အနရိယမရိယေန သဟဿနေတ္တ၊သုဒုဂ္ဂတေနာပိ အကိစ္စမာဟု။
မာ ဝေါ ဓနံ တံ အဟု ဒေဝရာဇ၊ယံ ဘောဂဟေတု ဝိဇဟေမု သဒ္ဓံ။ ။
(၆၆၆)ယေန ဧကော ရထော ယာတိ၊ယာတိ တေနာပရော ရထော။
ပေါရာဏံ နိဟိတံ ဝတ္တံ၊ဝတ္တံ တညေဝဝါသဝ။ ။
(၆၆၇)ယဒိ ဟေဿတိ ဒဿာမ၊အသန္တေ ကိံ ဒဒါမသေ။
ဧဝံဘူတာပိ ဒဿာမ၊မာ ဒါနံ ပမဒမှသေ။ ။
ဟူသောဤသုံးဂါထာတို့ကိုဆို၏။ ။
(၆၆၅-၆၆၇)သဟဿနေတ္တ၊ တစ်ထောင်မျက်စိ အမြင်ရှိသော သိကြားမင်း။ အရိယေန၊ စင်ကြယ်သောအကျင့်ရှိသောငါသည်။ သုဒုဂ္ဂတေနာပိ၊ ဆင်းရဲသည်ဖြစ်စေကာမူ။ အနရိယံ၊ ယုတ်မာသောအလှူမပေးခြင်းအမှုကို။ အကိစ္စံ၊ မပြုအပ်ဟူ၍။ အရိယာ၊ ဘုရားအစရှိသောအရိယာတို့သည်။ အာဟု၊ ဆိုကုန်၏။ ဒေဝရာဇ၊ နတ်မင်း။ ယံဘောဂဟေတု၊ အကြင်စည်းစိမ်ဟူသောအကြောင်းကြောင့်။ မယံ၊ ငါတို့သည်။ သဒ္ဓံ၊ ကံကံ၏အကျိုးကိုယုံကြည်၍ အလှူပေးလိုသော သဒ္ဓါတရားကို။ ဝိဇဟေမု၊ စွန့်ရကုန်ငြားအံ့။ တံဓနံ၊ ထိုဥစ္စာသည်။ မာအဟု၊ မဖြစ်စေသတည်း။ ။
(တေတိနိပါတမတ္တံ)။ ။
ဝါသဝ၊ သိကြားမင်း။ ယေနမဂ္ဂေန၊ အကြင်ခရီးဖြင့်။ ဧကော၊ တစ်ခုသော။ ရထော၊ ရထားသည်။ ယာတိ၊ သွား၏။ တေနမဂ္ဂေန၊ ထိုရှေ့ရထားသွားသောခရီးဖြင့်။ ပရောရထော၊ နောက်ဖြစ်သောရထားသည်။ ယာတိ၊ သွား၏။ မယာ၊ ငါသည်။ ပေါရာဏံဝတ္တံ၊ ရှေး၌ဖြစ်သောကျင့်ဝတ်ကို။ နိဟိတံ၊ ဆောက်တည်အပ်၏။ တညေဝဝတ္တံ၊ ထိုငါဆောက်တည်သော ဝတ်သည်သာလျှင်။ တိဋ္ဌတု၊ တည်စေ။ တုမှေ၊ သင်တို့သည်ကား။ မာတိဋ္ဌထ၊ မတည်ကုန်လင့်။ ။
ယဒိဟေဿတိ၊ အကယ်၍ဥစ္စာရှိသည်ဖြစ်ငြားအံ့။ ဒဿာမ၊ လှူကုန်အံ့။ အသန္တေ၊ ဥစ္စာမရှိသော်။ ကိံဒဒါမသေ၊ အဘယ်ကိုလှူရအံ့နည်း။ ဧဝံဘူတာပိ၊ ဤသို့မြက်ရိတ်ရကုန်သော်လည်း။ ဒဿာမ၊ လှူကုန်အံ့။ ဒါနံ၊ အလှူပေးခြင်းကို။ မာပမဒမှသေ၊ မမေ့မလျော့ကုန်။ ။ ။
သိကြားမင်းသည် ဘုရားလောင်းကို တားမြစ်အံ့သောငှါမတတ်နိုင်ရကား။ အဘယ်အကျိုးငှါအလှူပေးသနည်းဟုမေး၏။ ဘုရားလောင်းသည် ငါကားသိကြားအဖြစ်ကို တောင့်တ၍လည်းအလှူမပေး။ ဗြဟ္မာ့အဖြစ်ကိုတောင့်တ၍လည်းအလှူမပေး။ သဗ္ဗညုတညာဏ်ကိုကား တောင့်တ၍ အလှူပေး၏ဟုဆို၏။ သိကြားမင်းသည် ဘုရားလောင်း၏စကားကိုကြား၍ နှစ်သက်၍လက်ဖြင့်ကျောက်ကုန်းကိုဆုပ်နယ်၏။ ထိုခဏ၌လျှင် စားရဘိသကဲ့သို့ ဘုရားလောင်း၏ ကိုယ်အလုံးသည်ပြည့်၏။ သိကြားအာနုဘော်ဖြင့်လည်း ဘုရားလောင်း၏အလုံးစုံသော စည်းစိမ်အခြံအရံသည် ပကတိလျှင်ဖြစ်၏။ သိကြားမင်းသည်၊ သူဋ္ဌေးကြီး၊ သင်သည်ယနေ့ မှစဉ် နေ့တိုင်း နေ့တိုင်း တစ်သန်းနှစ်သိန်းကုန်သောအသပြာတို့ကိုစွန့်လျက် အလှူကို ပေးလော့ဟုဆို၍ ဘုရားလောင်း၏အိမ်၌ အတိုင်းအရှည်မရှိသော ဥစ္စာကိုပြု၍ ဘုရားလောင်းကိုလွှတ်လိုက်၍ မိမိနေရာသို့လျှင်သွား၏။ ။
ဝိသယှဇာတကံ ဒသမံ။ ။ ကောကာလိကဝဂ္ဂေါ စတုတ္ထော။၃၄၀။