Issues
Select Version
နိဿယ-1
မြန်မာဘာသာ
Jātakapāḷi(Paṭhamo bhāgo)
Jātakapāḷi(Paṭhamo bhāgo)

321. Kuṭidūsakajātakaṃ (4-3-1)

Author: နိဿယ-1 @ IAPT

နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ မနုဿဿေဝတေသီသံ,အစရှိသော ဂါထာပုဒ်ဖြင့် တန်းဆာဆင်အပ်သော ဤသိင်္ဂါလသကုဏဇာတ်ကို၊ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ်၊ အသျှင်မဟာကဿပမထေရ်၏ကုဋီကိုမီးတိုက်သောရဟန်းငယ်ကိုအကြောင်းပြု၍ဟောတော်မူ၏။ ။

လွန်လေပြီးသောအခါ၊ ဗာရာဏသီပြည်၌ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော်၊ ဘုရားလောင်းသည် သိင်္ဂါလငှက်မျိုး၌ဖြစ်၍ အရွယ်ရောက်လတ်သော်၊ နှစ်သက်ဖွယ်ရှိသော မိုဃ်းမယိုသောအသိုက်ကိုပြု၍ဟိမဝန္တာ၌နေ၏။ ထိုအခါတစ်ခုသောမျောက်သည်မိုဃ်းကာလ၌အရည်မပြတ် မိုဃ်းရွာလတ်သော် အချမ်းနှိပ်စက်၍ သွားချင်ချင် ကိုက်လျက်ဘုရားလောင်း၏အနီး၌နေ၏။ ဘုရားလောင်းသည် ပင်ပန်းသောထိုမျောက်ကိုမြင်၍ထိုမျောက်နှင့်တကွစကားပြောလိုရကား။ ။

(၅၈၈)မနုဿဿေ-ဝ တေ သီသံ၊ဟတ္ထ-ပါဒါ စ ဝါနရ။

အထ ကေန နု ဝဏ္ဏေန၊အဂါရ-န္တေ န ဝိဇ္ဇတိ။ ။

ဟူသောဤပဌမဂါထာကိုဆို၏။ ။

(၅၈၈)ဝါနရ၊ မျောက်။ တေ၊ သင်၏။ သီသံ၊ ဦးခေါင်းသည်။ မနုဿဿ၊ လူ၏။ သီသံဣဝ၊ ဦးခေါင်းကဲ့သို့။ ဟောတိ၊ ဖြစ်၏။ ဟတ္ထပါဒါစ၊ လက် ခြေတို့သည်လည်း။ မနုဿဿ၊ လူ၏။ ဟတ္ထပါဒါဣဝ၊ လက်ခြေတို့ကဲ့သို့။ ဟောန္တိ၊ ဖြစ်ကုန်၏။ အထ၊ ထိုသို့ဖြစ်လျက်။ ကေနဝဏ္ဏေန၊ အဘယ်အကြောင်းကြောင့်။ တေ၊ သင်အား။ အဂါရံ၊ နေရာအိမ်သည်။ နဝိဇ္ဇတိနု၊ မရှိသနည်း။ ။

ထိုစကားကိုကြား၍မျောက်သည်။ ။

(၅၈၉)မနုဿဿေ-ဝ မေ သီသံ၊ဟတ္ထ-ပါဒါ စ သိင်္ဂါလ။

ယာဟု သေဋ္ဌာ မနုဿေသု၊သာ မေ ပညာ န ဝိဇ္ဇတိ။ ။

ဟူသောဤဒုတိယဂါထာကိုဆို၏။ ။

(၅၈၉)သိင်္ဂါလ၊ သိင်္ဂါလမည်သောငှက်။ မေ၊ ငါ၏။ သီသံ၊ ဦးခေါင်းသည်။ မနုဿဿ၊ လူ၏။ သီသံဣဝ၊ ဦးခေါင်းကဲ့သို့။ ဟောတိ၊ ဖြစ်၏။ ဟတ္ထပါဒါစ၊ လက်ခြေတို့သည်လည်း။ မနုဿဿ၊ လူ၏။ ဟတ္ထပါဒါဣဝ၊ လက်ခြေတို့ကဲ့သို့။ ဟောန္တိ၊ ဖြစ်ကုန်၏။ ပန၊ ထိုသို့ဖြစ်သော်လည်း။ မနုဿေသု၊ လူတို့၌။ ယာပညာ၊ အကြင်ပညာကို။ သေဋ္ဌာ၊ မြတ်၏ဟူ၍။ အာဟု၊ ဆိုကုန်၏။ သာပညာ၊ ထိုစီရင်တတ်သော ပညာသည်။ မေ၊ ငါ့အား။ နဝိဇ္ဇတိ၊ မရှိခဲ့။ တသ္မာ၊ ထို့ကြောင့်။ မေ၊ ငါ့အား။ အဂါရံ၊ နေရာအိမ်သည်။ နဝိဇ္ဇတိ၊ မရှိသတည်း။ ။

ထိုစကားကိုကြား၍ဘုရားလောင်းသည်။ ။

(၅၉၀)အနဝဋ္ဌိတ-စိတ္တဿ၊လဟု-စိတ္တဿ ဒုဗ္ဘိနော။

နိစ္စံ အ-ဓုဝ-သီလိဿ၊သုခ-ဘာဝေါ န ဝိဇ္ဇတိ။ ။

(၅၉၁)သော ကရဿု အာနုဘာဝံ၊ဝီတိဝတ္တဿု သီလိယံ။

သီတ-ဝါတ-ပရိတ္တာဏံ၊ကရဿု ကုဋဝံ ကပိ။ ။

ဟူသောဤနှစ်ဂါထာတို့ကိုဆို၏။ ။

(၅၉၀-၅၉၁)အနဝဋ္ဌိတ-စိတ္တဿ၊ မတည်ကြည်သော စိတ်ရှိထသော။ လဟုစိတ္တဿ၊ ပေါ့သောစိတ်ရှိထသော။ ဒုဗ္ဘိနော၊ အဆွေခင်ပွန်းပြစ်မှားတတ်ထသော။ နိစ္စံ၊ အမြဲ။ အဓုဝသီလိဿ၊ မမြဲသောသီလရှိသောသူအား။ သုခဘာဝေါ၊ ချမ်းသာသည့်အဖြစ်သည်။ နဝိဇ္ဇတိ၊ မရှိ။ ။

ကပိ၊ မျောက်။ သောတွံ၊ ထိုသင်သည်။ ပညာယ၊ ပညာ၏။ ဥပ္ပါဒနတ္ထံ၊ ဖြစ်ခြင်းအကျိုးငှာ။ အာနုဘာဝံ၊ အာနုဘော်ဟုဆိုအပ်သော ဗလဥပါယကို။ ကရဿု၊ ပြုလော့။ သီလိယံ၊ ဒုဿီလ၏အဖြစ်ဟုဆိုအပ်သောမျောက်တို့အလေ့အကျက်ကို။ ဝီတိဝတ္တဿု၊ လွန်စေလော့။ သီတဝါတပရိတ္တာနံ၊ အချမ်းလေကိုကွယ်ကာခြင်းငှါစွမ်းနိုင်သော။ ကုဋဝံ၊ အသိုက်ကို။ ဝါ၊ နေရာအိမ်ကို။ ကရဿု၊ ပြုလော့။ ။

မျောက်သည်ဤငှက်ကားမိမိမိုဃ်းမစွတ်ရာ၌နေရသည်၏အဖြစ်ဖြင့်ငါ့ကိုဆဲရေး၏။ ထိုငှက်ကိုဤအသိုက်၌ငါမနေစေအံ့ဟုကြံ၏။ ကြံပြီး၍ဘုရားလောင်းကိုဖမ်းလိုရကားပြေးလာ၏။ ဘုရားလောင်းသည်ပျံ၍တစ်ပါးသို့သွား၏။ မျောက်သည်အသိုက်ကိုဖျက်၍ မုန့်မုန့်ကြေစေ၍သွား၏။ ။

သိင်္ဂါလသကုဏဇာတကံ ပဌမံ။၃၂၁။