Issues
Select Version
နိဿယ-1
မြန်မာဘာသာ
Jātakapāḷi(Paṭhamo bhāgo)
Jātakapāḷi(Paṭhamo bhāgo)

334. Rājovādajātakaṃ (4-4-4)

Author: နိဿယ-1 @ IAPT

နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ ဂဝံစေတရမာနာနံ,အစရှိသောဂါထာပုဒ်ဖြင့် တန်းဆာဆင်အပ်သော ဤရာဇောဝါဒဇာတ်ကို၊ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ်၊ မင်းအား ဆုံးမခြင်းကိုအကြောင်းပြု၍ ဟောတော်မူ၏။ ။

ဗြဟ္မဒတ်မင်းသည်မြို့တွင်းမြို့ပ ဇနပုဒ်တို့၌လည်း မိမိကျေးဇူးမဲ့ကိုဆိုသောသူကိုမမြင်၊ မိမိကျေးဇူးစကားကိုသာ ကြားရ၍ ဟိမဝန္တာ၌ ကျေးဇူးမဲ့ကိုဆိုကုန်သလောဟု တောသို့ဝင်၍လှည့်လည်သော်၊ဘုရား လောင်း၏ကျောင်းသို့ရောက်၍ ဘုရားလောင်းကိုရှိခိုး၍ ပြုအပ်သောပဋိသန္ဓာရရှိသည်ဖြစ်၍တင့်အပ်လျောက်ပတ်စွာနေ၏။ ထိုအခါဘုရားလောင်းသည် တောမှ ပညောင်သီးမှည့်တို့ကို ဆောင်၍သုံးဆောင်၏။ ထိုပညောင်သီးမှည့်တို့သည် ချိုကုန်၏။ သကာ,သကြားမုံ့နှင့်တူကုန်၏။ ဘုရားလောင်းသည်မင်းကိုခေါ်၍၊ ဘုန်းကြီးသောဒါယကာ၊ ဤပညောင်သီးမှည့်ကိုစား၍ရေကိုသောက်လော့ဟုဆို၏။ မင်းသည်ဘုရားလောင်း ဆိုတိုင်းပြု၍ ဘုရားလောင်းကို၊ အရှင်ဘုရား၊ ဤပညောင်သီးမှည့်သည် အဘယ့်ကြောင့်အလွန်ချိုသနည်းဟုမေး၏။ ဘုန်းကြီးသောဒါယကာ၊ မင်းသည်တရားသဖြင့်မင်းပြု၏။ ထို့ကြောင့်ထိုပညောင်သီးမှည့်သည် ချို၏ဟုဆို၏။ အရှင်ဘုရား၊ မင်းတရားမစောင့်သောကာလ၌မချိုခြင်းသည် ဖြစ်သလောဟုမေး၏။ ဘုန်းကြီးသောဒါယကာ၊ ဆိုတိုင်းဟုတ်မှန်၏။ မင်းတို့သည် တရားမစောင့်ကုန်သည်ရှိသော် ဆီ,ပျား,တင်လဲ,အစရှိသည်တို့သည်၎င်း တောသစ်မြစ်သစ်သီးတို့သည်၎င်းမချိုကုန်။ အလုံးစုံသော တိုင်းသည်လည်းဩဇာမရှိသည်ဖြစ်၏။ မင်းတို့သည်တရားစောင့်ကုန်သည်ရှိသော်ခပ်သိမ်းသောအာဟာရတို့သည် ချိုကုန်၏။ သြဇာရှိကုန်၏။ အလုံးစုံသော တိုင်းသည်လည်း ဩဇာရှိသည်ဖြစ်၏ဟု ဆို၏။ မင်းသည် အရှင်ဘုရားမိန့်တော်မူတိုင်း ဖြစ်လတ္တံ့ဟုဆို၍၊ မိမိ၏မင်းအဖြစ်ကို မသိစေမူ၍သာလျှင် ဘုရားလောင်းကိုရှိခိုး၍ ဗာရာဏသီပြည်သို့သွား၍ ရသေ့၏စကားကိုစုံစမ်းအံ့ဟု အဓမ္မဖြင့်ပြု၍ ယခုသိရအံ့ဟု အနည်းငယ်သော ကာလကို လွန်စေ၍ ထိုကျောင်းသို့သွား၍ ထိုဘုရားလောင်းကိုရှိခိုး၍တင့်အပ်လျောက်ပတ်စွာနေ၏။ ဘုရားလောင်းသည်လည်းမင်းအား ရှေးအတူလျှင်ဆို၍ ပညောင်သီးမှည့်ကိုပေး၏။ ထိုပညောင်သီးမှည့်သည် ခါးသောအရသာရှိ၏။ မင်းသည် မချိုအရသာမရှိဟု တံတွေးနှင့်တကွထွေး၍၊ အရှင်ဘုရား၊ ခါး၏ဟုဆို၏။ ဘုရားလောင်းသည်၊ ဘုန်းကြီးသောဒါယကာ၊ မင်းသည် တရားမစောင့်သည်ဖြစ်လတ္တံ့။ မင်းတရားမစောင့်သောကာလ၌တော၌သစ်သီးကြီးငယ်ကိုအစပြု၍ အလုံးစုံသည်မချိုဩဇာမရှိသည်ဟုဆို၍။ ။

(၆၄၀)ဂဝဉ္စေ တရမာနာနံ၊ဇိမှံ ဂစ္ဆတိ ပုင်္ဂဝေါ။

သဗ္ဗာ တာ ဇိမှံ ဂစ္ဆန္တိ၊နေတ္တေ ဇိမှံ ဂတေ သတိ။ ။

(၆၄၁)ဧဝမေဝ မနုဿေသု၊ယော ဟောတိ သေဋ္ဌ-သမ္မတော။

သော စေ အဓမ္မံ စရတိ၊ပဂေဝ ဣတရာ ပဇာ။

သဗ္ဗံ ရဋ္ဌံ ဒုခံ သေတိ၊ရာဇာ စေ ဟောတိ အဓမ္မိကော။ ။

(၆၄၂)ဂဝဉ္စေ တရမာနာနံ၊ဥဇုံ ဂစ္ဆတိ ပုင်္ဂဝေါ။

သဗ္ဗာ တာ ဥဇုံ ဂစ္ဆန္တိ၊နေတ္တေ ဥဇုံ ဂတေ သတိ။ ။

(၆၄၃)ဧဝမေဝ မနုဿေသု၊ယော ဟောတိ သေဋ္ဌ-သမ္မတော။

သော သစေ ဓမ္မံ စရတိ၊ပဂေဝ ဣတရာ ပဇာ။

သဗ္ဗံ ရဋ္ဌံ သုခံ သေတိ၊ရာဇာ စေ ဟောတိ ဓမ္မိကော။ ။

ဟူသောဤလေးဂါထာတို့ကိုဆို၏။ ။

(၆၄၀-၆၄၃)မဟာပုည၊ ဘုန်းကြီးသောဒါယကာ။ တရမာနာနံ၊ မြစ်ကိုကူးကုန်သော။ ဂဝံ၊ နွားတို့တွင်။ ပုင်္ဂဝေါ၊ ရှေ့ဆောင်နွားလားသည်။ ဇိမှံ၊ ကောက်စွာ။ စေဂစ္ဆတိ၊ အကယ်၍သွားငြားအံ့။ နေတ္တေ၊ နွားအပေါင်းကို သိမ်းပိုက်၍ဆောင်တတ်သော ရှေ့ဆောင်နွားအကြီးဥသဘသည်။ ဇိမှံ၊ ကောက်စွာ။ ဂတေ၊ သွားသည်။ သတိ၊ ရှိသော်။ သဗ္ဗာ၊ ကုန်အောင်စုံသော။ တာ၊ ထိုနောက်လိုက်နွားမတို့သည်။ ဇိမှံ၊ ကောက်စွာ။ ဂစ္ဆန္တိဣဝ၊ သွားကုန်၏သို့။ ။

ဧဝမေဝ၊ ဤအတူလျှင်။ မနုဿေသု၊ လူတို့တွင်။ ယော၊ အကြင်မင်းသည်။ သေဋ္ဌသမ္မတော၊ အမြတ်ဟူ၍ သမုတ်အပ်သည်။ ဟောတိ၊ ဖြစ်၏။ သော၊ ထိုလူတွင်အမြတ် သမုတ်အပ်သော မင်းသည်။ အဓမ္မံ၊ ဆန္ဒာဂတိ စသည်သို့လိုက်သောအားဖြင့် တရားမဟုတ်သော အကျင့်ကို။ စေစရတိ၊ အကယ်၍ကျင့်အံ့။ ဣတရာ၊ လူတွင်အမြတ် သမုတ်အပ်သော မင်းမှတစ်ပါးသော။ ပဇာ၊ သတ္တဝါအပေါင်းသည်။ ပဂေဝ ပုရေတရမေဝ၊ ရှေးဦးစွာပင်လျှင်။ အဓမ္မံ၊ တရားမဟုတ်သော အကျင့်ကို။ စရတိ၊ ကျင့်တတ်ချေ၏။ ရာဇာ၊ မင်းသည်။ အဓမ္မိကော၊ အဂတိလေးပါးသို့ လိုက်သောအားဖြင့် တရားမစောင့်သည်။ စေဟောတိ၊ အကယ်၍ဖြစ်အံ့။ သဗ္ဗံ၊ ကုန်အောင်စုံသော။ ရဋ္ဌံ၊ တိုင်းသူပြည်သားအပေါင်းသည်။ ဒုခံ၊ ဆင်းရဲစွာ။ သေတိ၊ အိပ်ရ၏။ ။

တရမာနာနံ၊ မြစ်ကိုကူးကုန်သော။ ဂဝံ၊ နွားတို့တွင်။ ပုင်္ဂဝေါ၊ ရှေ့ဆောင် နွားလားသည်။ ဥဇုံ၊ ဖြောင့်စွာ။ စေဂစ္ဆတိ၊ အကယ်၍သွားငြားအံ့။ နေတ္တေ၊ နွားအပေါင်းကို သိမ်းပိုက်၍ဆောင်ယူတတ်သောရှေ့ဆောင်နွားအကြီးဥသဘသည်။ ဥဇုံ၊ ဖြောင့်စွာ။ ဂတေ၊ သွားသည်။ သတိ၊ ရှိသော်။ သဗ္ဗာ၊ ကုန်အောင်စုံသော။ ဂါဝီ၊ နွားမတို့သည်။ ဥဇုံ၊ ဖြောင့်စွာ။ ယန္တိဣဝ၊ သွားကုန်၏သို့။ ဧဝမေဝ၊ ဤအတူသာလျှင်။ မနုဿေသု၊ လူတို့တွင်။ ယော၊ အကြင်မင်းသည်။ သေဋ္ဌသမ္မတော၊ အမြတ်ဟူ၍သမုတ်အပ်သည်။ ဟောတိ၊ ဖြစ်၏။ သော၊ ထိုလူတွင်အမြတ် သမုတ်အပ်သောမင်းသည်။ ဓမ္မံ၊ တရားကို။ သစေစရတိ၊ အကယ်၍ကျင့်အံ့။ ဣတရာ၊ လူတွင်အမြတ် သမုတ်အပ်သော မင်းမှတစ်ပါးသော။ ပဇာ၊ သတ္တဝါအပေါင်းသည်။ ပဂေဝ ပုရေတရမေဝ၊ ရှေးဦးစွာပင်လျှင်။ ဓမ္မံ၊ တရားကို။ စရတိ၊ ကျင့်၏။ ရာဇာ၊ မင်းသည်။ ဓမ္မိကော၊ အဂတိလေးပါးကို ပယ်ရှား၍ တရားကျင့်သည်။ စေဟောတိ၊ အကယ်၍ဖြစ်အံ့။ သဗ္ဗံ၊ ကုန်အောင်စုံသော။ ရဋ္ဌံ၊ တိုင်းသူပြည်သား အပေါင်းသည်။ သုခံ၊ ချမ်းသာစွာ။ သေတိ၊ အိပ်ရ၏။ ။

ဂဝံ၌ဝေါသဒ္ဒါသည် ဥသဘနွားနှင့်တကွ နိဒ္ဓါရဏသမုဒါယဖြစ်၍ နွားပိုက် နွားမနှစ်ပါးကို ဟောသည်။ ပုင်္ဂဝေါဖြင့် နိဒ္ဓါရဏီယ ဥသဘနွားကိုယူပြီးရကား၊ နွားမအပေါင်းသာကျန်၍ သဗ္ဗာတာ,ဟု-ဣတ္ထိလိင်ဆိုသည်။ ။

ပရိဂ္ဂဟေတွာနေတီတိနေတ္တာ။ ။ ယောပုင်္ဂဝေါ၊ သည်။ သဗ္ဗာ၊ အလုံးစုံသော နွားမတို့ကို။ ပရိဂ္ဂဟေတွာ၊ သိမ်းပိုက်၍။ နေတိ၊ ဆောင်တတ်၏။ ဣတိတသ္မာ၊ ကြောင့်။ နေတ္တာ၊ နေတ္တုမည်၏။‌ ။ နေတ္တု သဒ္ဒါနောင်သ္မိ ဝိဘတ်ကိုဧပြု၍နေတ္တေပြီးသည်။ ။ နေတ္တုတောသ္မိမေ။ နေတ္တေဥဇုံဂတေ။ ဝါတိကိံ။ နေတ္တရိ။ ။ သဒ္ဒနီတိ။ ။ ပဂေဝဣတရာ ပဇာတိ ဣတရေသတ္တာ ပုရေတရမေဝ အဓမ္မံစရန္တီတိအတ္ထော။ ။ ဟု-အဋ္ဌကထာ ဖွင့်ရကား။ ဤ၌ပဂေဝပဂေါဧဝပုဒ်ဖြတ်၍ ပဂေါသဒ္ဒါဟူသည် ပုရေတရအနက်ကို ဟောသည်။ ပဂေဝ၊ အဘယ်ဆိုဖွယ် ရှိအံ့နည်းဟု ယောဇနာသောအနက်ကားအဖွင့်မရှိ။ ။ ပပေဝသာဝတ္ထိံ ပိဏ္ဍာယစရိတုံ၌ကား။ ပဂေဝပဂေါဧဝ၊ စောသေးသလျှင်ကတည်းဟု ပါတောအနက်ကို ဟောသည်မှတ်။ ဒုခံ၌ဆန်းကိုငဲ့၍ ဝိသံယောဂ။ သေတိပင်ဆိုသော်လည်း ပဋ္ဌာနနည်းယူ၍ ဣရိယာပုထ်လေးပါးကိုပင်ရသည်။ ထိုကြောင့်။ ။ စတူသုဣရိယာပထေသုသုခမေဝဟောတိ။ ။ ဟု-အဋ္ဌကထာမိန့်သော်။ ။

ရာဇောဝါဒဇာတကံ စတုတ္ထံ။၃၃၄။