Issues
Select Version
နိဿယ-1
မြန်မာဘာသာ
Jātakapāḷi(Paṭhamo bhāgo)
Jātakapāḷi(Paṭhamo bhāgo)

343. Kuntinījātakaṃ (4-5-3)

Author: နိဿယ-1 @ IAPT

နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ အဝသိမှတဝါဂါရေ, အစရှိသောဂါထာပုဒ်ဖြင့် တန်းဆာဆင်အပ်သော ဤကုန္တနိဇာတ်ကို၊ဇေတဝန်ကျောင်းတော်၌သီတင်းသုံးနေတော်မူစဉ်၊ ကောသလမင်း၏နန်း၌နေသော ကြိုးကြာငှက်မကို အကြောင်းပြု၍ဟောတော်မူ၏။ ။

ဤကြိုးကြာမသည် ကျားကိုလူငယ်တို့ကို သတ်စေပြီး၍ ယခုငါသည်ဤအရပ်၌နေခြင်းငှါမတတ်ကောင်း၊သွားအံ့။ သွားသော်မင်းအားမကြားမူ၍မသွားအံ့။ မင်းအားကြား၍သာလျှင်သွားအံ့ဟုကြံ၏။ ကြံပြီး၍ထိုကြိုးကြာမသည်မင်းသို့ ဆည်းကပ်၍ရှိခိုး၍ တင့်အပ်လျောက်ပတ်စွာရပ်လျက်။ အသျှင်၊ အသျှင်တို့သည်စေခိုင်း၍မေ့လျော့သဖြင့်အကျွန်ုပ်၏ သားတို့ကိုသူငယ်တို့သည်သတ်ကုန်ပြီ။ အကျွန်ုပ်သည်အမျက်ဒေါသ အလိုသို့လိုက်၍ထိုသူငယ်တို့ကိုသတ်စားသတ်ပြီ၊ ယခုအကျွန်ုပ်သည်ဤအရပ်၌နေခြင်းငှါမတတ်ကောင်းဟုဆို၍။ ။

(၆၇၆)အဝသိမှ တဝါဂါရေ၊နိစ္စံ သက္ကတ-ပူဇိတာ။

တွမေဝ ဒါနိမကရိ၊ဟန္ဒ ရာဇ ဝဇာမဟံ။ ။

ဟူသောဤပဌမဂါထာကိုဆို၏။ ။

ရာဇမဟာရာဇ၊ မြတ်သောမင်းကြီး။ မယံ၊ အကျွန်ုပ်တို့သည်။ တဝ၊ အရှင်မင်းကြီး၏။ အဂါရေ၊ နန်းတော်၌။ နိစ္စံ၊ အမြဲ။ သက္ကတပူဇိတာ၊ အရိုအသေပြုအပ်ပူဇော်အပ်ကုန်သည်ဖြစ်၍။ အဝသိမှ၊ နေကုန်ပြီ။ မံ၊ အကျွန်ုပ်ကို။ ပဏ္ဏံ၊ မှာစာကို။ ဂါဟာပေတွာ၊ ယူစေ၍။ ပေသေတွာ၊ စေပြီး၍။ အတ္တနော၊ ကိုယ်တော်၏။ ပမာဒေန၊ မေ့လျော့ခြင်းဖြင့်။ မမ၊ အကျွန်ုပ်၏။ ပိယပုတ္တကေ၊ ချစ်စွာသောသားတို့ကို။ အရက္ခန္တော၊ မစောင့်ရှောက်မူ၍။ တွမေဝ၊ အရှင်မင်းကြီးသည်ပင်လျှင်။ ဣဒါနိ၊ ယခု။ မမ၊ အကျွန်ုပ်၏။ ဧတံဒေါမနဿကာရဏံ၊ ဤနှလုံးမသာယာခြင်း၏ အကြောင်းကို။ အကရိ၊ ပြုပြီ။ ဟန္ဒ၊ လွှတ်တော်မူလော့။ အဟံ၊ အကျွန်ုပ်သည်။ ဝဇါမိ၊ သွားအံ့။ ။ (ဟန္ဒာတိဝေါသက္ကတ္ထေနိပါတော)။ ။

ထိုစကားကိုကြား၍မင်းသည်။ ။

(၆၇၇)ယော ဝေ ကတေ ပဋိကတေ၊ကိဗ္ဗိသေ ပဋိကိဗ္ဗိသေ။

ဧဝံ တံ သမ္မတီ ဝေရံ၊ဝသ ကုန္တိနိ မာဂမာ။ ။

ဟူသောဤဒုတိယဂါထာကိုဆို၏။ ။

ကုန္တိနီ၊ ကြိုးကြာမ။ ယော၊ အကြင်သူသည်။ ပရေန၊ သူတစ်ပါးသည်။ ကိဗ္ဗိသေ၊ သားငယ်ကိုသတ်ခြင်းအစရှိသော ကြမ်းကြုတ်သောအမှုကို။ ကတေ၊ ပြုအပ်သည်ရှိသော်။ ပုန၊ တဖန်။ အတ္တနာ၊ မိမိသည်။ တဿပုဂ္ဂလဿ၊ ထိုသူအား။ ပဋိကိဗ္ဗိသေ၊ အစားသတ်ခြင်း အစရှိသောကြမ်းကြုတ်သောအမှုကို။ ပဋိကတေ၊ လက်တုံ့အစားပြုအပ်ပြီးသည်ရှိသော်။ မယာ၊ ငါသည်။ တဿ၊ ထိုသူအား။ ပဋိကတံ၊ လက်တုံ့အစားပြုအပ်ပြီ။ ဣတိ၊ ဤသို့။ စေဇာနာတိ၊ အကယ်၍သိအံ့။ ဧဝံဧတ္တကေန၊ ဤသို့လက်တုံ့အစားချေရသဖြင့်။ တံဝေရံ၊ ထိုရန်သည်။ သမတိ၊ ငြိမ်း၏။ တသ္မာ၊ ထို့ကြောင့်။ တွံ၊ သင်သည်။ ဝသ၊ နေလော့။ မာဂမာ၊ မသွားလေလင့်။ ။

ထိုစကားကိုကြား၍ကြိုးကြာမသည်။ ။

(၆၇၈)န ကတဿ စ ကတ္တာ စ၊မေတ္တိ သန္ဓီယတေ ပုန။

ဟဒယံ နာနုဇာနာတိ၊ဂစ္ဆညေဝ ရထေသဘ။ ။

ဟူသောဤတတိယဂါထာကိုဆို၏။ ။

ရထေသဘ၊ ရထားစီး သူရဲတို့၏ ဥသဘဖြစ်သော မင်းမြတ်။ ကတဿစ၊ နှိပ်စက်အပ်သောသူအား၎င်း။ ယော၊ အကြင်သူသည်။ ကတ္တာ၊ နှိပ်စက်တတ်၏။ တဿစ၊ ထိုနှိပ်စက်တတ်သောသူအား၎င်း။ ဣတိ၊ ဤသို့။ ဣမေသံဒွိန္နံပုဂ္ဂလာနံ၊ ကံနှင့်ကတ္တား ဤနှစ်ပါးသောပုဂ္ဂိုလ်တို့အား။ မိတ္တိ၊ ချစ်ခြင်းသည်။ ဝါ၊မိတ္တိမိတ္တဘာဝေါ၊ အဆွေခင်ပွန်း၏အဖြစ်မည်သည်။ ပုန၊ တဘန်။ နသယန္ဓီတေ၊ မစေ့စပ်နိုင်။ တေနကာရဏေန၊ ထိုအကြောင်းကြောင့်။ မမ၊ အကျွန်ုပ်၏။ ဟဒယံ၊ စိတ်သည်။ ဣဓ၊ ဤရွှေနန်းတော်၌။ ဝါသံ၊ နေခြင်းကို။ နာနုဇာနာသိ၊ မနှစ်သက်ပြီ။ ဂစ္ဆညေဝ၊ သွားအံ့သလျှင်ကတည်း။ ။

မင်းသည်ထိုစကားကိုကြား၍။ ။

(၆၇၉)ကတဿ စေဝ ကတ္တာ စ၊မေတ္တိ သန္ဓီယတေ ပုန။

ဓီရာနံ နော စ ဗာလာနံ၊ဝသ ကုန္တိနိ မာဂမာ။ ။

ဟူသောဤစတုတ္ထဂါထာကိုဆို၏။ ။

ကုန္တိနီ၊ ကြိုးကြာမ။ ကတဿစေဝ၊ နှိပ်စက်အပ်သောသူအား၎င်း။ ယော၊ အကြင်သူသည်။ ကတ္တာ၊ နှိပ်စက်တတ်၏။ တဿစ၊ ထိုနှိပ်စက်တတ်သောသူအား၎င်း။ ဣတိ၊ ဤသို့။ ဓီရာနံ၊ ပညာရှိကုန်သော။ ဣမေသံဒွိန္နံပုဂ္ဂလာနံ၊ ကံနှင့်ကတ္တား ဤနှစ်ပါးသော ပုဂ္ဂိုလ်တို့အား။ မိတ္တိ၊ ချစ်ခြင်းသည်။ ဝါ၊မိတ္တမိတ္တဘာဝေါ၊ အဆွေခင်ပွန်း၏အဖြစ်မည်သည်။ ပုန၊ တဖန်။ သန္ဓီယတေ၊ စေ့စပ်နိုင်၏။ ဗာလာနံ၊ ဗာလပုဂ္ဂိုလ်တို့အား။ နောစသန္ဓီယတေ၊ မစေ့စပ်နိုင်သည်သာတည်း။ ဟိသစ္စံ၊ မှန်၏။ ဓီရာနံ၊ ပညာရှိတို့အား။ မိတ္တိ၊ အဆွေခင်ပွန်း၏အဖြစ်သည်။ ဘိန္နာပိ၊ တစ်စုံတစ်ခုသောအကြောင်းကြောင့်ပျက်သော်လည်း။ ပုန၊ တဖန်။ သန္ဓီယတိ၊ စေ့စပ်နိုင်၏။ ဗာလာနံပန၊ ဗာလပုဂ္ဂိုလ်တို့အား။ သကိံ၊ တစ်ကြိမ်။ ဘိန္နာ၊ ပျက်သောအဆွေခင်ပွန်းအဖြစ်သည်။ ဘိန္နာဝ၊ တဖန်မစေ့စပ်နိုင်ပြီပျက်ကြီးပျက်သည်သာလျှင်။ ဟောတိ၊ ဖြစ်၏။ တသ္မာ၊ ထို့ကြောင့်။ ဝသ၊ နေလော့။ မာဂမာ၊ မသွားလေလင့်။ ။ (ကုန္တိ နိကားအာလုပ်ဖြစ်၍ရဿနေသည်)။ ။

ကုန္တိနီဇာတကံ တတိယံ။၃၄၃။