နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ တိဏံတိဏံ, အစရှိသောဂါထာပုဒ်ဖြင့် တန်းဆာဆင်အပ်သော ဤဗြဟာဆတ္တဇာတ်ကို၊ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ်၊ အံ့ဘွယ်သရဲကိုဖြစ်စေတတ်သော ရဟန်းတစ်ပါးကိုအကြောင်းပြု၍ဟောတော်မူ၏။ ။
ထိုအခါဗာရာဏသီမင်းအားရသေ့တို့သည် ဥယျာဉ်မှဥစ္စာကိုယူ၍ ပြေးကုန်၏ဟုကြားလျှောက်ကုန်၏။ ဗာရာဏသီမင်းသည်ဥယျာဉ်သို့သွား၍ အိုးတို့ကိုဖွင့်စေ၍ မြက်တို့ကိုသာလျှင်မြင်၏။ ဗာရာဏသီမင်းအား ဥစ္စာတို့ကိုအမှီပြု၍ကြီးစွာသောစိုးရိမ်ခြင်းသည်ဖြစ်၏။ ဗာရာဏသီမင်းသည် မြို့သို့သွား၍ မြက်သာလျှင်တည်း မြက်သာလျှင်တည်းဟု မြည်လျက်သွား၏။ ထိုမင်း၏သောကကိုငြိမ်းစိမ့်သောငှါ တစ်စုံတစ်ယောက်သောသူသည်မတတ်နိုင်။ ဘုရားလောင်းသည် မင်းကား ကြီးစွာသော စိုးရိမ်ခြင်းရှိ၍မြည်တမ်းလျက်သွား၏။ ငါ့ကိုထား၍ငါမှတစ်ပါး တစ်စုံတစ်ယောက်သောသူသည် ဤမင်း၏စိုးရိမ်ခြင်းကိုပယ်အံ့သောငှါမတတ်နိုင်။ ငါသည်မင်းအားစိုးရိမ်ခြင်းမရှိသည်ကိုပြုအံ့ဟုကြံ၏။ ကြံပြီး၍ထိုဘုရားလောင်းသည် တစ်နေ့သ၌ မင်းနှင့်တကွ ချမ်းသာစွာနေလျက် မင်းသည်မြည်တမ်းသောကာလ၌။ ။
(၆၄၈)တိဏံ တိဏန္တိ လပသိ၊ကော နု တေ တိဏမာဟရိ။
ကိံ နု တေ တိဏကိစ္စတ္ထိ၊တိဏမေဝ ပဘာသသိ။ ။
ဟူသောဤပဌမဂါထာကိုဆို၏။ ။
ထိုစကားကိုကြား၍မင်းသည်။ ။
(၆၄၉)ဣဓာဂမာ ဗြဟ္မ-စာရီ၊ဗြဟာ ဆတ္တော ဗဟုဿုတော။
သော မေ သဗ္ဗံ သမာဒါယ၊တိဏံ နိက္ခိပ္ပ ဂစ္ဆတိ။ ။
ဟူသောဤဒုတိယဂါထာကိုဆို၏။ ။
ထိုစကားကိုကြား၍ဘုရားလောင်းသည်။ ။
(၆၅၀)ဧဝေတံ ဟောတိ ကတ္တဗ္ဗံ၊အပ္ပေန ဗဟုမိစ္ဆတာ။
သဗ္ဗံ သကဿ အာဒါနံ၊အနာဒါနံ တိဏဿ စ။
စာဋီသု ပက္ခိပိတွာန၊တတ္ထ ကာ ပရိဒေဝနာ။ ။
ဟူသောဤတတိယဂါထာကိုဆို၏။ ။
မင်းသည်ထိုစကားကိုကြား၍။ ။
(၆၅၁)သီလဝန္တော န ကုဗ္ဗန္တိ၊ဗာလော သီလာနိ ကုဗ္ဗတိ။
အနိစ္စ-သီလံ ဒုဿီလျံ၊ကိံ ပဏ္ဍိစ္စံ ကရိဿတိ။ ။
ဟူသောဤစတုတ္ထဂါထာကိုဆို၏။ ။
(၆၅၁)ပဏ္ဍိတ၊ ပညာရှိ။ သီလဝန္တော၊ သီလရှိသောသူတို့သည်။ ဧဝရူပံ၊ ဤသို့သဘောရှိသောယုတ်မာသောအမှုကို။ နကြုဗ္ဗန္တိ၊ မပြုကုန်။ ဗာလော၊ မကောင်းသောအကျင့်ရှိသောသူမိုက်သည်။ ဧဝရူပါနိ၊ ဤသို့သဘောရှိကုန်သော။ သီလာနိ၊ မိမိ၏ အနာစာရဟုဆိုအပ်သော အလေ့အကျင့်တို့ကို။ ကြုဗ္ဗတိ၊ ပြု၏။ အနိစ္စသီလံ၊ မမြဲသောသီလရှိသော။ ဒုဿိလျံ၊ သီလမရှိသောသူကို။ ပဏ္ဍိစ္စံ၊ ဗာဟုဿစ္စဖြင့်ထုံအပ်သောပညာရှိသည်၏အဖြစ်သည်။ ကိံကရိဿတိ၊ အဘယ်ကိစ္စကို ပြုလတ္တံ့နည်း။ ဝါ၊ အကျိုးကိုပြည့်စုံစေလတ္တံ့နည်း။ ။
ဒုဿီလောဧဝဒုဿိလျံ။ ဏျပစ္စည်း အနက်မရှိ။ ထို့ကြောင့် ဒုဿီလန္တိဒုဿိလျံ,ဖွင့်သည်။ ။
ဗြဟာဆတ္တဇာတကံ ဆဋ္ဌံ။၃၃၆။