နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ အစေတနံဗြာဟ္မဏအဿုဏန္တံ,အစရှိသောဂါထာပုဒ်ဖြင့် တန်းဆာဆင်အပ်သော ဤပလာသဇာတ်ကို၊ ပရိနိဗ္ဗာန်ပြုတော်မူရာ ညောင်စောင်းတော်၌ လျောင်းတော်မူလျက် အသျှင်အာနန္ဒာမထေရ်ကို အကြောင်းပြု၍ဟောတော်မူ၏။ ။
တစ်နေ့သ၌ရုက္ခစိုးနတ်သည် ဤပုဏ္ဏားကား အလွန်လျှင် ငါ့ကိုလုပ်ကျွေး၏။ ဤပုဏ္ဏါးကိုစုံစမ်း၍အကြင်အကြောင်းကြောင့်ငါ့ကိုလုပ်ကျွေး၏၊ ထိုအကြောင်းကိုမေးအံ့ဟုကြံ၏၊ ကြံပြီး၍ထိုရုက္ခစိုးနတ်သည် ထိုခဏ၌ပုဏ္ဏားလာ၍ သစ်ပင်ရင်းကို တံမြက်လှည်းသည်ရှိသော် ပုဏ္ဏား အို၏အသွင်ဖြင့်အနီး၌ရပ်၍။ ။
(၅၃၂)အ-စေတနံ ဗြာဟ္မဏ အ-ဿုဏန္တံ၊ဇာနော အ-ဇာနန္တ-မိမံ ပလာသံ။
အာရဒ္ဓ-ဝိရိယော ဓုဝ-မ-ပ္ပမတ္တော၊သုခ-သေယျံ ပုစ္ဆသိ ကိဿ ဟေတု။ ။
ဟူသောရှေးဦးစွာသောဂါထာကိုဆို၏။ ။
ထိုစကားကိုကြား၍ပုဏ္ဏားသည်။ ။
(၅၃၃)ဒူရေ သုတော စေဝ ဗြဟာ စ ရုက္ခော၊ဒေသေ ဌိတော ဘူတ-နိဝါသ-ရူပေါ။
တသ္မာ နမဿာမိ ဣမံ ပလာသံ၊ယေ စေ-တ္ထ ဘူတာ တေ ဓနဿ ဟေတု။ ။
ဟူသောဤဒုတိယဂါထာကိုဆို၏။ ။
ထိုစကားကို ကြား၍ရုက္ခစိုးနတ်သည်ပုဏ္ဏားအားကြည်ညိုကုန်၍၊ ပုဏ္ဏား၊ ငါသည်ဤပေါက်ပင်၌ ဖြစ်သောနတ်တည်း။ သင်မကြောက်လင့်။ သင့်အားဥစ္စာကိုပေးအံ့ဟုပုဏ္ဏားကိုနှစ်သိမ့်စေ၍ မိမိဗိမာန်တံခါး၌ကြီးစွာသောနတ်၏အာနုဘော်အားဖြင့် ကောင်းကင်၌ရပ်၍။ ။
(၅၃၄)သော တေ ကရိဿာမိ ယထာ-နုဘာဝံ၊ကတညုတံ ဗြာဟ္မဏ ပေက္ခမာနော။
ကထဉှိ အာဂမ္မ သတံ သကာသေ၊မောဃာနိ တေ အဿု ပရိဖန္ဒိတာနိ။ ။
(၅၃၅)ယော တိန္ဒုက-ရုက္ခဿ ပုရော မိလက္ခု၊ပရိဝါရိတော ပုဗ္ဗ-ယညော ဥဠာရော။
တဿေသ မူလသ္မိံ နိဓိ နိခါတော၊အ-ဒါယာဒေါ ဂစ္ဆ နံ ဥဒ္ဓရာဟိ။ ။
ဟူသောဤနှစ်ဂါထာတို့ကိုဆို၏။ ။
(၅၃၄-၅၃၅)ဗြာဟ္မဏ၊ ပုဏ္ဏား။ သောအဟံ၊ ထိုငါသည်။ ကတညုတံ၊ သင်ပြုပေသောကျေးဇူးကိုသိသည်၏အဖြစ်ကို။ အပေက္ခမာနော၊ ရှုလျက်။ ယထာ-နုဘာဝံ၊ အစွမ်းသတ္တိအားလျော်စွာ။ တေ၊ သင်အား။ ကရိဿာမိ၊ ကျေးဇူးပြုအံ့။ ဟိသစ္စံ၊ မှန်၏။ သတံ၊ သူတော်ကောင်းတို့၏။ သကာသေသန္တိကေ၊ အထံ၌။ ကတံ၊ ပြုအပ်သောကျေးဇူးသို့။ အာဂမ္မ၊ ရောက်၍။ တေ၊ သင်၏။ ပရိဖန္ဒိတာနိ၊ ကိုယ်နှုတ်တို့ဖြင့်လုံ့လပြုခြင်းတို့သည်။ အ-မောဃာ၊ အချည်းနှီးအကျိုးမရှိသည်မဟုတ်ကုန်သည်။ အဿု၊ ဖြစ်ကုန်၏။ ။
သမ္မဗြာဟ္မဏ၊ အချင်းပုဏ္ဏား။ တိန္ဒုက-ရုက္ခဿ၊ တည်ပင်၏။ ပုရောပုရတေါ၊ ရှေးအဖို့၌။ ယောမိလက္ခု၊ အကြင်ညောင်ကြတ်ပင်သည်။ ဌိတော၊ တည်၏။ တဿေဝ၊ ထိုညောင်ကြတ်ပင်၏သာလျှင်။ မူလသ္မိံ၊ အမြစ်ရင်း၌။ ပရိဝါရိတော၊ ညောင်ကြတ်ပင်ကိုဝန်းရံလျက်။ ပုဗ္ဗ-ယညော၊ ရှေး၌အရှင်ရှိဘူးသော။ ဥဠာရော၊ များစွာသော။ နိခါတော၊ မြှုပ်ထားအပ်သော။ နိဓိ၊ ရွှေအိုးသည်။ အ-ဒါယာဒေါ၊ ယခုအမွေခံမရှိပြီ။ ဂစ္ဆ၊ သွားချေ။ နံ၊ ထိုဥစ္စာအိုးကို။ ဥဒ္ဓရာဟိ၊ ထုတ်ဖော်ချေလော့။ ။
ဤသို့ဆိုပြီး၍၊ ထိုရုက္ခစိုးနတ်သည်၊ပုဏ္ဏား၊သင်သည်ထိုဥစ္စာအိုးကိုထုတ်၍ယူသည်ရှိသော်ပင်ပန်းလတ္တံ့။ သင်သည်သွားလေလော့။ ငါသည်လျှင်ထိုဥစ္စာအိုးကိုသင့်အိမ်သို့ဆောင်၍ဤမည် ဤမည်သောအရပ်၌မြှုပ်ထားအံ့။ သင်သည် ထိုဥစ္စာကိုအသက်ထက်ဆုံးသုံးဆောင်လျက်အလှူပေးလေလော့။ သီလစောင့်လေလော့ဟုပုဏ္ဏားအားဆုံးမ၍ ထိုဥစ္စာကို မိမိအာနုဘော်ဖြင့် ပုဏ္ဏား၏အိမ်၌တည်စေ၏ ။ ။
ပလာသဇာတကံ သတ္တမံ။၃၀၇။