နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ ဒုဒ္ဒုဘာယတိ ဘဒ္ဒန္တေ, အစရှိသောဂါထာပုဒ်ဖြင့် တန်းဆာဆင်အပ်သော ဤဒုဒ္ဒုဘာယဇာတ်ကို၊ ဇေတဝန်ကျောင်းတော်၌သီတင်းသုံးနေတော်မူစဉ်၊ သာသနာတော်မှ အပဖြစ်သောတိတ္ထိတို့ကို အကြောင်းပြု၍ဟောတော်မူ၏။ ။
ခြင်္သေ့သည် စင်စစ်သဖြင့်ထန်းရွက်၏အထက်၌ ဥသျှစ်သီးမှည့်ကျ၍၊ဒုန်းဒုန်းဟူသော အသံကိုပြု၏။ ထိုယုန်ငယ်သည်ထိုအသံကိုကြား၍ မြေပြိုသည်ဟူသော အမှတ်ကိုဖြစ်စေ၍ ပြေးသည်ဖြစ်လတ္တံ့။ အဟုတ် အမှန်အားဖြင့် ထိုအကြောင်းကိုသိအောင်ပြုအံ့ဟုကြံ၏။ ကြံပြီး၍ခြင်္သေ့သည်ထိုယုန်ငယ်ကိုယူ၍နှစ်သိမ့်စေ၍၊ ဤယုန်ငယ်မြင်ရာအရပ်၌ မြေပြိုသည်၏အဖြစ်ကိုအဟုတ်အမှန်အားဖြင့် ငါသိအောင်ပြု၍လာသည်တိုင်အောင်သင်တို့သည် ဤ၌နေကြကုန်ဦးဟုဆို၍ယုန်ငယ်ကို ကျောက်ကုန်း၌တင်၍ခြင်္သေ့၏အဟုန်ဖြင့်ပြေး၍ထန်းတော၌ယုန်ငယ်ကိုချ၍၊အချင်း၊ လာလော့၊သင်မြင်သောအရပ်ကိုပြလော့ဟုဆို၏။ သခင်၊ကျွန်ုပ်မပြဝံ့ဟုဆို၏။ အချင်း၊ မကြောက်လင့်ဟုဆိုလတ်သော်၊ ထိုယုန်ငယ်သည်ဥသျှစ်ပင်သို့ချဉ်းကပ်အံ့သောငှာမဝံ့ရကားအဝေး၌ရပ်၍၊ အရှင်၊ ဤအရပ်သည်ကားဒုန်းဒုန်းမြည်ရာအရပ်တည်းဟုဆို၍။ ။
(၅၉၂)ဒုဒ္ဒုဘာယတိဘဒ္ဒ-န္တေ၊ယသ္မိံ ဒေသေ ဝသာမ-ဟံ။
အဟံ ပေ-တံ န ဇာနာမိ၊ကိ-မေတံ ဒုဒ္ဒုဘာယတိ။ ။
ဟူသောရှေးဦးစွာသောဂါထာကိုဆို၏။ ။
(၅၉၂)သာမိ၊ အရှင်။ တေ၊ အရှင်အား။ ဘဒ္ဒံ၊ ကောင်းခြင်းသည်။ အတ္ထု၊ ဖြစ်စေသတည်း။ ယသ္မိံဒေသေ၊ အကြင်အရပ်၌။ အဟံ၊ ငါသည်။ ဝသာမိ၊ နေ၏။ တတ္ထ၊ ထိုအရပ်၌။ ဒုဒ္ဒုဘာယတိ ဒုဒ္ဒုသဒ္ဒံကရောတိ၊ ဒုန်းဒုန်းအသံပြု၏။ ယံ၊ အကြင်ဝတ္ထုသည်။ ဒုဒ္ဒုဘာယတိ၊ ဒုန်းဒုန်းအသံပြု၏။ ဧတံ၊ ဤဒုန်းဒုန်းအသံပြုသောဝတ္ထုသည်။ ကိံဝါ၊ အဘယ်ဝတ္ထုဖြစ်လိမ့်နည်း။ ကေနဝါကာရဏေန၊ အဘယ်အကြောင်းကြောင့်မူလည်း။ ဧတံ၊ ဤဝတ္ထုသည်။ ဒုဒ္ဒုဘာယတိ၊ ဒုန်းဒုန်းအသံပြုလေသနည်း။ ဣတိ၊ ဤသို့။ အဟံပိ၊ ငါသည်လည်း။ ဧတံ၊ ဤဒုန်းဒုန်းအသံပြုသောဝတ္ထုကို။ ဝါ၊ ဒုန်းဒုန်းအသံပြုခြင်း၏အကြောင်းကို။ နဇာနာမိ၊ မသိ။ ။
ဤသို့ဆိုလတ်သော်၊ ခြင်္သေ့သည်ဥသျှစ်ပင်ရင်းသို့သွား၍ ထန်းပင်အောက်၌ယုန်ငယ် အိပ်ရာအရပ် ကို၎င်း၊ ထန်းရွက်ထက်ကျသောဥသျှစ်သီးမှည့်ကို၎င်း မြင်၍၊မြေမပြိုသည်၏အဖြစ်ကိုအမှန်အားဖြင့်သိ၍၊ ယုန်ငယ်ကိုကျောက်ကုန်း၌တင်၍ ခြင်္သေ့၏အဟုန်ဖြင့် လျင်မြန်စွာ သားအပေါင်းတို့၏အထံသို့သွား၍ အလုံးစုံသောအကြောင်းကိုကြား၍၊ သင်တို့သည် မကြောက်ကြကုန်လင့်ဟု သားအပေါင်းကိုနှစ်သိမ့်စေ၍လွှတ်လိုက်၏။ ထိုအခါဘုရားလောင်းမရှိငြားအံ့၊ ခပ်သိမ်းသောသားတို့သည်သမုဒ္ဒရာသို့ဝင်၍ ပျက်စီးကုန်ရာ၏။ ဘုရားလောင်းကိုမှီ၍၊ ခပ်သိမ်းသောသားတို့သည် အသက်ကိုရကုန်၏။
သဗ္ဗညုမြတ်စွာဘုရားသည် ဤအတိတ်ကိုဆောင်တော်မူ၍ ဘုရားဖြစ်ပြီး၍။ ။
(၅၉၃)ဗေလုဝံ ပတိတံ သုတွာ၊ဒုဒ္ဒုဘန္တိ သသော ဇဝိ။
သသဿ ဝစနံ သုတွာ၊သန္တတ္တာ မိဂ-ဝါဟိနီ။ ။
(၅၉၄)အ-ပ္ပတွာ ပဒ-ဝိညာဏံ၊ပရ-ဃောသာ-နုသာရိနော။
ပမာဒ-ပရမာ ဗာလာ၊တေ ဟောန္တိ ပရ-ပတ္တိယာ။ ။
(၅၉၅)ယေ စ သီလေန သမ္ပန္နာ၊ပညာယူ-ပသမေ ရတာ။
အာရကာ ဝိရတာ ဓီရာ၊န ဟောန္တိ ပရ-ပတ္တိယာ။ ။
ဟူသောဤသုံးခုကုန်သောအဘိသမ္ဗုဒ္ဓဂါထာတို့ကိုဟောတော်မူ၏။ ။
(၅၉၃-၅၉၅)သသော၊ ယုန်သူငယ်သည်။ ဒုဒ္ဒုဘန္တိ၊ ဒုန်းဒုန်းဟူသောအသံကို။ ကုရုမာနံ၊ ပြုလျက်။ ပတိတံ၊ ကြွေသော။ ဗေလုဝံ၊ ဥသျှစ်သီးမှည့်အသံကို။ သုတွာ၊ ကြား၍။ ဇဝိ၊ မဟာပထဝီပြိုခဲ့ပြီဟု၊ ဖန္တီဖန်တွတ်ရေးရွတ်မြည်လျက် အသက်လွတ်ပစေဟု၊ မနေမနားလွှားခုန်၍ပြေး၏။ သသဿ၊ ယုန်သူငယ်၏။ ဝစနံ၊ မဟာပထဝီပြိုခဲ့ပြီဟူသောစကားကို။ သုတွာ၊ ကြား၍။ မိဂဝါဟိနီ၊ သားအပေါင်းသည်။ သန္တတ္တာဥတြသ္တာ၊ ထိတ်လန့်သော နှလုံးရှိသည်ဖြစ်၍။ ဇဝိ၊ လျင်သောအဟုန်ဖြင့်ပြေး၏။ ။
ယေဗာလာ၊ အကြင်အန္ဓ ပုထုဇဉ်တို့သည်။ ပဒ-ဝိညာဏံ ဝိညာဏပဒံ သောတာပတ္တိဝိညာဏကောဋ္ဌာသံ၊ သောတာပတ္တိဝိညာဉ်အစုသို့။ အပတွာ၊ မရောက်မူ၍။ ဝါ၊ မရောက်သောကြောင့်။ ပရဃောသာနုသာရိနော၊ သူတစ်ပါးတို့၏စကားကိုအစဉ်မှီးကုန်သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။ တေဗာလာ၊ ထိုအန္ဓပုထုဇဉ်တို့သည်။ ပမာဒပရမာ၊ ထိုသူတစ်ပါးတို့၏အသံဟုဆိုအပ်သောမေ့လျော့ကြောင်းကို အမြတ်ဟူ၍မှတ်ထင်ကုန်သည်ဖြစ်၍။ ပရပတ္တိယာ၊ သူတစ်ပါးစကားကိုယုံကြည်ကုန်သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။ သဒ္ဒဟိတွာ၊ သူတစ်ပါးကိုယုံကြည်ခြင်းကြောင့်။ ယံဝါတံဝါ၊ ဟုတ်ဟုတ်ငြားငြားအကျိုးမရှိသောအမှုကို။ ကရောန္တိ၊ ပြုကုန်၏။
ယေဓီရာ၊ အကြင်ပညာရှိတို့သည်။ သီလေနစ၊ အရိယမဂ်ဖြင့်လာသောသီလနှင့်လည်း။ သမ္ပန္နာ၊ ပြည့်စုံကုန်၏။ ပညာယစ၊ အရိယာမဂ်ဖြင့်လာသော ပညာနှင့်လည်း။ သမ္ပန္နာ၊ ပြည့်စုံကုန်၏။ ဥပသမေ၊ ကိလေသာ၏ငြိမ်းရာဖြစ်သောနိဗ္ဗာန်၌။ ရတာ၊ မွေ့လျော်ကုန်၏။ အာရကာ၊ မကောင်းမှုကိုပြုခြင်းမှဝေးကုန်သည်ဖြစ်၍။ ဝိရတာ၊ မကောင်းမှု အကုသိုလ်ဟူသော အညစ်တရားမှ အထူးသဖြင့်ကြဉ်ရှောင်ကုန်သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။ တေဧဝရူပါ၊ ထိုဆိုအပ်ပြီးသော သဘောရှိကုန်သော သောတာပန်ပုဂ္ဂိုလ်တို့သည်။ ပရ-ပတ္တိယာ၊ သူတစ်ပါး စကားဖြင့် ယုံကြည်ရကုန်သည်။ နဟောန္တိ၊ မဖြစ်ကုန်။
ဒုဒ္ဒုဘဇာတကံဒုတိယံ။၃၂၂။