နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ ယောဝေကာလေ အသမ္ပတ္တေ,အစရှိသောဂါထာပုဒ်ဖြင့် တန်းဆာဆင်အပ်သော ဤကောကာလိကဇာတ်ကို၊ ဇေတဝန်ကျောင်းကြီး၌သီတင်းသုံးနေတော်မူစဉ်၊ ကောကာလိကကိုအကြောင်းပြု၍ဟောတော်မူ၏။ ။
မင်းသည်ဘုရားလောင်းကိုအဆွေ၊ ဤအကြောင်းကားအသို့နည်းဟုမေး၏။ ဘုရားလောင်းသည်ငါကားမင်းကိုမြစ်အံ့သောငှါ တစ်ခုသောဥပမာကိုရှာ၏။ ယခုထိုဥပမာကိုငါရပြီဟုကြံ၍၊ မြတ်သောမင်းကြီးအလွန်နှုတ်ကြမ်းကုန်သော စကားများကုန်သောသူတို့သည် ဤသို့သဘောရှိသော ဆင်းရဲကို ရကုန်၏။ မြတ်သောမင်းကြီး ဤဥဩငယ်သည် အတောင်မရောက်သေး၊ အခါမဟုတ်မီကလျှင် ဥဩသံကို မည်၏။ ထို့ကြောင့်ဤဥသြငယ်ကို ကျီးမသည် ဤငှက်ကား ငါ့သားမဟုတ်ဟုသိ၍ နှုတ်ဖြင့်ထိုးသတ်၍အသိုက်မှချ၏။ လူဖြစ်စေ တိရစ္ဆာန်ဖြစ်စေ အခါမဟုတ်သည်၌ စကားများကုန်သော သူတို့သည် ဤသို့သဘောရှိသော ဆင်းရဲကိုရကုန်၏ဟုဆို၍။ ။
(၆၂၈)ယော ဝေ ကာလေ အ-သမ္ပတ္တေ၊အတိဝေလံ ပဘာသတိ။
ဧဝံ သော နိဟတော သေတိ၊ကောကိလာယိဝ အတြဇော။ ။
(၆၂၉)န ဟိ သတ္ထံ သုနိသိတံ၊ဝိသံ ဟလာဟလာမိဝ။
ဧဝံ နိက္ကဍ္ဎေ ပါတေတိ၊ဝါစာ ဒုဗ္ဘာသိတာ ယထာ။ ။
(၆၃၀)တသ္မာ ကာလေ အ-ကာလေဝါ၊ဝါစံ ရက္ခေယျ ပဏ္ဍိတော။
နာတိဝေလံ ပဘာသေယျ၊အပိ အတ္တသမမှိ ဝါ။ ။
(၆၃၁)ယော စ ကာလေ မိတံ ဘာသေ၊မတိ-ပုဗ္ဗော ဝိစက္ခဏော။
သဗ္ဗေ အမိတ္တေ အာဒေတိ၊သုပဏ္ဏော ဥရဂါမိဝ။ ။
ဟူသောဤလေးဂါထာတို့ကိုဆို၏။ ။
(၆၂၈-၆၃၁)မဟာရာဇ၊ မြတ်သောမင်းကြီး။ ယော၊ အကြင်သူသည်။ ဝေ၊ စင်စစ်။ ကာလေ၊ မိမိ၏စကားကိုဆိုရာကာလသည်။ အသမ္ပတ္တေ၊ မရောက်မီ။ ပဘာသတိ၊ စကားဆိုတတ်၏။ အတိဝေလံ၊ အပိုင်းအခြားကိုလွန်၍မူလည်း။ ပဘာသတိ၊ ဆိုတတ်၏။ ကောကိလာယ၊ ဥဩမ၏။ အတြဇော၊ သားသည်။ နိဟတော၊ သေ၍။ သေတိဣဝ၊ အိပ်ရသကဲ့သို့။ ဧဝံတထာ၊ ထို့အတူ။ သော၊ ထိုသူသည်။ နိဟတော၊ သေ၍။ ဝါ၊ ရန်သူတို့ဖျက်ဆီးအပ်သည်ဖြစ်၍။ သေတိ၊ အိပ်ရ၏။ ။
ဒုဗ္ဘာသိတာ၊ မကောင်းသဖြင့်ဆိုအပ်သော။ ဝါစာ၊ စကားသည်။ ဟလာဟလံ၊ လတ်တလောသေစေတတ်သော။ ဝိသံဣဝ၊ အဆိပ်ကဲ့သို့။ နိကဍ္ဎေတသ္မိံ ယေဝခဏေအပ္ပမတ္တကေကာလေ၊ ထိုစကားဆိုစဉ်ခဏ မမြင့်မကြာအနည်းငယ်သော ကာလ၌လျှင်။ ပါတေတိယထာ၊ သတ်သကဲ့သို့။ ဧဝံတထာ၊ ထို့အတူ။ သုနိသိတံ၊ ကောင်းစွာသွေးအပ်သော။ သတ္ထံ၊ ဓားလက်နက်သည်။ နပါတေတိ၊ မသတ်တတ်သေး။ (ဟိ,အနက်မရှိ)။ ။
တသ္မာ၊ ထိုသို့ကောင်းစွာသွေးအပ်သောဓားလက်နက်လတ်တလောသေစေတတ်သောအဆိပ်ထက်လည်း လျင်မြန်စွာမကောင်းသဖြင့် ဆိုအပ်သောစကား၏သာလျှင် သတ်တတ်သည်၏အဖြစ်ကြောင့်။ ကာလေ၊ ဆိုခြင်းငှါလျောက်ပတ်သောကာလ၌လည်း။ ပဏ္ဍိတော၊ ပညာရှိသည်။ ဝါစံ၊ စကားကို။ ရက္ခေယျ၊ စောင့်ရာ၏။ အတိဝေလံ၊ အပိုင်းအခြားကိုလွန်၍။ နပဘာသေယျ၊ မဆိုရာ။ အကာလေဝါ၊ အခါမဟုတ်သည်၌မူလည်း။ ဝါစံ၊ စကားကို။ ရက္ခေယျ၊ စောင့်ရာ၏။ အတ္တသမမှိ၊ မိမိနှင့်တူမျှသော။ ပုဂ္ဂလေအပိဝါ၊ ပုဂ္ဂိုလ်အထံ၌သော်လည်း။ ဝါစံ၊ စကားကို။ ရက္ခေယျ၊ စောင့်ရာ၏။ ။
စ၊ အထူးကိုဆိုဦးအံ့။ သုပဏ္ဏော၊ ဂဠုန်မင်းသည်။ ဥရဂံ၊ နဂါးကို။ အာဒေတိဣဝ၊ ဖမ်းယူ၏သို့။ ဧဝံတထာ၊ ထို့အတူ။ မတိပုဗ္ဗော၊ သင့်မသင့် လျော်မလျော်ကို ပညာ ဉာဏ်စွမ်းရှေးဦးစူးစမ်း၍ဆိုလေ့ရှိသော။ ယောဝိစက္ခဏော၊ ဉာဏ်ဖြင့်စိစစ်စူးစမ်း၍ အကျိုးအကြောင်းကိုကြံလေ့ရှိသောအကြင်ပုဂ္ဂိုလ်သည်။ ကာလေ၊ လျောက်ပတ်သောကာလ၌။ မိတံ၊ မယုတ်မလွန်စေရနှိုင်းယှဉ်အပ်သောစကားကို။ ဘာသေ၊ ဆိုတတ်၏။ သောဝိစက္ခဏော၊ ဉာဏ်ဖြင့် စိစစ်စူးစမ်း၍ အကျိုးအကြောင်းကို ကြံလေ့ရှိသော ထိုပုဂ္ဂိုလ်သည်။ သဗ္ဗေ၊ ကုန်အောင်စုံကုန်သော။ အမိတ္တေ၊ ရန်သူတို့ကို။ အာဒေတိ၊ ဖမ်းယူနိုင်၏(မိမိအလိုအာဏာ၌တည်စေနိုင်၏ဟူလို)။ ။
ကောကာလိကဇာတကံ ပဌမံ။၃၃၁။