Issues
Select Version
နိဿယ-1
မြန်မာဘာသာ
Jātakapāḷi(Paṭhamo bhāgo)
Jātakapāḷi(Paṭhamo bhāgo)

344. Ambajātakaṃ (4-5-4)

Author: နိဿယ-1 @ IAPT

နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ ယောနီလိယံမဏ္ဍယတိ, အစရှိသောဂါထာပုဒ်ဖြင့်တန်းဆာဆင်အပ်သော ဤအမ္ဗစောရဇာတ်ကို၊ ဇေတဝန်ကျောင်းတော်၌သီတင်းသုံး နေတော်မူစဉ်၊ သရက်ဥယျာဉ်ကိုစောင့်သော တစ်ပါးသောမထေရ်ကိုအကြောင်းပြု၍ဟောတော်မူ၏။ ။

ထိုသူဋ္ဌေးသ္မီးတို့တွင်အကြီးဖြစ်သော သူဋ္ဌေးသ္မီးသည်ကျိန်ခြင်းကို ပြုလိုရကား။ ။

(၆၈၀)ယော နီလိယံ မဏ္ဍယတိ၊သဏ္ဍာသေန ဝိဟညတိ။

တဿ သာ ဝသမနွေတု၊ယာ တေ အမ္ဗေ အဝါဟရိ။ ။

ဟူသောဤပဌမဂါထာကိုဆို၏။ ။

(၆၈ဝ)ဘန္တေ၊ ရှင်ရသေ့။ ယာ၊ အကြင်မိန်းမသည်။ တေ၊ ရှင်ရသေ့၏။ အမ္ဗေ၊ သရက်သီးတို့ကို။ အဝါဟရိ၊ ခိုး၏။ သာ၊ ထိုသရက်သီးခိုးမသည်။ ယော၊ အကြင်ယောက်ျားသည်။ ပလိတာနိ၊ ဆံဖြူတို့ကို။ ကာဠဝဏ္ဏကရဏတ္ထာယ၊ မည်းသောအဆင်းရှိသည်ကိုပြုခြင်းငှါ။ တိဖလာဒီဟိ၊ တိဖလစသည်တို့ဖြင့်။ ကတံ၊ ပြုအပ်သော။ နီလိယံ၊ ဆံကိုမည်းအောင်ဆိုးသောဆေးကို။ မဏ္ဍယတိ၊ တန်းဆာဆင်၏။ ဝါ၊ ဦးခေါင်း၌ မပြတ်လိမ်းသပ်ရ၏။ နီလကေသန္တရေ၊ မည်းသောဆံ၏အကြား၌။ ဝဍ္ဎိတံ၊ ပေါက်သော။ ပလိတံ၊ ဆံဖြူကို။ ဥဒ္ဓရန္တော၊ နုတ်ရသည်ဖြစ်၍။ သဏ္ဍာသေန၊ မွေးညှပ်ဖြင့်။ ဝိဟညတိကိလမတိ၊ ပင်ပန်းရ၏။ တဿ၊ ထိုဦးခေါင်း ဖွေးဖွေးဆံဖြူသောလူအို၏။ ဝသံ၊ အလိုသို့။ အ​နွေတု၊ လိုက်ရစေသတည်း။ ။

(ဆံဖြူကြိုးကျယ်အရွယ်အိုသောလင်ကိုရပါစေသတည်းဟူလို)။ ။

ရသေ့စဉ်းလဲသည် ထိုသူဋ္ဌေးသ္မီးကို သင့်တင့်ရာအရပ်၌ နေလော့ဟုဆို၍ နှစ်ယောက်မြောက်သော သူဋ္ဌေးသ္မီးကိုကျိန်စေ၏။ ထိုသူဋ္ဌေးသ္မီးသည် ကျိန်သည်ရှိသော်။ ။

(၆၈၁)ဝီသံ ဝါ ပဏ္ဏ-ဝီသံ ဝါ၊ဦန-တိံသံ ဝ ဇာတိယာ။

တာဒိသာ ပတိ မာ လဒ္ဓါ၊ယာ တေ အမ္ဗေ အဝါဟရိ။ ။

ဟူသောဤဒုတိယဂါထာကိုဆို၏။ ။

(၆၈၁)ဘန္တေ၊ ရှင်ရသေ့။ ယာ၊ အကြင်မိန်းမသည်။ တေ၊ ရှင်ရသေ့၏။ အမ္ဗေ၊ သရက်သီးတို့ကို။ အဝါဟရိ၊ ခိုး၏။ သာ၊ ထိုသရက်သီးခိုးမသည်။ ဇာတိယာ၊ မွေးဖွားသည်မှ။ ဝီသံဝါ၊ နှစ်ဆယ်သို့၎င်း။ ပဏ္ဏဝီသံဝါ၊ နှစ်ဆယ့်ငါးနှစ်သို့၎င်း။ ဦနတိံသံဝ ဦနတိံသံဝါ၊ နှစ်ဆယ့်ကိုး-နှစ်ဆယ့်ရှစ် အရွယ်သို့၎င်း။ ပတွာ၊ ရောက်၍။ တာဒိသာ၊ ထိုသို့ရင့်သော အရွယ်ရောက်သောသဘောရှိလျက်။ ပတိံ၊ လင်ကို။ မာလဒ္ဓါ၊ မရစေသတည်း။ ။

ထိုသူဋ္ဌေးသ္မီးသည်လည်းကျိန်ပြီး၍ တင့်အပ်လျောက်ပတ်သော အရပ်၌နေလတ်သော်။ သုံးယောက်မြောက်သောသူဋ္ဌေးသ္မီးသည်။ ။

(၆၈၂)ဒီဃံ ဂစ္ဆတု အဒ္ဓါနံ၊ဧကိကာ အဘိသာရိကာ။

သင်္ကေတေ ပတိ မာ အဒ္ဒ၊ယာ တေ အမ္ဗေ အဝါဟရိ။ ။

ဟူသောဤတတိယဂါထာကိုဆို၏။ ။

(၆၈၂)ဘန္တေ၊ ရှင်ရသေ့။ ယာ၊ အကြင်မိန်းမသည်။ တေ၊ အရှင်ရသေ့၏။ အမ္ဗေ၊ သရက်သီးတို့ကို။ အဝါဟရိ၊ ခိုး၏။ သာ၊ ထိုသရက်သီးခိုးမသည်။ အဘိသာရိကာ၊ လင်ကိုတောင့်တလျက် လင်၏အထံသို့သွားသည်၏အဖြစ်ကြောင့်အဘိသာရိကမည်သောမိန်းမဖြစ်၍။ ဧကိကာ၊ တစ်ယောက်ထည်း။ ဒီဃံ၊ ရှည်စွာသော။ အဒ္ဓါနံ၊ တစ်ဂါဝုတ်-နှစ်ဂါဝုတ်ခရီးသို့။ ဂစ္ဆတု၊ သွားရစေသတည်း။ ဂန္တွာပိ၊ သွား၍လည်း။ သင်္ကေတေ၊ ဤမည်သောအရပ်သို့လာလော့ဟုလင်ချိန်းချက်ရာအရပ်၌။ ပတိံ၊ လင်ကို။ မာအဒ္ဒ၊ မမြင်ရစေသတည်း။ ။

ထိုသူဋ္ဌေးသ္မီးသည်လည်းကျိန်ပြီး၍ တင့်အပ်လျောက်ပတ်ရာအရပ်၌နေသည်ရှိသော်လေးယောက်မြောက်သောသူဋ္ဌေးသ္မီးသည်။ ။

(၆၈၃)အလင်္ကတာ သုဝသနာ၊မာလိနီ စန္ဒနုဿဒါ။

ဧကိကာ သယနေ သေတု၊ယာ တေ အမ္ဗေ အဝါဟရိ။ ။

ဟူသောဤစတုတ္ထဂါထာကိုဆို၏။ ။

(၆၈၃)ဘန္တေ၊ ရှင်ရသေ့။ ယာ၊ အကြင်မိန်းမသည်။ တေ၊ ရှင်ရသေ့၏။ အမ္ဗေ၊ သရက်သီးတို့ကို။ အဝါဟရိ၊ ခိုး၏။ သာ၊ ထိုသရက်သီးခိုးမသည်။ အလင်္ကတာ၊ တန်းဆာဆင်လျက်။ သုဝသနာ၊ ကောင်းစွာဝတ်လျက်။ မာလိနီ၊ ပန်းပန်လျက်။ စန္ဒနုဿဒါ၊ စန္ဒကူးနံ့သာ လိမ်းကျံလျက်။ ဧကိကာ၊ လင်မရပါတစ်ယောက်ထည်းသာ။ သယနေ၊ အိပ်ရာ၌။ သေတု၊ အိပ်ရစေသတည်း။ ။

(နီလံကရောတိဧတေနာတိနီလိကံပြု၍။ ဖြူသောဆံကိုမည်းနက်အောင်ပြုကြောင်းဖြစ်သောရှစ်ရှားသီးသဖန်းခါးသီးတိဖလစသည်ဖြင့် ပြုအပ်သောဆေးရ၏။ ။ ထို့ကြောင့်အဋ္ဌကထာ၌ ပလိတာနိကာဠဝဏ္ဏ ကရဏတ္ထာယတိဖလါဒီဟိကတံနီလိကံမဏ္ဍယတိ၊ကိုမိန့်သောဝ်။ ။ နီလိကန္တိ အာမလကမဏ္ဍာဒီဟိနီလံကတွာပလိတေဒဿေတိ။(ဋီကာ)။ ။ သဏ္ဍာသေန၊ ဖြင့်။ ဝိဟညတိ၊ ၏။ ဤမျှသာယောဇနာသည်ရှိသော်။ အဓိပ္ပါယတ္ထမထင်ရှားရကား။ ။ နီလကေသန္တရေစဥဋ္ဌိတံပလိတံဥဒ္ဓရန္တော သဏ္ဍာသေနဝိဟညတိကိလမတိ။ ဟု-အဋ္ဌကထာမိန့်သောဝ်။ ။ ဤနှစ်ပဒဖြင့်ဆံဖြူကြိုးကျယ် အရွယ်အိုသောသူကိုပြသည်ဟု။ ။ တဿဧဝရှုပဿမဟလ္လကဿ,ကိုမိန့်သောဝ်။ ။ ဤနည်းနှင့်မထင်ရှား၍ပါဌသေသထည့်စွက်ရသည်များကိုဆင်ခြင်။ ။ ပတိံ ပတ္ထယမာနာ တဿ သန္တိကံ အဘိမုခံသယနသီလောတိ အဘိသာရိကာပြု၍ လင်ကို တောင့်တလျက်လင်၏အထံသို့ ရှေးရှူသွားခြင်းအလေ့ရှိသောမိန်းမသည် အဘိသာရိကာမည်သတည်း)။ ။

အမ္ဗစောရဇာတကံ စတုတ္ထံ။၃၄၄။