နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သောသဗ္ဗညုမြတ်စွာဘုရားသည်၊ သုစဇံဝတနစ္စဇ္ဇိ,အစရှိသောဂါထာပုဒ်ဖြင့် တန်းဆာဆင်အပ်သော ဤသုစဇ္ဇဇာတ်ကို၊ဇေတဝန်ကျောင်းတော်၌သီတင်းသုံး နေတော်မူစဉ်၊ တစ်ယောက်သော သူကြွယ်ကို အကြောင်းပြု၍ ဟောတော်မူ၏။ ။
ဘုရားလောင်းသည် မင်းအားခစားအံ့သောငှာ လာ၍ မိဖုရားနေသောကာလ၌၊ ရှင်မိဖုရား၊ ကျွန်ုပ်တို့သည် ရှင်မိဖုရားတို့၏အထံမှ တစ်စုံတစ်ခုကိုမရပါကုန်ဟုဆို၏။ ဘခင်၊ကျွန်ုပ်သည်တစ်စုံတစ်ခုကိုမရပါ။ ဘခင်အား အဘယ်ကို ပေးရအံ့နည်း။ အရှင်မင်းသည် တောမှလာသော ကာလ၌ တစ်ခုသော တောင်ကိုမြင်၍ ဤတောင်ရွှေဖြစ်သော်ကျွန်ုပ်အား စိုးစဉ်းပေးပါအံ့လောဟု မေးသည်ရှိသော်၊ သင်သည် အဘယ်မည်သောမိန်းမနည်း။ ငါသည်တစ်စုံတစ်ခုကိုမပေးဟုဆို၍ပေးလွယ်သောအရာကိုလည်းမပေး။ ထိုမင်းသည်ယခုအခါကျွန်ုပ်အားအဘယ်မည်သော ဥစ္စာကိုပေးလတ္တံ နည်းဟူသောအနက်ကိုပြလို၍။ ။
(၅၈၄)သုစ္စဇံ ဝတ န-စ္စဇ္ဇိ၊ဝါစာယ အ-ဒဒံ ဂိရိံ။
ကိံ ဟိတဿ စဇ-န္တဿ၊ဝါစာယ အ-ဒဒ ပဗ္ဗတံ။ ။
ဟူသောဤပဌမဂါထာကိုဆို၏။ ။
(၅၈၄)တာတ၊ ဘခင်။ ဂိရိံ၊ တောင်ကို။ ဝါစာယ၊ စကားမျှဖြင့်လည်း။ အဒဒံ၊ မပေးသောမင်းသည်။ ဝတ၊ စင်စစ်။ သုစဇံ၊ လွယ်သဖြင့်စွန့်ခြင်းငှာ တတ်ကောင်းသော ဝတ္ထုကိုလည်း။ နစ္စဇ္ဇိ၊ မပေးမစွန့်။ ဝါစာယ၊ စကားမျှဖြင့်။ ပဗ္ဗတံ၊ တောင်ကို။ အဒဒံအဒဒန္တော၊ မပေးသောဤမင်းသည်။ မယာ၊ ငါသည်။ ယာစိတဿ၊ တောင်းအပ်သော။ ကိံဟိတဿ၊ကိံဟိတံ၊ အဘယ်အစီးအပွားကို။ စဇန္တော၊ ပေးစွန့်သည်။ အဿ၊ ဖြစ်လိမ့်နည်း။ ။
(ပေးလွယ်သောတောင်ကိုမျှ မပေးဘဲမင်းသည် ငါတောင်းအပ်သော်အဘယ်အစီးအပွားကိုပေးစွန့်လိမ့်နည်းဟူလိုသောဝ်)။ ။
ထိုစကားကိုကြား၍မင်းသည်။ ။
(၅၈၅)ယဉှိ ကယိရာ တဉှိ ဝဒေ၊ယံ န ကယိရာ န တံ ဝဒေ။
အ-ကရောန္တံ ဘာသမာနံ၊ပရိဇာနန္တိ ပဏ္ဍိတာ။
ဟူသောဤဒုတိယဂါထာကိုဆို၏။ ။
ထိုစကားကိုကြား၍မိဘုရားသည်မင်းအားလက်အုပ်ချီ၍။ ။
(၅၈၆)ရာဇ-ပုတ္တ နမော တျတ္ထု၊သစ္စေ ဓမ္မေ ဌိတော ဝသိ။
ယဿ တေ ဗျသနံ ပတ္တော၊သစ္စသ္မိံ ရမတေ မနော။ ။
ဟူသောဤတတိယဂါထာကိုဆို၏။ ။
ဤသို့မင်း၏ကျေးဇူးကိုဆိုသောမိဘုရား၏စကားကိုဘုရားလောင်းကြား၍မိဘုရား၏ကျေးဇူးကိုဆိုလိုရကား။ ။
(၅၈၇)ယာ ဒလိဒ္ဒီ ဒလိဒ္ဒဿ၊အဍ္ဎာ အဍ္ဎဿ ကိတ္တိမ။
သာ ဟိ-ဿ ပရမာ ဘရိယာ၊သ-ဟိရညဿ ဣတ္ထိယော။ ။
ဟူသောဤစတုတ္ထဂါထာကိုဆို၏။ ။
(၅၈၇)ကိတ္တိမ၊ ကျေးဇူးသတင်းကျော်စောခြင်းနှင့် ပြည့်စုံသော မင်း။ ယာဘရိယာ၊ အကြင်မယားသည်။ ဒဠိဒ္ဒဿသာမိကဿ ဒဠိဒ္ဒကာလေ၊ လင်ဆင်းရဲသောကာလ၌။ သယမ္ပိ၊ မိမိသည်လည်း။ ဒဠိဒ္ဒီ၊ ဆင်းရဲသည်။ ဟုတွာ၊ ဖြစ်၍။ တံ၊ ထိုဆင်းရဲသောလင်ကို။ နပရိစ္စဇတိ၊ တောင်ကပ်ဖားရားသွားတိုင်းလာတိုင်းလုပ်ကျွေးပြုစုလျက်မိမိအသက်နှင့်အတူ ချစ်ကြည်ဖြူသည်ဖြစ်၍မစွန့်မလွှတ်။ အဍ္ဎဿသာမိကဿအဍ္ဎကာလေ၊ လင်,ကြွယ်ဝ ကုံလုံသောကာလ၌။ အဍ္ဎာ၊ မိမိလည်းကြွယ်ဝသည်။ ဟုတွာ၊ ဖြစ်၍။ သာမိကမေဝ၊ လင်သို့သာလျှင်။ အနုဝတ္တတိ၊ အစဉ်လိုက်၏။ သမာနသုခဒုက္ခာ၊ တူမျှသော ချမ်းသာဆင်းရဲရှိသည်။ ဟောတိ၊ ဖြစ်၏။ သာဟိသာဧဝ၊ ထိုမယားသည်သာလျှင်။ အဿ၊ ထိုယောက်ျား၏။ ပရမာ၊ မြတ်သော။ ဘရိယာ၊ မယားကောင်းမည်၏။ သ-ဟိရညဿ၊ ရွှေငွေ ဥစ္စာ များစွာကြွယ်ဝသည်ဖြစ်၍ စိုးရသောစည်းစိမ်၌ တည်သောသူအား။ ဣတ္ထိယော၊ မယားလုပ်ချင်သောမိန်းမတို့မည်သည်။ အနစ္ဆရိယာဧဝ၊ မအံ့လောက်ကုန်သည်သာတည်း။ ။
ဘုရားလောင်းသည်ဤသို့ဆို၍၊ မြတ်သောမင်းကြီး၊ ဤရှင်မိဘုရားသည် ရှင်မင်းကြီး ဆင်းရဲသော ကာလ၊ တော၌နေလျက် အတူဆင်းရဲခံ၏။ ဤမိဘုရားအားချီးမြှောက်ခြင်းကိုပြုသင့်၏ဟုမိဘုရား၏ကျေးဇူးကိုဆို၏။ မင်းသည်ဘုရားလောင်း၏စကားဖြင့် မိဘုရားကျေးဇူးကိုအောက်မေ့၍၊ ပညာရှိ၊သင့်စကားဖြင့် ငါသည် မိဘုရားကျေးဇူးကို အောက်မေ့ပြီဟုဆို၍ မိဘုရားအားခပ်သိမ်းသော စည်းစိမ်ကိုပေး၏။ သင်ပညာရှိသည် မိဘုရားကျေးဇူးကို အောက်မေ့၏ဟုဘုရားလောင်းအားလည်းများစွာသောစည်းစိမ်ကိုပေး၏။ ။
သုစ္စဇဇာတကံ ဒသမံ။၃၂၀။ ပုစိမန္ဒဝဂ္ဂေါ ဒုတိယော။ ။ တဿု-ဒ္ဒါနံ။ ။
အထစောရကဿပခန္တိဝရော၊ဒုဇ္ဇီဝိတတာစဝရာဖရုသာ။
အထသသမတဉ္စဝသန္တသုခံ၊သုစဇံဝတနစ္စဇိနာစဒသ။ ။