Issues
Select Version
နိဿယ-1
မြန်မာဘာသာ
Jātakapāḷi(Paṭhamo bhāgo)
Jātakapāḷi(Paṭhamo bhāgo)

329. Kāḷabāhujātakaṃ (4-3-9)

Author: နိဿယ-1 @ IAPT

နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ ယံအန္နပါနဿ,အစရှိသောဂါထာပုဒ်ဖြင့်တန်းဆာဆင်အပ်သော ဤကာဠဗာဟုဇာတ်ကို၊ ဝေဠုဝန်ကျောင်းတော်၌သီ တင်းသုံးနေတော်မူစဉ်၊ ပျောက်သောလာဘသက္ကာရရှိသောဒေဝဒတ်ကိုအကြောင်းပြု၍ဟောတော်မူ၏။ ။

ဘုရားလောင်းသည် သည်းခံခြင်းလက္ခဏာနှင့် ယှဉ်သည်၏အဖြစ်ကြောင့် တစ်စုံတစ်ခုကိုမဆို။ ဘုရားလောင်း၏ ညီသည်ကား သည်းခံခြင်း လက္ခဏာမရှိသည်၏အဖြစ်ကြောင့်မျောက်အားဖြစ်သောလာဘသက္ကာရကိုသည်းမခံနိုင်သည်ဖြစ်၍အစ်ကိုယ်ကြီး၊ ဤမင်းအိမ်၌ကောင်းသော အရသာရှိကုန်သော ခဲဘွယ်အစရှိသည်တို့ကိုရှေး၌ကျွန်ုပ်တို့အားလျှင်ပေးကုန်၏။ ယခုကျွန်ုပ်တို့မရကုန်။ ကာဠဗာဟု ဟူသောမျောက်ညိုအားသာလျှင်ပေးကုန်၏။ ဓနဉ္စယမင်း၏အထံမှလာဘသက္ကာရကိုမရကုန်ဘဲဤအရပ်၌ကျွန်ုပ်တို့သည်အဘယ်ပြုကုန်အံ့နည်း။ လာလော့၊ တောသို့လျှင်သွား၍ နေကြကုန်အံ့ဟုရာဓကျေးသားနှင့်တကွစကားပြောလိုရကား။ ။

(၆၂၀)ယံ အန္န-ပါနဿ ပုရေ လဘာမ၊တံ ဒါနိ သာခမိဂမေဝ ဂစ္ဆတိ။

ဂစ္ဆာမ ဒါနိ ဝနမေဝ ရာဓ၊အသက္ကတာစ-မှဓနဉ္စယာယ။ ။

ဟူသောဤပဌမဂါထာကိုဆို၏။ ။

(၆၂ဝ)ရာဓ၊ အစ်ကိုယ်ရာဓ။ မယံ၊ ငါတို့သည်။ အဿ၊ ထိုဓနဉ္စယမင်း၏။ သန္တိကာ၊ အထံမှ။ ယံအန္နပါနံ၊ အကြင်ထမင်းအဖျော်ကို။ ပုရေ၊ ရှေး၌။ လဘာမ၊ ရကုန်၏။ တံအန္နပါနံ၊ ထိုထမင်းအဖျော်သည်။ ဣဒါနိ၊ ယခု။ သာခမိဂမေဝ၊ မျောက်သို့သာလျှင်။ ဂစ္ဆတိ၊ ရောက်၏။ ရာဓ၊ အစ်ကိုယ်ရာဓ။ မယံ၊ ငါတို့ကို။ ဓနဉ္စယာယ၊ ဓနဉ္စယမင်းသည်။ အသက္ကတာစ၊ မပူဇော်အပ်ကုန်သည်လည်း။ အမှ၊ ဖြစ်ကုန်၏။ ဣဒါနိ၊ ယခု။ ဝနမေဝ၊ တောသို့လျှင်။ ဂစ္ဆာမ၊ သွားကြကုန်အံ့။ ။

ထိုစကားကိုကြား၍ အစ်ကိုယ်ရာဓကျေးသားသည်။ ။

(၆၂၁)လာဘော အလာဘော ယသော အယသော စ၊နိန္ဒာ ပသံသာ စ သုခဉ္စ ဒုက္ခံ။

ဧတေ အနိစ္စာ မနုဇေသု ဓမ္မာ၊မာ သောစိ ကိံ သောစသိ ပေါဋ္ဌပါဒ။ ။

ဟူသောဤဒုတိယဂါထာကိုဆို၏။ ။

(၆၂၁)ပေါဋ္ဌပါဒ၊ ညီထွေးပေါဋ္ဌပါဒ။ မနုဇေသု၊ လူတို့၌။ လာဘော၊ လာဘ်ရခြင်း။ အလာဘော၊ လာဘ်မရခြင်း။ ယသော၊ စည်းစိမ်အခြံအရံ ပြည့်စုံခြင်း။ အယသောစ၊ စည်းစိမ်အခြံအရံပျက်စီးခြင်း။ နိန္ဒာ၊ ကဲ့ရဲ့ခြင်း။ ပသံသာ၊ ချီးမွမ်းခြင်း။ သုခဉ္စ၊ ချမ်းသာခြင်း။ ဒုက္ခဉ္စ၊ ဆင်းရဲခြင်း။ ဧတေဓမ္မာ၊ ဤလောကဓံရှစ်ပါးတို့သည်။ အနိစ္စာ၊ အမြဲမရှိကုန်။ မာသောစိ၊ မစိုးရိမ်လင့်။ ကိံ သောစသိ၊ အဘယ့်ကြောင့်စိုးရိမ်ဘိသနည််။ ။

ထိုစကားကိုကြား၍ပေါဋ္ဌပါဒသည်မျောက်၌ ငြူစူခြင်းကိုပယ်အံ့သောငှါမတတ်နိုင်ရကား။ ။

(၆၂၂)အဒ္ဓါ တုဝံ ပဏ္ဍိတကောသိ ရာဓ၊ဇာနာသိ အတ္ထာနိ အနာဂတာနိ။

ကထံ နု သာခမိဂံ ဒက္ခိသာမ၊နိဒ္ဓါပိတံ ရာဇကုလတောဝ ဇမ္မံ။ ။

ဟူသောဤတတိယဂါထာကိုဆို၏။ ။

(၆၂၂)ရာဓ၊ အစ်ကိုယ်ရာဓ။ တုဝံ၊ သင်သည်။ အဒ္ဓါ၊ စင်စစ်။ ပဏ္ဍိတကော၊ ပညာရှိသည်။ အသိ၊ ဖြစ်၏။ အနာဂတာနိ၊ မရောက်လာကုန်သေးသော။ အတ္ထာနိ၊ အကျိုးတို့ကို။ ဇာနာသိ၊ သိ၏။ ကထံနု၊ အဘယ်အကြောင်းဖြင့်လျှင်။ ဇမ္မံ၊ ယုတ်မာသော။ သာခမိဂံ၊ မျောက်ကို။ ရာဇကုလတောဝ၊ မင်းအိမ်မှသာလျှင်။ နိဒ္ဓါပိတံ၊ နှင်ထုတ်စေအပ်သည်ကို။ ဒက္ခိဿာမ၊ မြင်ရကုန်အံ့နည်း။ ။

ထိုစကားကိုကြား၍ အစ်ကိုယ်ရာဓသည်။ ။

(၆၂၃)စာလေတိ ကဏ္ဏံ ဘကုဋိံ ကရောတိ၊မုဟုံ မုဟုံ ဘာယယတေ ကုမာရေ။

သယမေဝ တံ ကာဟတိ ကာဠဗာဟု၊ယေနာရကာ ဌဿတိ အန္န-ပါနာ။ ။

ဟူသောစတုတ္ထဂါထာကိုဆို၏။ ။

(၆၂၃)ပေါဋ္ဌပါဒ၊ ညီထွေးပေါဋ္ဌပါဒ။ ကာဠဗာဟု၊ ကာဠဗာဟုမျောက်သည်။ ကဏ္ဏံ၊ နားကို။ စာလေတိ၊ လှုပ်၏။ ဘကုဋိံ ဘာကုဋိံ၊ မျက်မှောင်ကြုတ်ခြင်းကို။ ကရောတိ၊ ပြု၏။ မုဟုံမုဟုံ၊ ဟုတ်ချည်းဟုတ်ချည်း။ ကုမာရေ၊ မင်းသားငယ်တို့ကို။ ဘာယာပတေ၊ ကြောက်လန့်စေ၏။ ယေန၊ အကြင်အကြောင်းဖြင့်။ အန္နပါနာ၊ ထမင်းအဖျော်မှ။ အာရကာ၊ ဝေးစွာ။ ဌဿတိ၊ တည်လတ္တံ့။ တံကာရဏံ၊ ထိုအကြောင်းကို။ သယမေဝ၊ မိမိသည်ပင်လျှင်။ ကာဟတိ၊ ပြုလတ္တံ့။ တွံ၊ သင်သည်။ မာစိန္တယိ၊ မကြံလင့်။ ။

ကာဠဗာဟုမျောက်သည်လည်းနှစ်ရက်သုံးရက်လွန်သဖြင့် မင်းသားငယ်တို့၏ ရှေ့မှနားနှာခေါင်းလှုပ်ခြင်းအစရှိသည်တို့ကိုပြု၍ မင်းသားငယ်တို့ကိုခြောက်၏။ မင်းသားငယ်တို့သည်ထိတ်လန့်ကုန်၍ ဟစ်ကြွေးကုန်၏။ မင်းသည် အဘယ်နည်းဟုမေး၍ ထိုအကြောင်းကိုကြား၍ ကာဠဗာဟုမျောက်ကိုထုတ်ကြကုန်ဟု နှင်ထုတ်စေ၏။ ကျေးသားတို့အားတဖန်ပကတိလာဘသက္ကာရသည်ဖြစ်၏။ ။ (ဓနဉ္စယာယာတိကရဏတ္ထေသမ္ပဒါနဝစနံ၊ ဓနဉ္စယေနာတိအတ္ထော။ ။ အတ္ထာနိကား။ ဓမ္မာနိဘုတွာနကဲ့သို့ လိင်္ဂဝိပလ္လာသ)။ ။

ကာဠဗာဟုဇာတကံ နဝမံ။၃၂၉။