နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ဝိဝရထိမာသံဒွါရံ,အစရှိသောဂါထာပုဒ်ဖြင့် တန်းဆာဆင်အပ်သော ဤစူဠကလိင်္ဂဇာတ်ကို၊ ဇေတဝန်ကျောင်းကြီး၌ သီတင်းသုံးနေတော်မူစဉ်၊ လေးယောက်သော ပရိဗိုဇ်မိန်းမတို့၏ ရဟန်းပြုခြင်းကိုအကြောင်းပြု၍ဟောတော်မူ၏။ ။
အဿကမင်း၏နန္ဒိသေနမည်သောအမတ်သည်ပညာရှိ၏။ လိမ်မာ၏။ အကြောင်းဥပါယ်ကိုသိ၏။ ထိုနန္ဒိသေနအမတ်သည်၊ ဤမင်းသ္မီးတို့သည် အလုံးစုံသောဇမ္ဗူဒိပ်ကိုလှည့်လည်၍စစ်ထိုးဖက်ကိုမရကုန်။ ဤသို့ဖြစ်သော်ဇမ္ဗူဒိပ်သည် အချည်းနှီးမည်သည်ဖြစ်၏။ ငါသည်ကလိင်္ဂမင်းနှင့် တကွစစ်ထိုးအံ့ဟုကြံ၏။ ကြံပြီး၍ထိုနန္ဒိသေနအမတ်သည်မြို့တံခါးသို့သွား၍တံခါးစောင့်တို့ကိုခေါ်၍ထိုမင်းသ္မီးတို့အားတံခါးဖွင့်စိမ့်သောငှါ။
(၅၀၈)ဝိဝရထိ-မာသံ ဒွါရံ၊နဂရံ ပဝိသိတုံ မယာ။
အရုဏ-ရာဇဿ သီဟေန၊ သုသိဋ္ဌေန နန္ဒိသေနေန။ ။
ဟူသောရှေးဦးစွာသောဂါထာကိုဆို၏။ ။
ကလိင်္ဂမင်းပြေးသည်ကိုမြင်၍ တစ်ထောင်ကုန်သော အမတ်တို့သည် ကလိင်္ဂမင်းငမွဲ စစ်ပွဲမှရှုံး၍ပြေးလတ်ပြီဟု ပဲ့တင်ထပ်အောင် ကြော်ငြာကုန်၏။ ကလိင်္ဂမင်းသည်သေဘေးမှကြောက်၍ ပြေးလတ်သော်၊ထိုရသေ့ကိုဆဲရေးလိုရကား။ ။
(၅၀၉)ဇယော ကလိင်္ဂါန အ-သယှ-သာဟိနံ၊ပရာဇယော အနွိတော အဿကာနံ။
ဣစ္စေ-ဝ တေ ဘာသိတံ ဗြဟ္မစာရိ၊န ဥဇ္ဇုဘူတာ ဝိတထံ ဘဏန္တိ။ ။
ဟူသောဤဒုတိယဂါထာကိုဆို၏။ ။
ဤသို့ထိုကလိင်္ဂမင်းသည်ရသေ့ကိုဆဲရေးလျက်ပြေး၍မိမိမြို့သို့လျှင်သွား၏။ ပြန်၍ကြည့်အံ့သောငှာလည်းမဝံ့။ ထိုနောင်မှနှစ်ရက်သုံးရက်လွန်သဖြင့်သိကြားသည်ရသေ့အထံသို့လာ၏။ ရသေ့သည်သိကြားနှင့် တကွစကားပြောဆိုလိုရကား။ ။
(၅၁၀)ဒေဝါ မုသာဝါဒ-မုပါတိဝတ္တာ၊သစ္စံ တထ-ပေမ-ကရံ နုသက္က။
တ-န္တေ မုသာ ဘာသိတံ ဒေဝ-ရာဇ၊ကိံ ဝါ ပဋိစ္စ မဃဝါ မဟိန္ဒ။ ။
ဟူသောဤတတိယဂါထာကိုဆို၏။ ။
ထိုစကားကိုကြား၍သိကြားမင်းသည်။ ။
(၅၁၁)နနု တေ သုတံ ဗြာဟ္မဏ ဘညမာနေ၊ဒေဝါ န ဣဿန္တိ ပုရိသ-ပရက္ကမဿ။
ဒမော သမာဓိ မနသော အ-ဘိဇ္ဇော၊အဗျဂ္ဂတာ နိက္ကမနဉ္စ ကာလေ။
ဒဠှဉ္စ ဝိရိယံ ပုရိသ-ပရက္ကမော စ၊တေနေ-ဝ အာသိ ဝိဇယော အဿကာနံ။ ။
ဟူသောဤစတုတ္ထဂါထာကိုဆို၏။ ။
(၅၁၁)ဗြာဟ္မဏ၊ သျှင်ရသေ့။ တတ္ထဝစနေ၊ ကလိင်္ဂမင်းသည်အောင်လတ္တံ့,အဿကမင်းသည် ရှုံးလတ္တံ့, ဟူသောထိုစကားကို။ ဘညမာနေ၊ ငါသိကြားသည်ဆိုအပ်သော်လည်း။ ဒေဝါ၊ နတ်တို့သည်။ ပုရိသ-ပရက္ကမဿ၊ ယောက်ျားတော်တကာတို့၏ လုံ့လအားထုတ်ခြင်းအား။ နဣဿန္တိ၊ မငြူစူကုန်။ ဣတိဣဒံဝစနံ၊ ဤသို့သောစကားကို။ တေတယာ၊ သင်ရသေ့သည်။ နနုသုတံနသုတံကိံ၊ မကြားဖူးသလော။ ဝါ၊ မကြားဖူးယောင်တကား။ အဿကရညော၊ အဿကမင်း၏။ မဟာဝီရာနံ၊ ကြီးသောလုံ့လရှိကုန်သောရဲမက်တော်တို့၏။ ဝီရ-ကရဏ-ဝစနေန၊ ထမင်းသခင်အရှင့်အမှုတော်ကို စွန့်စွန့်စားစား အားထုတ်ကြဟု နန္ဒိသေနမတ် များတန်းခွန် သွန်သင်ဆုံးမသောစကားဖြင့်။ ဒမောစ၊ မိမိကိုယ်စိတ်ကို ဆုံးမခြင်းဟု ဆိုအပ်သောဒမသည်၎င်း။ မနသော၊ စိတ်၏။ အဘိဇ္ဇော၊ သူတစ်ပါးတို့သည် ဖျက်ဆီးခြင်းငှာ မတတ်နိုင်သော။ သမာဓိစ၊ မြဲမြံခိုင်ခန့်သည်ဖြစ်၍ အညီအညွတ်တည်တန့်သောဝီရိယသည်၎င်း။ ကာလိင်္ဂဿ၊ ကလိင်္ဂမင်း၏။ မနုဿာ၊ ရဲမက်တို့သည်။ ဝဂ္ဂါဝဂ္ဂါ၊ အစုအစု။ ဟုတွာ၊ ဖြစ်၍။ ဩသက္ကိံ သုယထာ၊ ဆုတ်နစ်ကုန်၏သို့။ ဧဝံတထာ၊ ထို့အတူ။ အနောသက္ကာနံ၊ အသက်မမှတ်၊ရေပြတ်သား စုပ်၊မဆုတ်မနစ်ကုန်သော။ တေသံ၊ ထိုနန္ဒိသေနကွပ်ဆုံးမသောအဿကမင်းရဲမက်တော်တို့၏။ အဗျဂ္ဂတာအဗျဂ္ဂတာယသမဂ္ဂဘာဝေန၊ အစုအစုဖရိုဖရဲမဟုတ်ဘဲတစ်လုံးတစ်ခဲညီညွတ်သည်၏အဖြစ်ဖြင့်။ ကာလေ၊ စစ်ကြီးတွေ့၍မရွေ့မဆုတ်အားထုတ်လုံ့လပြုသင့်သောကာလ၌။ နိက္ကမဉ္စ၊ သူ့ဗိုလ်ထုကို ဖျက်၍ထွက်မြောက်ကြောင်းဖြစ်သော လုံ့လသည်၎င်း။ ဝီရိယဉ္စ၊ တွန့်တိုဆုတ်နစ်ခြင်းကင်း၍ ရဲတင်းသောသူ၏ အဖြစ်တည်းဟူသောဝီရိယသည်၎င်း။ ဒဠှံ၊ သူတစ်ပါးတို့မဖျက်နိုင်ခိုင်ခန့်မြဲမြံသည်။ အဟောသိ၊ ဖြစ်ပြီ။ ပုရိသ-ပရက္ကမောစ၊ ယောက်ျားတော်တကာတို့၏အဆင့်ဆင့်သောကျေးဇူးအာနိသင်သို့ ရောက်ကြောင်းဖြစ်သော ကောင်းသော လုံ့လသည်လည်း။ တိရော၊ ခိုင်ခန့်တည်တန့်သည်။ အဟောသိ၊ ဖြစ်လတ်ပြီ။ တေနေဝကာရဏေန၊ ငါသိကြားမင်းရှုံးလိမ့်မဆိုသော်လည်းထိုဆိုအပ်ပြီးသောဒမော သမာဓိအစရှိသောအကြောင်းကြောင့်လျှင်။ အဿကာနံ၊ အဿကမင်းတို့၏။ ဝိဇယော၊ တစ်ဖက်ရန်ကိုလွှင့်မှုတ်၍ ချက်တဖြုတ်အောင်မြင်ခြင်းသည်။ အာသိ၊ ဖြစ်ပေသတည်း။ ။
(ပဝိသိတုံတယာဟူ၍၎င်း၊ပဝိသိတုံဘယာဟူ၍ ၎င်းရှိသည်ကားပါဌ်ပျက်။ မယာနန္ဒိသေနေန,ဟု၊အဋ္ဌကထာရှိရကား။ မယာ,သင့်သည်။ ထိုမင်း၏ကုလဒတ္တိယမယ်တော်ခမည်းတော်တို့ပေးအပ်သောအမည်သည်ကားအရုဏဖြစ်၍အရုဏရာဇဿ, ဟူသည်။ မင်းအဖြစ်၌တည်သောကာလတိုင်းအမည်အားဖြင့် အဿကတွင်ပြန်ရကားအဿကာနံဟူ,ပြန်သတည်း။ ။ ဇိဣစ္စေတဿဓာတုဿ ပရာပုဗ္ဗဿပယောဂေယောအသဟော သောအပါဒါနသညောဟောတိ၊ဤကဲ့သို့၊ အသယှသာဟိနံ,၌၊ သဟဓာတ်၏အနက်ကို မှတ်အပ်၏၊ သည်းခံခြင်းအနက်ကိုမလို။ အသယှသာဟီနန္တိ အသယှံဒုဿဟိတုံသမတ္ထာနံ၊ဟူသောအဋ္ဌကထာကိုမြော်၍အနက်ဆိုသည်။ ဣစ္စေဝတေဘာသိတံ, စသောပါဌ်ဝယ် အဓိပ္ပါယ်သော်ကား၊ မြတ်သော အကျင့်ကိုကျင့်၏ဟုဝန်ခံလျက် ရသေ့ပျက်သည် တံစိုးစားယူ၍ မအောင်မည့်သူကိုအောင်လမည်။ အောင်မည်သူကို ရှုံးလမည်ဟု၊အလုပ်အကြံမှောက်မှားအောင်မုသားဆိုသည်ဟု ဆဲရေးသည်။ ။
ဒေဝါမုသာဝါဒမုပါတိဝတ္တာ,ဝယ် အဓိပ္ပါယ်သော်ကား၊ နတ်တို့သည် မုသာဝါဒကို လွန်ကုန်သည်။ မုသားမဆိုကုန်သည်ဖြစ်ပါလျက် သင်သိကြားကား မုသားဆိုခဲ့သည်ဟူလိုသည်။ ။ ပေမတရံ,ဟု၊ဒန္တဇတ,နှင့်ရှိသည်ကားမသင့်၊ ကဏ္ဌဇ၊က,နှင့်လိုသည်။ တံတေမုသာဘာသိတံ,၌၊တံ,သည်ယံကိုငဲ့ရကား။ ယံတယာမယှံဘာသိတံအတ္ထဘဉ္ဇနကမုသာဝါဒံကထေန္တေန,ဟုထည့်ရပြန်သည်။ အလွန်သက်သက်အမြွက်မရှိဘဲကိုထည့်သည်မဟုတ်။ နနုတေသုတံဗြာဟ္မဏ ဘညမာနေ,စသည်၌န,ကားပဋိသေဓ၊နု,ကားကိံ သဒ္ဒါကဲ့သို့ပုစ္ဆာဇောတက။ တတ္ထဝစနေ,ကားပါဌသေသ။ ဒေဝါနဣဿန္တိ ပုရိသပရက္ကမဿ,ဝယ်အဓိပ္ပါယ်ကား၊ ငါသိကြားဆိုသော စကားမြဲစေရမည်ဟုသူ့ အလုပ်အကြံကိုမဖျက်။ အလုပ်အကြံအရည်အသွား ပယောဂအားဖြင့် ငါသိကြား၏ စကားကိုပင် ဖျက်ဆီးနိုင်ပေ၏ဟု နှစ် သက်သည်ပင် တမုံ့ ဟူလိုသည်။ သမာဓိသည်မနသော ခြားလျက် အဘိဇ္ဇောနှင့်အနက်စပ်ရကားမနသောအဘိဇ္ဇော အဘိဇ္ဇသမာဓိ,ဟု၊အဋ္ဌကထာဖွင့်သည်။ ။
အဘိဇ္ဇသမာဓိအညေဟိဘိန္ဒိတုံ အသမတ္ထသမဓီတိဝုတ္တံဟောတိ၊သမာဓီတိအတြဝီရိယံဝဒတိ,ဟု၊ ဋီကာမြင်၍ ယခင်အနက်ကိုယောဇနာသည်။ သမာဓိ,သည်ဧကဂ္ဂတာကိုမဟော၊ဤ၌ဝီရိယကိုဟေါပေသည်ဟုရခေါင်ရခဲမြဲစွာမှတ်ကြပါ။ အဗျဂ္ဂတာ,၌ပိဝိဓအဂ္ဂံအာရမ္မဏံ ဧတဿာတိဗျဂ္ဂေါ။ နဗျဂ္ဂေါအဗျဂ္ဂေါ။ အဗျဂ္ဂဿဘာဝေါအဗျဂ္ဂတာပြု,၍ ဧကဂ္ဂတာသမာဓိကိုမကောက်ရ။ နဝဂ္ဂါအဝဂ္ဂါ။ အဝဂ္ဂါနံဘာဝေါအဝဂ္ဂတာ,ဆိုလိုလျက်၊ ရ,အက္ခရာလာ၍၊ ဝ,ကိုဗ,ရေး၍၊ အဗျဂ္ဂတာ,နေသည်၊ထို့ကြောင့်အဗျဂ္ဂတာယယထာကလိင်္ဂဿမနုဿာ ဝဂ္ဂဝဂ္ဂါဟုတွာဩသက္ကိံသုအနောသက္ကာနံသမဂ္ဂဘာဝေန,ဟု၊အဋ္ဌကထာဖွင့်သည်။ အဗျဂ္ဂတာ,နောင်အာဝိကတာကဲ့သို့ ယ,ကျေသည်။ တနည်း။ ဝိဝိဓာအဂ္ဂါကောဋ္ဌာသာဗျဂ္ဂါ။ နဗျဂ္ဂါအဗျဂ္ဂါ,ပြု၍ အဝဂ္ဂနှင့်အဗျဂ္ဂနက်သမသည်။ နိက္ကမတိ ဧတေနာတိ နိက္ကမနံ,ပြု၍ ဗိုလ်ထုကို ဖျက်၍ ထွက်နိုင်ကြောင်းဝီရိယကိုရသည်။ ဝိဂတောဤရောစိတ္တသင်္ကောစော ဧတဿာတိဝီရော။ ဝီရဿ ဘာဝေါ ဝီရိယံ,ပြု၍ သူတစ်ပါးတို့ဖျက်ဆီးခြင်းငှါမတတ်နိုင် သံတိုင်ကဲ့သို့မြဲသောစိတ်ရှိရကား တွန့်တိုဆုတ်နစ်ခြင်းကင်း၍ ရဲတင်းသောသူ၏အဖြစ်တည်းဟူသောလုံ့လကိုဝီရိယဟု ကောက်စေလို၍၊ အဘိဇ္ဇစိတ္တာနံဝီရိယံ,ဟု၊အဋ္ဌကထာဖွင့်ဆိုသည်။ အဋ္ဌကထာ၌၊ထိရော,ကားဒဠှံ၏အဖွင့်တည်း။ ဤသို့သောနည်းဖြင့်အဖွင့် အဋ္ဌကထာ,ဋီကာသဒ္ဒါနည်းကို စိစစ်၍ ထစ်ထစ်ခွခွ လောက်လောက် လားလားမှတ်သားလောက်အောင်နိဿရည်းနံစာရေးကုန်ရာသည်)။ ။
စူဠကာလိင်္ဂဇာတကံ ပဌမံ။၃၀၁။
နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သောသဗ္ဗညုမြတ်စွာဘုရားသည်၊ အဒေယျေသု ဒဒံ ဒါနံ,အစရှိသောဂါထာပုဒ်ဖြင့် တန်းဆာဆင်အပ်သော ဤမဟာအဿာရောဟဇာတ်ကို၊ဇေတဝန်ကျောင်းကြီး၌သီတင်းသုံးနေတော်မူစဉ်၊ အသျှင်အာနန္ဒာမထေရ်ကိုအကြောင်းပြု၍ဟောတော်မူ၏။ ။
ထိုအခါအမတ်တို့သည်အမျက်ထွက်၍၊မင်းသားကို၊အရှင်မင်းသား၊ မင်းသည်တစ်ယောက်သော သူကြွယ်အားထက်ဝက်သော မင်းအဖြစ်ကိုပေး၍ ထိုသူကြွယ်နှင့်တကွစား၏၊သောက်၏၊ အိပ်၏၊ သူငယ်တို့ကို လည်းရှိခိုးစေ၏။ ဤမင်းသည်ပြုအပ်သောအမှုကိုအကျွန်ုပ်တို့သည်မသိပါကုန်။ မင်းသည်အသို့ပြုသနည်း၊ အကျွန်ုပ်တို့ကို ရှက်စေသလော၊မင်းအားဆိုပါလော့ဟု ဆိုကုန်၏။ မင်းသားသည်ကောင်းပြီဟုဝန်ခံ၍ထိုအလုံးစုံသောစကားကိုမင်းအားကြား၍၊ မြတ်သောမင်းကြီး၊ဤသို့မပြုလင့်ဟုဆို၏၊ အမောင်၊ငါစစ်ရှုံး၍အဘယ်၌နေသနည်းဟုတစ်ပါးသောသူတို့ကိုလည်းထို အကြောင်းကိုမေးကုန်၏လောဟုဆို၏မြတ်သောမင်းကြီး၊ မသိကုန်ဟု မင်းသားဆို၏။ ငါသည်ထိုယောက်ျား၏ အိမ်၌ နေလျက် ရောဂါကင်း၍လာ၍မင်းပြု၏ ဤသို့ငါ့အားကျေးဇူးပြုသောသူအား အဘယ့်ကြောင့် စည်းစိမ်ကိုမပေးအံ့နည်းဟုဆို၍၊အမောင်၊အကြင်သူသည် ပေးအပ်သောသူအားမပေး၊ထိုသူသည်ဘေးရန်သို့ရောက်၍ကျေးဇူးပြုသောသူကိုလည်းမရဟုပြလိုရကား။ ။
(၅၁၂)အ-ဒေယျေသု ဒဒန္တာနံ၊ဒေယျေသု နပဝေစ္ဆတိ။
အာပါသု ဗျသနံ ပတ္တော၊သဟာယံ နာ-ဓိဂစ္ဆတိ။ ။
(၅၁၃)အ-ဒေယျေသု အ-ဒေန္တာနံ၊ဒေယျေသု ယော ပဝေစ္ဆတိ။
အာပါသု ဗျသနံ ပတ္တော၊သဟာယ-မဓိဂစ္ဆတိ။ ။
(၅၁၄)သံယောဂ-သမ္ဘောဂ-ဝိသေသ-ဒဿနံ၊အနရိယ-ဓမ္မေသု သဌေသု နဿတိ။
ကတဉ္စ အရိယေသု စ အဇ္ဇဝေသု၊မဟပ္ဖလံ ဟောတိ အနုံပိ တာဒိသု။ ။
(၅၁၅)ယော ပုဗ္ဗေ ကတ-ကလျာဏော၊အကာ လောကေ သုဒုက္ကရံ။
ပစ္ဆာ ကယိရာ န ဝါ ကယိရာ၊အစ္စန္တံ ပူဇနာ-ရဟော။ ။
ဟူသောဤလေးဂါထာတို့ကိုဆို၏။ ။
(၅၁၂- ၅၁၅)တာတ၊ ချစ်သား။ ယော၊ အကြင်သူသည်။ ဒေယျေသု၊ မိမိအားရှေး၌ပေးကမ်းပေသောသူတို့အား။ ဝါ၊ ရှေး၌ ကျေးဇူးပြုဖူးပေသောသူတို့အား။ နပဝေစ္ဆတိ၊ မပေးမကမ်း။ အ-ဒေယျေသု၊ မိမိအားရှေး၌ မပေးမကမ်းဖူးသောသူတို့အား။ ဝါ၊ ရှေး၌ကျေးဇူးမပြုဖူးသောသူတို့အား။ ဒဒန္တာနံ၊ ပေးကမ်းတတ်ကုန်သော။ တေသံ၊ ထိုသူတို့အား။ အာဝါသုအာပဒါသု၊ ဘေးရန်တို့သည်။ ဥပ္ပန္နေသု၊ ဖြစ်လတ်ကုန်သည်ရှိသော်။ သော၊ ပေးကမ်းသင့်သောသူတို့အား မပေးကမ်း,မပေးကမ်းသင့်သော သူတို့အား ပေးကမ်းတတ်သောထိုသူသည်။ ဗျသနံ၊ ဆင်းရဲ ဒုက္ခသို့။ ပတ္တော၊ ရောက်သည်ရှိသော်။ သဟာယံ၊ အဆွေခင်ပွန်းကောင်းကို။ နာဓိဂစ္ဆတိ၊ မရ။ ။
ယော၊ အကြင်သူသည်။ ဒေယျေသု၊ မိမိအားရှေးကပေးကမ်းဖူးပေသောသူတို့အား။ ဝါ၊ ရှေးကကျေးဇူးပြုဖူးပေသောသူတို့အား။ ပဝေစ္ဆတိ၊ ပေး၏။ အ-ဒေယျေသု၊ မိမိအားရှေး၌မပေးကမ်းဖူးသောသူတို့အား။ ဝါ၊ ရှေး၌ကျေးဇူး မပြုဖူးသောသူတို့အား။ အဒေန္တာနံ၊ မပေးမကမ်းကုန်သော။ တေသံ၊ ထိုသူတို့အား။ အာဝါသုအာပဒါသု၊ ဘေးရန်တို့သည်။ ဥပ္ပန္နေသု၊ ဖြစ်လတ်ကုန်သည်ရှိသော်။ သော၊ ပေးကမ်း သင့်သော သူတို့အားပေးကမ်း, မပေးကမ်းသင့်သောသူတို့အားမပေးကမ်းတတ်သောထိုသူသည်။ ဗျသနံ၊ ဆင်းရဲဒုက္ခသို့။ ပတ္တော၊ ရောက်သည်ရှိသော်။ သဟာယံ၊ မ,စမည့်သူအဆွေခင်ပွန်းကောင်းကို။ အဓိဂစ္ဆတိ၊ ရ၏။ ။
အနရိယဓမ္မေသု၊ မဖြူစင်သောအကျင့်ရှိကုန်သော။ သဌေသုကေရာဋိကေသု၊ စဉ်းလဲကောက်ကျစ်သောသူတို့၌။ ကတံ၊ ပြုအပ်သော။ သံယောဂ-သမ္ဘောဂ-ဝိသေသ-ဒဿနံ၊ အတူ တကွ ပေါင်းဖော်ခြင်း,အတူတကွ သုံးဆောင်ခြင်း၏ ကျေးဇူးအထူးကိုငါ့အားဤအသျှင်သည်ကောင်းစွာပြုဖူးပေ၏ဟုဖော်ပြခြင်းသည်။ နဿတိ၊ ပျောက်၏။ အရိယေသုစ၊ မိမိအားပြုဖူးသော ကျေးဇူးကိုသိတတ်သဖြင့် စင်ကြယ်သော အကျင့်ရှိသည်လည်း ဖြစ်ကုန်ထသော။ အဇ္ဇဝေသုစ၊ မကောက်ကျစ်မစဉ်းလဲဖြောင့်မတ်သည်လည်း ဖြစ်ကုန်ထသော။ တာဒီသု၊ ထိုသို့သဘောရှိသောသူတို့၌။ ကတဉ္စ၊ ပြုအပ်သောကျေးဇူးသည်ကား။ အနုံပိ၊ အနည်းငယ်ပင်ဖြစ်သော်လည်း။ မဟပ္ဖလံ၊ ကြီးမြတ်သော အကျိုးရှိသည်။ ဟောတိ၊ ဖြစ်၏။ ။
ယော၊ အကြင်သူသည်။ ပုဗ္ဗေ၊ လက်ဦး၌။ ကတကလျာဏော၊ ကောင်းမြတ်သောကျေးဇူးကိုပြုဖူးပေသည်။ ဟောတိ၊ ဖြစ်၏။ လောကေ၊ လူ့ရွာ၌။ သုဒုက္ကရံ၊ အလွန်ပြုနိုင်ခဲသောအမှုကို။ အကာ အကာသိ၊ ပြုဖူးပေ၏။ သော၊ ထိုသူသည်။ ပစ္ဆာ၊ နောက်ကာလ၌။ ကယိရာဝါ၊ တဖန်ထပ်၍ကျေးဇူးပြုသည်မူလည်းဖြစ်စေ။ နကယိရာဝါ၊ တဖန်ထပ်၍ကျေးဇူးမပြုသည် မူလည်းဖြစ်စေ။ တေနေဝ၊ ထိုပဌမလက်ဦးပြုဖူးသောကျေးဇူးဖြင့်ပင်လျှင်။ အစ္စန္တံ၊ စင်စစ်။ ပူဇနာရဟော၊ အလုံးစုံသောပူဇော်သက္ကာရကိုခံထိုက်လှပေပြီ။ ။
သဌကေတဝေ၊ဟိံသာသံကိလေသေသုစ။ သဌတိ။ သဌော၊သဌောတိကေရာဋိကော,ဟု သဒ္ဒနီတိမုဒ္ဓဇ-ဌကာရန္တဓာတ်ဝယ်လာရှိရကား ၊သဌေသု,လိုသည်။ ဒန္တဇ-ထ,နှင့်မလို)။ ။
မဟာအဿာရောဟဇာတကံ ဒုတိယံ။၃ဝ၂။
နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ အနုတ္တရေ ကာမဂုဏေ သမိဒ္ဓေ,အစရှိသောဂါထာပုဒ်ဖြင့် တန်းဆာဆင်အပ်သော ဤဧကရာဇဇာတ်ကို၊ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ်၊ မထင်ရှားသော၊ကောသလမင်းကိုခစားသောအမတ်ကိုအကြောင်းပြု၍ဟောတော်မူ၏။ ။
ဧကရာဇဇာတ်၌ကားဒုဗ္ဘိသေနမင်းသည်မြတ်သောပြာသာဒ်အပြင်ဝယ်အမတ်တို့၏အလယ်၌နေသောဗာရာဏသီမင်းကိုနှောင်ဖွဲ့၍ဆိုင်း၌ထည့်စေ၍၊ မြောက်တံခါးခုံ၌ ဦးစောက်ဆွဲစေ၏။ ဗာရာဏသီမင်းသည် ခိုးသူမင်းကို အာရုံပြုလျက်မေတ္တာကိုပွါးစေ၍ ကသိုဏ်းပရိကံကိုပြု၍ဈာန်ကိုဖြစ်စေ၏။ ထိုခဏ အနှောင်အဖွဲ့ပြတ်၍ မြတ်သောမင်းသည် ကောင်းကင်အပြင်၌ထက်ဝယ်ပလ္လင်ဖြင့်နေ၏။ ခိုးသူမင်း၏ကိုယ်၌ပူခြင်းသည်ဖြစ်၏။ ပူ၏ပူ၏ဟုမြေ၌ထိုမှဤမှလူးလဲ၍ အဘယ်အမှုတုံနည်းဟု ဆိုလတ်သော်၊မြတ်သောမင်းကြီး၊ သင်မင်းကြီးတို့သည်ဤသို့သဘောရှိသောတရားစောင့်သောမင်းကိုမြောက်တံခါးခုံ၌ ဦးစောက်ဆွဲကုန်၏ဟုဆိုကြကုန်၏။ ထိုသို့တပြီးကားလျင်စွာသွား၍ လွှတ်ကြကုန်ဟုဆို၏။ မင်းချင်းယောက်ျားတို့သည်သွား၍ ကောင်းကင်၌ထက်ဝယ်ဖွဲ့သဖြင့်နေသော ဗာရာဏသီမင်းကိုမြင်လတ်၍လာ၍ ဒုဗ္ဘိသေနမင်းအားကြားလျှောက်ကုန်၏။ ဒုဗ္ဘိသေနမင်းသည်လျင်မြန်စွာသွား၍ဗာရာဏသီမင်းကို ရှိခိုး၍ကန်တော့အံ့သောငှါ။ ။
(၅၁၆)အနုတ္တရေ ကာမဂုဏေ သမိဒ္ဓေ၊ဘုတွာန ပုဗ္ဗေ ဝသီ ဧကရာဇ။
သော-ဒါနိ ဒုဂ္ဂေ နရကမှိ ခိတ္တော၊န-ပ္ပဇ္ဇဟေ ဝဏ္ဏ-ဗလံ ပုရာဏံ။ ။
ဟူသောရှေးဦးစွာသောဂါထာကိုဆို၏။ ။
ခိုးသူမင်းဆိုသားထိုစကားကိုကြား၍၊ဘုရားလောင်းသည်။ ။
(၅၁၇)ပုဗ္ဗေ-ဝ ခန္တီစတပေါ စ မယှံ၊သံပတ္ထိတာ ဒုဗ္ဘိသေန အဟောသိ။
တံ-ဒါနိ လဒ္ဓါန ကထံ နု ရာဇ၊ဇဟေ အဟံ ဝဏ္ဏ-ဗလံ ပုရာဏံ။ ။
(၅၁၈)သဗ္ဗာ ကိရေ-ဝံ ပရိနိဋ္ဌိတာနိ၊ယသဿိနံ ပညဝန္တံ ဝိသယှ။
ယသော စ လဒ္ဓါ-ပုရိမံ ဥဠာရံ၊နပ္ပ-ဇ္ဇဟေ ဝဏ္ဏ-ဗလံ ပုရာဏံ။ ။
(၅၁၉)ပနုဇ္ဇ ဒုက္ခေန သုခံ ဇနိန္ဒ၊သုခေန ဝါ ဒုက္ခ-မသယှသာဟီ။
ဥဘယတ္ထ သန္တော အဘိနိဗ္ဗုတ-တ္တာ၊သုခေ စ ဒုက္ခေ စ ဘဝန္တိ တုလျာ။ ။
ဟူသောဤသုံးဂါထာတို့ကိုဆို၏။ ။
(၅၁၇-၅၁၉)ဒုဗ္ဘိသေန၊ ဒုဗ္ဘိသေနမင်း။ ပုဗ္ဗေဝ၊ ရှေးမဆွကလျှင်။ မယှံ၊ ငါသည်။ ခန္တိစ၊ မျက်မာန်ချုပ်တည်း သည်းခံခြင်းကို၎င်း။ တပေါစ၊ ခြိုးခြံသောအကျင့်ကို၎င်း။ သံပတ္ထိတာ၊ အလွန်တောင့်တအပ်သည်။ အဟောသိ၊ ဖြစ်ပြီ။ ရာဇ၊ ဒုဗ္ဘိသေနမင်း။ ဣဒါနိ၊ ယခုအခါ၌။ တံပတ္ထနံ၊ ထိုတောင့်တအပ်သော သည်းခံခြင်းခြိုးခြံသော အကျင့်ကို။ လဒ္ဓါန၊ ရ၍။ ပုရာဏံ၊ ရှေး၌ဖြစ်သော။ ဝဏ္ဏ-ဗလံ၊ ပွတ်သစ်သောကြေးမုံ အပြင်သို့ကြည်လင်သောအဆင်း, သူတော်ကောင်းတို့၏ ခန္တိဉာဏဝီရိယဗလကို။ ကထံနု၊ အဘယ်အကြောင်းကြောင့်လျှင်။ အဟံ၊ ငါသည်။ ဇဟေ ဇဟေယျံ၊ စွန့်ရအံ့နည်း။ ။ (အကြင်သူအားဒုက္ခဒေါမနဿသည်ဖြစ်၏။ ထို သူသည်သာလျှင်ဝဏ္ဏနှင့်ဗလကိုစွန့်ရရာ၏ဟုပြသတည်း)။ ။
သဗ္ဗာ သဗ္ဗာနိ၊ ကုန်အောင်စုံပြုဖွယ်ကိစ္စဒါနသီလဘာဝနာအမှုတို့ကို။ ဧဝံ၊ ဤသို့ ရှေးလက်ဦးမဆွကလျှင်။ ပရိနိဋ္ဌိတာနိကိရ၊ ပြီးသည်သာလျှင် ဖြစ်ကုန်သတတ်။ ယသဿိ၊ များမြတ်သော အခြံအရံရှိသော။ ပညဝန္တံ၊ ပညာရှိသော။ ဝိသယှ၊ နှိပ်နွံခြင်းငှာခဲယဉ်းသော ဆန့်ကျင်ဖက်ကိုနှိပ်နွံနိုင်သော။ ဝါ၊ သည်းခံခြင်းငှာခဲယဉ်းသော ဆန့်ကျင်ဖက်ကိုသည်းခံနိုင်သောမင်းကြီး။ အပုရိမံပုဗ္ဗေအလဒ္ဓပုဗ္ဗံ၊ ရှေး၌မရစဖူးသော။ ဥဠာရံ၊ ကြီးမြတ်ပြန့်ပြောသော။ ယသောယသံ၊ ကိလေသာကိုခွာခြင်းငှာ စွမ်းနိုင်သောမေတ္တာဘာဝနာကိုအမှီပြု၍ရောက်အပ်သောဈာန်သမာပတ်စည်းစိမ်ကို။ လဒ္ဓါစ၊ ရပြီး၍သော်တမူကား။ ပုရာဏံ၊ ရှေး၌ဖြစ်သော။ ဝဏ္ဏ-ဗလံ၊ အဆင်းအားကို။ ကိံကာရဏာ၊ အဘယ်အကြောင်းကြောင့်။ အဟံ၊ ငါသည်။ ဇဟိဿာမိ၊ စွန့်ရအံ့နည်း။ (ကိံကာရဏာဇဟိဿာမိ,ကား ထည့်သည်)။ နပ္ပဇ္ဇဟေနပ္ပဇ္ဇဟေဧဝ၊ ငါမစွန့်သည်သာတည်း။ ။
ဇနိန္ဒ၊ လူတို့ကို အစိုးရသောဒုဗ္ဘိသေနမင်း။ ဒုက္ခေန၊ သင်သည်ဖြစ်စေအပ်သော နရကခိပနဒုက္ခဖြင့်။ သုခံ၊ ငါ၏မင်းချမ်းသာကို။ ပနုဇ္ဇ၊ ပယ်ရှား၍။ သုခေနဝါ၊ ဈာန်ချမ်းသာဖြင့်မူလည်း။ ဒုက္ခံ၊ ထိုသင်ဖြစ်စေအပ်သောဒုက္ခကို။ ပနုဇ္ဇ၊ ပယ်ရှား၍။ အသယှသာဟီ၊ သူတစ်ပါးတို့ သည်းခံနိုင်ခက်သော ခဲယဉ်းသောအမှုကို ငါသည်းခံ၏။ မာဒိသာ၊ ငါကဲ့သို့ သဘောရှိကုန်သော။ ယေသန္တော၊ အကြင်သူတော်ကောင်းတို့သည်။ ဟောန္တိ၊ ထင်ရှားရှိကုန်၏။ တေသန္တော၊ ထိုငါကဲ့သို့သဘောရှိသော သူတော်ကောင်းတို့သည်။ ဥဘယတ္ထ၊ နှစ်ပါးစုံသောသုခဒုက္ခအဖို့တို့၌။ အဘိနိဗ္ဗုတတ္တာ၊ အလွန်ငြိမ်းအေးသောသဘောရှိကုန်သည်ဖြစ်၍။ ဝါ၊ ဥဒါသိန်ဟု၊ချိန်နှယ်သမျှ၊ မေတ္တာဖြင့်အလွန်ငြိမ်းအေးသောသဘောရှိကုန်သည်ဖြစ်၍။ သုခေစ၊ သုခ၌၎င်း။ ဒုက္ခေစ၊ ဒုက္ခ၌၎င်း။ တုလျာ၊ လေးတူတင်သော ရွှေချိန်ခွင်သို့တက်တင်မရှိဧကသဒိသနိဗ္ဗိကာရသဘောရှိကုန်သည်။ ဘဝန္တိ၊ ဖြစ်ကုန်၏။ ။
(ဇဟေ,၌ဧယျံဝိဘတ်ကိုဧ,ရေးသည်။ ထို့ကြောင့် အဟံဇဟေယျံ,ဟု၊ အဋ္ဌကထာဖွင့်သည်။ ယသဿိ,ပညဝန္တံ,ဝိသယှ,သုံးပုဒ်ကား။ တီဏိပေတာနိအါလပနာနေဝ,ဟူရကားအါလုပ်ပုဒ်ချည်းတည်း။ အာလုပ်ဖြစ်သောကြောင့်၊ ယသဿိ,ဟု၊ရဿနှင့်နေသည်။ နန္တိ ပနေတ္ထနိပါတော, ဟူရကားနံ, ကားအနက်မရှိနိပါတ်ပုဒ်တည်း။ ဗျဉ္ဇနသိလိဋ္ဌတာဝသေနန္တကာရဿသာနုနာသိကတာပစ္စေတဗ္ဗာ, ဟူရကား။ ပညဝန္တ,လိုလျက် သဒ္ဒါပြေပြစ်သည်၏အဖြစ်တည်းဟူသော အစွမ်းဖြင့် နိဂ္ဂဟိတ်လာ၍၊ ပညဝန္တံ နေသည်။ ဝိရုဒ္ဓံသယှဝိသယှ,ပြု၍ဤ၌သဟဓါတ်၏အဘိဘဝန အနက်, ခမနအနက်,နှစ်ချက်သင့်သည်။ ကဿပဿဝစောသုတွာ,၌ကဲ့သို့၊သဿစော, သုတ်စဂြိုဟ်ဖြင့်အံဝိဘတ်ကိုဩ,ရေးသည်။ ထို့ကြောင့်၊ယသဉ္စ၊ အယမေဝဝါပါဌော,ဟု၊ အဋ္ဌကထာဖွင့်သော။ လဒ္ဓါပုရိမံ၌အာ,နောင်အ,ကျေသည်။ ထို့ကြောင့်၊ အပုရိမန္တိ ပုဗ္ဗေအလဒ္ဓပုဗ္ဗံ,ဟု၊ အဋ္ဌကထာဖွင့်သည်။ အပုရိမံ,ဥဠာရံ,ဤနှစ်ပုဒ်ကားယသံ၏ ဝိသေသနတည်း။ ထို့ကြောင့်၊နပ္ပဇ္ဇဟေတိဧဝရူပံယသံလဒ္ဓါ,ဟု၊ အဋ္ဌကထာဖွင့်သည်။ ကိလေသဝိက္ခမ္ဘန မေတ္တာဘာဝနာဈာ နုပ္ပတ္တိယောသန္ဓာယေဝမာဟ,ဟူသော အဋ္ဌကထာကိုမြင်၍ယခင်အနက်ကိုယောဇနာခဲ့သည်။ ကိံကာရဏာပုရာဏံဝဏ္ဏဗလံဇဟိဿါမီတိအတ္ထော, ဟူသော အဋ္ဌကထာကိုမြော်၍ ပါဌသေသကို ဖော်ခဲ့သည်။ ပါဌသေသပေါ်သောကြောင့်ပင်၊နပ္ပဇ္ဇဟေနပ္ပဇ္ဇဟေဧဝ,ဟု၊သာဝဓာရဏအတ္ထသည် ပါကဋတရဖြစ်သတည်း။ အဘိနိဗ္ဗုတောအတ္တာသဘာဝေါဧတေသန္တိ အဘိနိဗ္ဗုတတ္တာ, ပြု၍ အတ္တာ,ကား သဘာဝအနက်ကို ဟောသည်။ ထို့ကြောင့်၊အဘိနိဗ္ဗုတသဘာဝါ,ဟု၊အဋ္ဌကထာဖွင့်သည်။ ငြိမ်းအေးသော သဘော ရှိသည်လည်းသုခဒုက္ခအပင်းအသင်းသို့မကျ မဇ္ဈတ္တသဘောကြောင့်ဟုပြခြင်းငှါမဇ္ဈတ္တာဆင့်ပြန်သည်။ တုလျာ,ကား သဒိသအနက်ကိုဟောသည်။ ထူးဆန်းကာသာမဟုတ်၊တစ်ခုထည်းကဲ့သို့ တူသည်ဟု ပြခြင်းငှါ၊တုလျာတိဧကသဒိသာ,ဘွင့်သည်။ တစ်ခုထည်းကဲ့သို့တူသည်လည်း ဒုက္ခ၌ပဋိဃ၊သုခ၌ အနုနယ,ဟု၊ဝိကာရဖောက်ပြန်ခြင်းကင်းသည်ဟူလိုရကား၊နိဗ္ဗိကာရာဟောန္တိ,ဟူသည်)။ ။
ဧကရာဇဇာတကံ တတိယံ။၃၀၃။
နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ ဣမာနိမံ,အစရှိသောဂါထာပုဒ်ဖြင့် တန်းဆာဆင်အပ်သော ဤဒဒ္ဒရဇာတ်ကို၊ ဇေတဝန်ကျောင်းကြီး၌ သီတင်းသုံးနေတော်မူစဉ်၊ တစ်ပါးသောအမျက်ထွက်တတ်သော ရဟန်းကို အကြောင်းပြု၍ ဟောတော်မူ၏။ ။
နဂါးညီနောင်နှစ်ယောက်တို့သည်။ ဗာရာဏသီပြည်မစင်စွန့်ရာမြေအဖို့သို့သွား၍နေရကုန်၏။ ထိုအခါ၊မစင်စွန့်ရာမြေဝယ်ရေနား၌အစာရှာကုန်သော ထိုနဂါးတို့ကို ရွာသူရွာသားသူငယ်တို့သည် မြင်ကုန်၍ ပုတ်ခတ်လိုကုန်ရကားခဲလှံတန်တို့ကိုပစ်ကုန်၏။ အချင်းတို့၊ ဖားစိမ်းစားဖြစ်ကုန်သော ဤရေမြွေတို့သည်ဦးခေါင်းကြီးကုန်၏။ အပ်နှင့်တူသောအမြီးရှိကုန်၏။ ဤသို့အစရှိသောစကားတို့ကိုဆို၍ ဆဲရေးကုန်၏။ စူဠဒဒ္ဒရနဂါးသည်ကြမ်းကြုတ်သည်၏အဖြစ်ကြောင့်၊ ထိုသူငယ်တို့၏ မထေမဲ့မြင်ပြုခြင်းကိုသည်းမခံနိုင်သည်ဖြစ်၍ အစ်ကိုယ်၊ ဤသူငယ်တို့သည်ငါတို့ကိုပုတ်ခတ်ကုန်၏။ ငါတို့၏လျင်သောအဆိပ်ရှိသည်၏အဖြစ်ကိုမသိကြကုန်။ ငါသည်ထိုသူငယ်တို့၏မထေမဲ့မြင်ပြုသည်ကို သည်းခံခြင်းငှါမတတ်နိုင်။ ထိုသူငယ်တို့ကို နှာခေါင်းလေဖြင့်ပျက်စီးစေအံ့ဟု အစ်ကိုယ်နှင့်တကွပြောဟောလိုရကား။ ။
(၅၂၀)ဣမာနိ မံ ဒဒ္ဒရ တာပယန္တိ၊ဝါစာ-ဒုရု-တ္တာနိ မနုဿ-လောကေ။
မဏ္ဍူက-ဘက္ခာ ဥဒကန္တသေဝီ၊အာသီဝိသံ မံ အ-ဝိသာ သပန္တိ။ ။
ဟူသောရှေးဦးစွာသောဂါထာကိုဆို၏။ ။
ထိုစူဠဒဒ္ဒရနဂါး၏စကားကိုကြား၍နောင်တော်မဟာဒဒ္ဒရနဂါးသည်။ ။
(၅၂၁)သကာ ရဋ္ဌာ ပဗ္ဗာဇိတော၊အညံ ဇနပဒံ ဂတော။
မဟန္တံ ကောဋ္ဌံ ကယိရာထ၊ဒုရုတ္တာနိ နိဓေတဝေ။ ။
(၅၂၂)ယတ္ထ ပေါသံ န ဇာနန္တိ၊ဇာတိယာ ဝိနယေန ဝါ။
န တတ္ထ မာနံ ကယိရာထ၊ဝသ-မညာတကေ ဇနေ။ ။
(၅၂၃)ဝိဒေသ-ဝါသံ ဝသတော၊ဇာတဝေဒ-ဘယေနပိ။
ခမိတဗ္ဗံ သပညေန၊အပိ ဒါသဿ တဇ္ဇိတံ။ ။
ဟူသောဤသုံးဂါထာတို့ကိုဆို၏။ ။
(၅၂၁-၅၂၃)ကနိဋ္ဌ၊ ညီထွေးဒဒ္ဒရ။ သကာရဋ္ဌာ၊ မိမိတိုင်းမှ။ ပဗ္ဗာဇိတော၊ နှင်ထုတ်အပ်သည်ဖြစ်၍။ အညံဇနပဒံ၊ တစ်ပါးသောဇနပုဒ်သို့။ ဂတော၊ ရောက်ရသောသူသည်။ ဒုရုတ္တာနိ၊ မကောင်းသဖြင့်ဆိုအပ်သော စကားတို့ကို။ နိဓေတဝေ၊ နှလုံးတိုက်ထဲ အမြဲသိုထားခြင်းငှာ။ မဟန္တံ၊ ကြီးစွာသော။ ကောဋ္ဌံ၊ ကျီကြသဖွယ်ဖြစ်သောသတိပညာသမာဓိခန္တိစသောနှလုံးတိုက်ခမ်းကို။ ကယိရာထ၊ ပြုရာ၏။ ။
ယတ္ထ၊ အကြင်အရပ်၌။ ပေါသံ၊ ယောက်ျားကို။ ဇာတိယာဝါ၊ အမျိုးအားဖြင့်၎င်း။ ဝိနယေနဝါ၊ သီလသံယမဗဟုဿုတ စသော အားဖြင့်၎င်း။ နဇာနန္တိ၊ အစဉ်းမသိကုန်။ တတ္ထ၊ ထိုအစဉ်းမသိသောအရပ်၌။ မာနံ၊ ဇာတိပုညဂုဏ်မာနကို။ နကယိရာထ၊ မပြုရာ။ အညာတကေဇနေ၊ မိမိ၏ဇာတိဂေါတ္တ စသည်အထူးဂုဏ်ကျေးဇူးကိုမသိသောသူ့အထံ၌။ ဝသံဝသန္တော၊ နေသောသူသည်။ ခမေယျ၊ မျက်မာန်ချုပ်တည်းသည်းခံရာ၏။ ။
ဝိဒေသဝါသံ၊ အရပ်တစ်ပါး၌နေခြင်းကို။ ဝသတောဝသတာ၊ နေရသော။ သပညေန၊ ပညာရှိသောသူသည်။ ဒါသဿအပိ၊ ကျွန်၏လည်း။ ဇာတဝေဒဘယေနပိ၊ မီးဘေးဖြင့်လည်း။ တဇ္ဇိတံ၊ ခြိမ်းခြောက်ခြင်းကို။ ခမိတဗ္ဗံ၊ သည်းခံရာ၏။ ။
(ဝသတော,ကားတတိယာအနက်၌၊ဆဋ္ဌီ, သက်သည်။ ဝသတောတိဝသတာ။အယမေဝဝါပါဌော။ ။အဋ္ဌကထာ)။ ။
ဒဒ္ဒရဇာတကံ စတုတ္ထံ။၃၀၄။
နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ နတ္ထိလောကေ ရဟောနာမ,အစရှိသော ဂါထာပုဒ်ဖြင့် တန်းဆာဆင်အပ်သော ဤသီလဝီမံသနဇာတ်ကို၊ ဇေတဝန်ကျောင်း ကြီး၌သီတင်းသုံးနေတော်မူစဉ်၊ကိလေသာကိုနှိပ်ခြင်းကို အကြောင်းပြု၍ဟေါတော်မူ၏။ ။
ထိုအခါဘုရားလောင်းကိုဆရာသည်၊ အမောင်၊ သင်သည်ကားတစ်စုံတစ်ခုသော ဝတ်စားတန်းဆာကို မဆောင်ခဲ့လောဟုဆို၏။ ဆရာ၊ မဆောင်ခဲ့ဟုဆို၏။ အမောင်၊အဘယ့်ကြောင့် မဆောင်ခဲ့သနည်းဟုမေး၏။ ဆရာ၊သင်တို့သည် တစ်စုံတစ််ယောက်သောသူ၏ မြင်စဉ်၊ ဆောင်ယူခဲ့သောဝတ်စားတန်းဆာကိုမယူကုန်။ ကျွန်ုပ်သည်ကား မကောင်းမှုကိုပြုခြင်း၌ဆိတ်ကွယ်ရာမည်သည်ကိုမမြင်၊ထို့ကြောင့်မဆောင်ယူခဲ့ဟု ပြလိုရကား။ ။
(၅၂၄)နတ္ထိ လောကေ ရဟော နာမ၊ပါပ-ကမ္မံ ပကုဗ္ဗတော။
ပဿန္တိ ဝန-ဘူတာနိ၊တံ ဗာလော မညတေ ရဟော။ ။
(၅၂၅)အဟံ ရဟော န ပဿာမိ၊သုညံ ဝါပိ န ဝိဇ္ဇတိ။
ယတ္ထ သုညံ န ပဿာမိ၊အ-သုညံ ဟောတိ တံ မယာ။ ။
ဟူသောဤနှစ်ဂါထာတို့ကိုဆို၏။ ။
(၅၂၄-၅၂၅)အာစရိယ၊ ဆရာ။ လောကေ၊ လူ့ ပြည်၌။ ပါပ-ကမ္မံ၊ မကောင်းမှုကို။ ပကြုဗ္ဗတော၊ ပြုသောသူအား။ ရဟောနာမ၊ ဆိတ်ကွယ်ရာအရပ်မည်သည်။ နတ္ထိ၊ မရှိ။ ဝန-ဘူတာနိ၊ တော၌ဖြစ်သောနတ်တို့သည်။ ပဿန္တိ၊ မြင်ကုန်၏။ တံပါပကမ္မံ၊ ထိုမကောင်းမှုကို။ ဗာလော၊ သူမိုက်သည်။ ရဟော၊ ဆိတ်ကွယ်ရာအရပ်၌။ မယာ၊ ငါသည်။ ကတံ၊ ပြုအပ်၏ဟူ၍။ မညတေ၊ အောက်မေ့၏။ ။
အဟံ၊ ငါသည်။ ရဟော၊ ဆိတ်ကွယ်ရာအရပ်ကို။ နပဿာမိ၊ မမြင်။ ယတ္ထ၊ အကြင်အရပ်၌။ သုညံ၊ သတ္တဝါတို့မှ ဆိတ်သည်။ ဘဝေယျ၊ ဖြစ်ရာ၏။ တံသုညံဝါပိ၊ ထိုသတ္တဝါတို့မှဆိတ်ရာ အရပ်သည်လည်း။ နဝိဇ္ဇတိ၊ လောကဓာတ်၌မရှိ။ တသ္မာ၊ ထိုသို့မရှိသောကြောင့်။ သုညံ၊ သတ္တဝါတို့မှဆိတ်ရာအရပ်ကို။ နပဿာမိ၊ မမြင်။ မယာ၊ ငါသည်။ ကတံ၊ ပြုအပ်သော။ တံပါပံ၊ ထိုမကောင်းမှုသည်။ အ-သုညံ၊ မဆိတ်သည်။ ဟောတိ၊ ဖြစ်၏။
ဆရာသည် ဘုရားလောင်းအားကြည်ညို၍၊အမောင်၊ငါ့အိမ်၌ဥစ္စာမရှိသည်မဟုတ်၊ငါသည်ကားသီလနှင့်ပြည့်စုံသောသူအား သ္မီးကိုပေးအံ့ဟူ၍ လုလင်တို့ကိုစုံစမ်းလိုရကားဤသို့ပြု၏။ သင့်အားငါ့သ္မီးသည်လျော်၏ဟုသ္မီးကိုတန်းဆာဆင်၍ဘုရားလောင်းအားပေး၏။ ကြွင်းသောလုလင်တို့ကိုသင်တို့သည် ဆောင်ခဲ့တိုင်းဆောင်ခဲ့တိုင်းသော အဝတ်တန်းဆာကိုသင်တို့၏အိမ်သို့လျှင်ဆောင်ကြကုန်ဟုဆို၏။ ။
သဗ္ဗညုမြတ်စွာဘုရားသည်၊ရဟန်းတို့၊ထိုသီလမရှိကုန်သောလုလင်တို့သည်မိမိတို့၏ သီလမရှိသည်၏ အဖြစ်ကြောင့် ထိုမိန်းမကိုမရကုန်။ ပညာရှိသော လုလင်သည်ကား သီလနှင့်ပြည့်စုံသည်၏အဖြစ်ကြောင့်ရ၏ဟုမိန့်တော်မူ၍ဘုရားဖြစ်၍။ ။
(၅၂၆)ဒုဇ္ဇစ္စော စ သုဇစ္စော စ၊နန္ဒော စ သုခဝဍ္ဎိတော။
ဝဇ္ဇော စ အထ သီလော စ၊တေ ဓမ္မံ ဇဟု-မတ္ထိကာ။ ။
(၅၂၇)ဗြာဟ္မဏော စ ကထံ ဇဟေ၊သဗ္ဗ-ဓမ္မာန ပါရဂူ။
ယော ဓမ္မ-မနုပါလေတိ၊ဓိတိမာ သစ္စ-နိက္ကမော။ ။
ဟူသောဤနှစ်ဂါထာတို့ကိုဟောတော်မူ၏။ ။
(၅၂၆-၅၂၇)ဒုဇ္ဇစ္စောစ၊ ဒုဇ္ဇစ္စလုလင်၎င်း။ သုဇစ္စောစ၊ သုဇစ္စလုလင်၎င်း။ နန္ဒောစ၊ နန္ဒလုလင်၎င်း။ သုခဝဍ္ဎိတော၊ သုခဝဍ္ဎိတလုလင်၎င်း။ ဝဇ္ဇောစ၊ ဝဇ္ဇလုလင်၎င်း။ အထ၊ ထိုမြို့။ သီလောစ၊ သီလလုလင်၎င်း။ တေ၊ ထိုဒုဇ္ဇစ္စစသားတပည့်ကြီး ခြောက်ယောက်တို့နှင့်တကွ ကုန်အောင်စုံသောတပည့်လုလင်တို့သည်။ အတ္ထိကာ၊ မိန်းမကို အလိုရှိကုန်လျက်။ ဒုဿီလတာယ၊ မိမိတို့သီလမရှိသည့်အဖြစ်ကြောင့်။ ဓမ္မံ၊ မိန်းမကိုရခြင်းသဘောကို။ ဇဟုံ၊ စွန့်ရကုန်၏။ ။
ယောဗြာဟ္မဏော၊ အကြင်ပုဏ္ဏားသည်။ သဗ္ဗ-ဓမ္မာနံ၊ ခပ်သိမ်းကုန်သောပဉ္စသီ, ဒသသီ,သုံးပါးသော သုစရိုက်တရားတို့၏။ ပါရဂူ၊ ကမ်းတဖက်သို့ရောက်သည်ဖြစ်၍။ ဓမ္မံ၊ ဆိုအပ်ပြီးသော အပြားရှိသော ပဉ္စသီ,ဒသသီ,သုစရိုက်တရားကို။ အနုပါလေတိ၊ စောင့်၏။ ဓိတိမာ၊ သီလကိုစောင့်ခြင်း၌တည်ကြည်သောသမာဓိရှိ၏။ သစ္စနိက္ကမော၊ အဟုတ်အမှန် သီလကိုစောင့်သော လုံ့လနှင့်ပြည့်စုံ၏။ သောဗြာဟ္မဏောစ၊ ထိုပုဏ္ဏားသည်ကား။ ကထံ၊ အဘယ်သို့သောအကြောင်းဖြင့်။ တံဓမ္မံ၊ ထိုမိန်းမကိုရခြင်းသဘောကို။ ဇဟေ၊ စွန့်လတ္တံ့နည်း။ ။
(ဒုဇ္ဇစ္စော,စသည်တို့ကားတပည့်အပေါင်းတို့တွင်အကြီးဖြစ်သောခြောက်ယောက်သောလုလင်တို့ကိုအမည်သရုပ်အားဖြင့်ဖော်ထုတ်၍ဆိုသောစကားတည်း။ ခြောက်ယောက်မှကြွင်းသောလုလင်တို့၏အမည်ကိုမယူမူ၍ကုန်အောင်စုံကိုသင်္ဂြိုဟ်သည်၏အစွမ်းအားဖြင့် တေဓမ္မံဇဟုမတ္ထိကာ,ဟူသတည်း။ ထိုကြောင့်၊တေ,ဖြင့်ဒုဇ္ဇစ္စစသော အကြီးခြောက်ယောက်ကိုသာ မစွဲမူ၍ အကြီးခြောက်ယောက်နှင့် တကွ တပည့်လုလင်ကုန်အောင်စုံကိုစွဲသတည်း)။ ။
သီလဝီမံသနဇာတကံ ပဉ္စမံ။၃၀၅။
နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ ကိမဏ္ဍကာနိမေ,အစရှိသော ဂါထာပုဒ်ဖြင့် တန်းဆာဆင်အပ်သော ဤသုဇာတာဇာတ်ကို၊ဇေတဝန်ကျောင်းကြီး၌သီတင်းသုံး နေတော်မူစဉ်၊ မလ္လိကာမိဖုရားကြီးကိုအကြောင်းပြု၍ဟောတော်မူ၏။ ။
ထိုအခါ တစ်နေ့သ၌ မင်းသည် ရွှေခွက်၌ထည့်၍ ဆီးသီးတို့ကိုစားလျက်နေ၏။ ထိုအခါသုဇာတာမိဖုရားသည်မင်းကြီး ဆီးသီးစားသည်ကိုမြင်၍၊ မြတ်သောမင်းကြီး၊ အသျှင်မင်းကြီးတို့သည် အဘယ်မည်သော အသီးကိုစားကုန်သနည်းဟုမေးလိုရကား။ ။
(၅၂၈)ကိ-မဏ္ဍကာ ဣမေ ဒေဝ၊နိက္ခိတ္တာ ကံသ-မလ္လကေ။
ဥပလောဟိတကာ ဝဂ္ဂူ၊တံ မေ အက္ခာဟိ ပုစ္ဆိတော။ ။
ဟူသောရှေးဦးစွာသောဂါထာကိုဆို၏။ ။
မင်းသည်အမျက်ထွက်၍၊ဟင်းရွက်သည်အိမ့်ရှင်သ္မီး၊ ဆီးသီးသည်မ၊ ဟင်းရွက်သည်မ၊ သင်သည်ကား သင့်အဆွေ အမျိုးတို့၏ ဥစ္စာဖြစ်သောဆီးသီးတို့ကိုလည်းမသိလောဟုဆို၍။ ။
(၅၂၉)ယာနိ ပုရေ တုဝံ ဒေဝိ၊ဘဏ္ဍု နန္တက-ဝါသိနီ။
ဥစ္ဆင်္ဂ-ဟတ္ထာ ပစိနာသိ၊တဿာ တေ ကောလိယံ ဖလံ။ ။
(၅၃၀)ဥဍ္ဍယှတေ န ရမတိ၊ဘောဂါ ဝိပ္ပဇဟန္တိ တံ။
တတ္ထေ-ဝိ-မံ ပဋိနေထ၊ယတ္ထ ကောလံ ပစိဿတိ။ ။
ဟူသောဤနှစ်ဂါထာတို့ကိုဆို၏။ ။
(၅၂၉-၅၃၀)ဒေဝိ၊ မိဖုရား။ ပုရေ၊ ရှေး၌။ တုဝံ၊ သင်သည်။ ယာနိ၊ အကြင်ဆီးသီးတို့ကို။ ဘဏ္ဍု၊ ဆံဖားရားချသောဦးခေါင်းရှိသည်ဖြစ်၍။ နန္တက-ဝါသိနီ၊ အဝတ်နွမ်းကိုဝတ်လျက်။ ဥစ္ဆင်္ဂ-ဟတ္ထာ၊ ခါးပိုက်၌ထည့်သောလက်ရှိသည်ဖြစ်၍။ ပစိနာသိ၊ ဆွတ်ချွေ၏။ ဣဒံဖလံ၊ ဤငါစားသောအသီးသည်ကား။ တဿာတေ၊ ထိုသင်၏။ ကောလိယံ၊ အမျိုးမှလာသော။ ဖလံ၊ ဆီးသီးတည်း။ ။
အယံဇမ္မီ၊ ဤမိန်းမယုတ်သည်။ ရာဇကုလေ၊ မင်းအိမ်၌။ ဝသမာနာ၊ နေသည်ရှိသော်။ လောဟကုမ္ဘိယံ၊ လောဟကုမ္ဘီငရဲ၌။ ပက္ခိတ္တာဝိယ၊ ထည့်အပ်သကဲ့သို့။ ဥဍယှတေ၊ ပူ၏။ နရမတိ၊ မမွေ့လျော်။ ဘောဂါ၊ မင်း၏စည်းစိမ်တို့သည်။ တံ၊ ထိုဘုန်းကြက်သရေမရှိသောမိန်းမယုတ်ကို။ ဝိပ္ပဇဟန္တိ၊ စွန့်ကုန်၏။ ယတ္ထ၊ အကြင်အိမ်၌။ ကောလံ၊ ဆီးသီးကို။ ပစိဿတိ၊ ဆွတ်ရလတ္တံ့။ ပစိနိတွာ၊ ဆွတ်၍။ ဝိကိဏန္တိ၊ ရောင်းလျက်။ ဇီဝိတံ၊ အသက်မွေးခြင်းကို။ ကပ္ပိဿတိ၊ ပြုရလတ္တံ့။ ။
(ဤကားအဓိပ္ပါယတ္ထထည့်သည်)။ တတ္ထေဝ၊ ထိုဆီးသီးကိုရောင်း၍အသက်မွေးရရာအိမ်သို့သာလျှင်။ ဣမံ၊ ဤဘုန်းကြက်သရေမရှိသောမိန်းမယုတ်ကို။ ပဋိနေထ၊ တဖန်ပို့ဆောင်ကြကုန်လော့။ ။
ဘုရားလောင်းသည် ငါ့ကိုထား၍ ငါမှတစ်ပါးသောသူသည်ဤမင်းမိဖုရားတို့ကိုသင့်တင့်ညီညွတ်အောင်ပြုခြင်းငှါမတတ်နိုင်လတ္တံ့။ မင်းကို နှစ်သိမ့်စေ၍ဤမိဖုရားအားမနှင်ထုတ်အောင်ပြုအံ့ဟုကြံ၍။ ။
(၅၃၁)ဟောန္တိ ဟေ-တေ မဟာရာဇ၊သဒ္ဓိံ မတ္တာယ နာရိယော။
ခမ ဒေဝ သုဇာတာယ၊မာသု ကုဇ္ဈ ရထေသဘ။ ။
ဟူသောဤစတုတ္ထဂါထာကိုဆို၏။ ။
(၅၃၁)မဟာ-ရာဇ၊ မြတ်သောမင်းကြီး။ ယာယမတ္တာယ၊ အကြင်ရစ်ခြင်းနှင့်။ သဒ္ဓိံ၊ တကွ။ နာရိယော၊ မိန်းမတို့သည်။ ဟောန္တိ၊ ဖြစ်တတ်ကုန်၏။ တာယမတ္တာယ၊ ထိုရစ်ခြင်းကြောင့်။ ဧတေဧဝရူပါ၊ ဤသို့သဘောရှိကုန်သော။ ပမာဒ-ဒေါသာ၊ မေ့လျော့ခြင်းဟူသော အပြစ်ဒေါသတို့သည်။ ဟောန္တိဟိဟောန္တိဧဝ၊ ဖြစ်တတ်ကုန်သည်သာတည်း။ ဧတံ၊ ဤသုဇာတာကို။ ဧဝရူပေ၊ ဤသို့ကြီးမြတ်သောသဘောရှိသော။ ဥစ္စေ၊ မြင့်သော။ ဌာနေ၊ မိဖုရားကြီးအရာ၌။ ဌပေတွာ၊ ထားပြီး၏။ ဣဒါနိ၊ ယခုအခါ၌။ ဧတ္တကဿ၊ ဤမျှအနည်းငယ်သော။ အပရာဓဿ၊ အပြစ်ကို။ အ-သဟနံနာမ၊ သည်းမခံခြင်းမည်သည်။ တုမှာကံ၊ အရှင်မင်းကြီးတို့အား။ နယုတ္တံ၊ မသင့်ခဲ့။ တသ္မာ၊ ထိုသို့မသင့်သောကြောင့်။ ဒေဝ၊ အရှင်မင်းမြတ်။ တုမှေ၊ အရှင်မင်းမြတ်တို့သည်။ တံအပရာဓံ၊ ထိုအနည်းငယ်သောအပြစ်ကို။ ခမထ၊ သည်းခံတော်မူပါကုန်။ ရထေသဘ ရထီဥသဘ၊ ရထားစီးသူရဲတို့၏ ဥသဘဖြစ်တော်မူသော အရှင်မင်းမြတ်။ တွံ၊ အရှင်မင်းမြတ်သည်။ သုဇာတာယ၊ ဤသုဇာတာမိဖုရားကြီးအား။ မာသုကုဇ္ဈ၊ အမျက်ထွက်တော်မမူပါလင့်။ ။
(အဏ္ဍသဒ္ဒါသည်ငှက်ဥစသည်ကို ဟောသည်။ အဏ္ဍာပိယာတိအဏ္ဍကာနိ, ပြု၍ ငှက်ဥကဲ့သို့ဝန်းဝန်းလုံးလုံးဖြစ်သော ဆီးသီးကိုရသတည်း။ ထို့ကြောင့်အဋ္ဌကထာ၌၊ ပရိမဏ္ဍလဝသေနပန အဏ္ဍကာနီတိအာဟ,ဟူသတည်း။ ကံသမလ္လကေတိ သုဝဏ္ဏတဋ္ဋကေ,ဟူရကား၊ကံသ,သည် သုဝဏ္ဏကိုဟောသည်။ မလ္လက, သည်တဋ္ဋကကိုဟောသည်။ ခမထ, ကြိယာ၏ကံကို အပရာဓံ, ထည့်သည်။ သုဇာတာယ,ပင်ဆိုသော်လည်း မျက်မြင်ပစ္စက္ခအစ္စန္တသမီပဖြစ်ရကား၊ဤသုဇာတာမိဖုရားကြီးအား,ဟု ယောဇနာသည်။ ကုဓဓာတ်၏အယှဉ်ဖြစ်သောကြောင့်လည်းကစ္စည်းစာတော်သိလာဃသုတ်နှင့်ညီစွာသမ္ပဒါန်အနက်ယောဇနာသည်။ ထို့ကြောင့်၊ဧတိဿာသုဇာတာယ မာသုကုဇ္ဈ,ဟု၊အဋ္ဌကထာမိန့်သောဝ်။ ဤနှင့်တူသောအရာတို့၌ဤနည်းမှတ်ပါ)။
သုဇာတဇာတကံ ဆဋ္ဌံ။၃၀၆။
နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ အစေတနံဗြာဟ္မဏအဿုဏန္တံ,အစရှိသောဂါထာပုဒ်ဖြင့် တန်းဆာဆင်အပ်သော ဤပလာသဇာတ်ကို၊ ပရိနိဗ္ဗာန်ပြုတော်မူရာ ညောင်စောင်းတော်၌ လျောင်းတော်မူလျက် အသျှင်အာနန္ဒာမထေရ်ကို အကြောင်းပြု၍ဟောတော်မူ၏။ ။
တစ်နေ့သ၌ရုက္ခစိုးနတ်သည် ဤပုဏ္ဏားကား အလွန်လျှင် ငါ့ကိုလုပ်ကျွေး၏။ ဤပုဏ္ဏါးကိုစုံစမ်း၍အကြင်အကြောင်းကြောင့်ငါ့ကိုလုပ်ကျွေး၏၊ ထိုအကြောင်းကိုမေးအံ့ဟုကြံ၏၊ ကြံပြီး၍ထိုရုက္ခစိုးနတ်သည် ထိုခဏ၌ပုဏ္ဏားလာ၍ သစ်ပင်ရင်းကို တံမြက်လှည်းသည်ရှိသော် ပုဏ္ဏား အို၏အသွင်ဖြင့်အနီး၌ရပ်၍။ ။
(၅၃၂)အ-စေတနံ ဗြာဟ္မဏ အ-ဿုဏန္တံ၊ဇာနော အ-ဇာနန္တ-မိမံ ပလာသံ။
အာရဒ္ဓ-ဝိရိယော ဓုဝ-မ-ပ္ပမတ္တော၊သုခ-သေယျံ ပုစ္ဆသိ ကိဿ ဟေတု။ ။
ဟူသောရှေးဦးစွာသောဂါထာကိုဆို၏။ ။
ထိုစကားကိုကြား၍ပုဏ္ဏားသည်။ ။
(၅၃၃)ဒူရေ သုတော စေဝ ဗြဟာ စ ရုက္ခော၊ဒေသေ ဌိတော ဘူတ-နိဝါသ-ရူပေါ။
တသ္မာ နမဿာမိ ဣမံ ပလာသံ၊ယေ စေ-တ္ထ ဘူတာ တေ ဓနဿ ဟေတု။ ။
ဟူသောဤဒုတိယဂါထာကိုဆို၏။ ။
ထိုစကားကို ကြား၍ရုက္ခစိုးနတ်သည်ပုဏ္ဏားအားကြည်ညိုကုန်၍၊ ပုဏ္ဏား၊ ငါသည်ဤပေါက်ပင်၌ ဖြစ်သောနတ်တည်း။ သင်မကြောက်လင့်။ သင့်အားဥစ္စာကိုပေးအံ့ဟုပုဏ္ဏားကိုနှစ်သိမ့်စေ၍ မိမိဗိမာန်တံခါး၌ကြီးစွာသောနတ်၏အာနုဘော်အားဖြင့် ကောင်းကင်၌ရပ်၍။ ။
(၅၃၄)သော တေ ကရိဿာမိ ယထာ-နုဘာဝံ၊ကတညုတံ ဗြာဟ္မဏ ပေက္ခမာနော။
ကထဉှိ အာဂမ္မ သတံ သကာသေ၊မောဃာနိ တေ အဿု ပရိဖန္ဒိတာနိ။ ။
(၅၃၅)ယော တိန္ဒုက-ရုက္ခဿ ပုရော မိလက္ခု၊ပရိဝါရိတော ပုဗ္ဗ-ယညော ဥဠာရော။
တဿေသ မူလသ္မိံ နိဓိ နိခါတော၊အ-ဒါယာဒေါ ဂစ္ဆ နံ ဥဒ္ဓရာဟိ။ ။
ဟူသောဤနှစ်ဂါထာတို့ကိုဆို၏။ ။
(၅၃၄-၅၃၅)ဗြာဟ္မဏ၊ ပုဏ္ဏား။ သောအဟံ၊ ထိုငါသည်။ ကတညုတံ၊ သင်ပြုပေသောကျေးဇူးကိုသိသည်၏အဖြစ်ကို။ အပေက္ခမာနော၊ ရှုလျက်။ ယထာ-နုဘာဝံ၊ အစွမ်းသတ္တိအားလျော်စွာ။ တေ၊ သင်အား။ ကရိဿာမိ၊ ကျေးဇူးပြုအံ့။ ဟိသစ္စံ၊ မှန်၏။ သတံ၊ သူတော်ကောင်းတို့၏။ သကာသေသန္တိကေ၊ အထံ၌။ ကတံ၊ ပြုအပ်သောကျေးဇူးသို့။ အာဂမ္မ၊ ရောက်၍။ တေ၊ သင်၏။ ပရိဖန္ဒိတာနိ၊ ကိုယ်နှုတ်တို့ဖြင့်လုံ့လပြုခြင်းတို့သည်။ အ-မောဃာ၊ အချည်းနှီးအကျိုးမရှိသည်မဟုတ်ကုန်သည်။ အဿု၊ ဖြစ်ကုန်၏။ ။
သမ္မဗြာဟ္မဏ၊ အချင်းပုဏ္ဏား။ တိန္ဒုက-ရုက္ခဿ၊ တည်ပင်၏။ ပုရောပုရတေါ၊ ရှေးအဖို့၌။ ယောမိလက္ခု၊ အကြင်ညောင်ကြတ်ပင်သည်။ ဌိတော၊ တည်၏။ တဿေဝ၊ ထိုညောင်ကြတ်ပင်၏သာလျှင်။ မူလသ္မိံ၊ အမြစ်ရင်း၌။ ပရိဝါရိတော၊ ညောင်ကြတ်ပင်ကိုဝန်းရံလျက်။ ပုဗ္ဗ-ယညော၊ ရှေး၌အရှင်ရှိဘူးသော။ ဥဠာရော၊ များစွာသော။ နိခါတော၊ မြှုပ်ထားအပ်သော။ နိဓိ၊ ရွှေအိုးသည်။ အ-ဒါယာဒေါ၊ ယခုအမွေခံမရှိပြီ။ ဂစ္ဆ၊ သွားချေ။ နံ၊ ထိုဥစ္စာအိုးကို။ ဥဒ္ဓရာဟိ၊ ထုတ်ဖော်ချေလော့။ ။
ဤသို့ဆိုပြီး၍၊ ထိုရုက္ခစိုးနတ်သည်၊ပုဏ္ဏား၊သင်သည်ထိုဥစ္စာအိုးကိုထုတ်၍ယူသည်ရှိသော်ပင်ပန်းလတ္တံ့။ သင်သည်သွားလေလော့။ ငါသည်လျှင်ထိုဥစ္စာအိုးကိုသင့်အိမ်သို့ဆောင်၍ဤမည် ဤမည်သောအရပ်၌မြှုပ်ထားအံ့။ သင်သည် ထိုဥစ္စာကိုအသက်ထက်ဆုံးသုံးဆောင်လျက်အလှူပေးလေလော့။ သီလစောင့်လေလော့ဟုပုဏ္ဏားအားဆုံးမ၍ ထိုဥစ္စာကို မိမိအာနုဘော်ဖြင့် ပုဏ္ဏား၏အိမ်၌တည်စေ၏ ။ ။
ပလာသဇာတကံ သတ္တမံ။၃၀၇။
နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ အကရမှသ တေကိစ္စံ, အစရှိသောဂါထာပုဒ်ဖြင့် တန်းဆာဆင်အပ်သော ဤသကုဏဇာတ်ကို၊ဝေဠုဝန်ကျောင်းတော် ၌သီတင်းသုံးနေတော်မူစဉ်၊ ဒေဝဒတ်၏ကျေးဇူးမသိသောအဖြစ်ကိုအကြောင်းပြု၍ဟောတော်မူ၏။ ။
သစ်တောက်လောက်ငှက်သည် ထိုခြင်္သေ့ကို စုံစမ်းအံ့ဟု၊ခြင်္သေ့၏အထက်သစ်ခက်၌နား၍ခြင်္သေ့ နှင့်တကွပြောဟောလိုရကား။ ။
(၅၃၆)အကရမှသ တေ ကိစ္စံ၊ယံ ဗလံ အဟုဝမှသေ။
မိဂ-ရာဇ နမော တျ-တ္ထု၊အပိ ကိဉ္စိ လဘာမသေ။ ။
ဟူသောရှေးဦးစွာသောဂါထာကိုဆို၏။ ။
ထိုစကားကိုကြား၍ခြင်္သေ့သည်။ ။
(၅၃၇)မမ လောဟိတ-ဘက္ခဿ၊နိစ္စံ လုဒ္ဒါနိ ကြုဗ္ဗတော။
ဒန္တ-န္တရ-ဂတော သန္တော၊တံ ဗဟုံ ယမ္ပိ ဇီဝသိ။ ။
ဟူသောဤဒုတိယဂါထာကိုဆို၏။ ။
ထိုစကားကိုကြား၍သစ်တောက်လောက်ငှက်သည်။ ။
(၅၃၈)အကတညု-မကတ္တာရံ၊ကတဿ အပ္ပဋိကာရကံ။
ယသ္မိံ ကတညုတာ နတ္ထိ၊နိရတ္ထာ တဿ သေဝနာ။ ။
(၅၃၉)ယဿ သမ္မုခ-စိဏ္ဏေန၊မိတ္တ-ဓမ္မော န လဗ္ဘတိ။
အနုဿုယျ-မနက္ကောသ၊သဏိကံ တမှာ အပက္ကမေ။ ။
ဟူသောဤနှစ်ဂါထာတို့ကိုဆို၏။ ။
(၅၃၈-၅၃၉)ယသ္မိံ၊ အကြင်သူ၌။ ကတညုတာ၊ သူပြုပေဖူးသော ကျေးဇူးကိုသိသည်၏အဖြစ်သည်။ နတ္ထိ၊ မရှိ။ တဿ၊ ထိုကျေးဇူးမသိကုဒိဋ္ဌိအား။ သေဝနာ၊ မှီဝဲခြင်းသည်။ နိရတ္ထာ၊ အကျိုးမရှိခဲ့။ ယဿ၊ အကြင်သူ၏။ သမ္မုခ-စိဏ္ဏေန၊ မျက်မှောက်၌ပြုသော ကျေးဇူးဖြင့်။ မိတ္တဓမ္မော၊ အဆွေခင်ပွန်း၏ ကျင့်ဝတ်သဘောကို။ နလဗ္ဘတိ၊ မရအပ်။ အကထညုံ၊ ကျေးဇူးကိုမသိတတ်ထသော။ ကတဿ၊ ကျေးဇူးပြုသောသူအား။ ပဋိကာရကံ၊ တဖန်အတုံ့ကျေးဇူးပြုခြင်းကို။ အကတ္တာရံ၊ မပြုတတ်သောသူကို။ အနုဿုယျံ၊ မငြူစူဘဲ။ အနက္ကောသံ၊ မဆဲရေးဘဲ။ တမှာ၊ ထိုကျေးဇူးမသိကုဒိဋ္ဌိမှ။ သဏိကံ၊ ဖြည်းညင်းသာယာစွာ။ အပက္ကမေ၊ ဖဲသွားရာ၏။ ။
ဤစကားကိုဆို၍သစ်တောက်လောက်ငှက်သည် ပျက်ချော်ယုတ်မာသော ခြင်္သေ့မှဖဲသွားလေ၏။ ။ (အကရမှသတေ,၌အကရမှသေတေ,ဖြတ်။ ဧ,ကျေ၍အ,လာသည်။ ထိုသေ,ကား၊ဗုဒ္ဓံသရဏံဂတာသေ,၌ကဲ့သို့အနက်မရှိ။ နောက်ဖြစ်သော သေ,တို့သည်လည်း အနက်မရှိသည်ချည်းတည်း။ အဟုဝ,မှကား၊ အဟောသိ,ဆိုလိုလျက်ဝစနဝိပလ္လာသ၊ ပုရိသဝိပလ္လာသတည်း။ သမ္မုခစိဏ္ဏေနာတိသမ္မုခေကတေနဂုဏေန,ဖွင့်သည်)။ ။
သကုဏဇာတကံ အဋ္ဌမံ။၃၀၈။
နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ သဗ္ဗမိဒံစရိမံ ကတံ,အစရှိသောဂါထာပုဒ်ဖြင့် တန်းဆာဆင်အပ်သော ဤဆဝဇာတ်ကို၊ ဇေတဝန်ကျောင်းတော်၌သီတင်းသုံးနေတော်မူစဉ်၊ဆဗ္ဗဂ္ဂီရဟန်းတို့ကိုအကြောင်းပြု၍ဟောတော်မူ၏။ ။
ဘုရားလောင်းသည်အထက်၌ပုန်းလျက် အကြင်မင်းသည်မြင့်သောနေရာ၌ဗေဒင်တို့ကိုသင်၏၊ ဤမင်းသည်တရားမစောင့်။ အကြင် ပုဏ္ဏားသည် နိမ့်သော နေရာ၌နေ၍ ဗေဒင်တို့ကို သင်စေ၏၊ ဤပုဏ္ဏားသည်လည်းတရားမစောင့်။ အကြင်ငါသည်လည်းမိန်းအလိုသို့လိုက်၍ ကိုယ်အသက်ကိုမရေတွက်ဘဲသရက်သီးကိုခိုး၏။ ထိုငါသည်လည်းတရားမစောင့်ဟုကြံ၏။ ကြံပြီး၍ထိုဘုရားလောင်းသည်သရက်ပင်မှသက်လတ်သော် တစ်ခုသော တွဲလျား ကျသော နိမ့်သော အခက်ကို ကိုင်၍ မင််းပုဏ္ဏားနှစ်ပါးတို့၏အလယ်၌ရပ်၍၊ မြတ်သောမင်းကြီး၊ ကျွန်ုပ်သည်ပျက်၏။ သင်မင်းကြီးသည်တွေဝေ၏။ ပုရောဟိတ်သည် အသက်ရှင်လျက်ပင်သေသည်မည်၏ဟုဆို၏။ မင်းသည် အဘယ်အကြောင်းကြောင့်ဤသို့ဆိုသနည်းဟုမေးအပ်သည်ရှိသော်၊ ထိုဘုရားလောင်းသည်။ ။
(၅၄၀)သဗ္ဗ-မိဒံ စရိမံ ကတံ၊ဥဘော ဓမ္မံ န ပဿရေ။
ဥဘော ပကတိယာ စုတာ၊ယော စာ-ယံ မန္တေ-ဇ္ဈာပေတိ။
ယော စ မန္တံ အဓီယတိ။ ။
ဟူသောဤပဌမဂါထာကိုဆို၏။ ။
ထိုစကားကိုကြား၍ပုဏ္ဏားသည်။ ။
(၅၄၁)သာလီနံ ဩဒနံ ဘုဉ္ဇေ၊သုစိံ မံသူ-ပသေစနံ။
တသ္မာ ဧတံ န သေဝါမိ၊ဓမ္မံ ဣသိဘိ သေဝိတံ။ ။
ဟူသောဤဒုတိယဂါထာကိုဆို၏။ ။
ထိုစကားကိုကြား၍ဘုရားလောင်းသည်။ ။
(၅၄၂)ပရိဗ္ဗဇ မဟာဗြဟ္မေ၊ပစန္တ-ညေ-ပိ ပါဏိနော။
မာ တွံ အ-ဓမ္မော အစရိ၊အသ္မာ ကုမ္ဘ-မိဝါ-ဘိဒါ။ ။
(၅၄၃)ဓိရ-တ္ထု တံ ယသ-လာဘံ၊ဓန-လာဘဉ္စ ဗြာဟ္မဏ။
ယာ ဝုတ္တိ ဝိနိပါတေန၊အဓမ္မ-စရဏေန ဝါ။ ။
ဟူသောဤနှစ်ဂါထာတို့ကိုဆို၏။ ။
(၅၄၂-၅၄၃)ဗြဟ္မေ၊ ပုဏ္ဏား။ အယံလောကောနာမ၊ ဤလောကဓာတ်မည်သည်။ (ထည့်)။ မဟာ၊ ကျယ်စွာ၏။ ပရိဗ္ဗဇ၊ ဤအရပ်မှတစ်ပါးသောအရပ်သို့ပြေးသွားပါလေလော့။ ဣမသ္မိံ ဇမ္ဗုဒီပေ၊ ဤသောင်းမဏ္ဍလိပ် ဇမ္ဗူဒိပ်၌။ အညေပိပါဏိနော၊ မင်းမှတစ်ပါးသောသူတို့သည်လည်း။ ပစန္တိ၊ ထမင်းချက်စားကုန်၏။ တွံ၊ သင်သည်။ အညတ္ထ၊ တစ်ပါးသောအရပ်သို့။ အ-ဂန္တွာ၊ မသွားမူ၍။ ဣဓ၊ ဤအရပ်၌။ ဝသန္တော၊ နေလျက်။ အ-ဓမ္မံ၊ တရားမဟုတ်သောအကျင့်ကို။ မာအစရိ၊ မကျင့်လင့်။ ဧဝံစရိတော၊ ဤသို့ကျင့်အပ်သော။ သောအဓမ္မော၊ ထိုတရားမဟုတ်သောအကျင့်သည်။ အသ္မာ၊ ကျောက်သည်။ ကုမ္ဘိံ၊ အိုးကို။ ဘိန္ဒတိဣဝ၊ ခွဲဘိသကဲ့သို။ တံ၊ သင့်ကို။ မာအဘိဒါ၊ မခွဲစေလင့်။ ။
ဗြာဟ္မဏ၊ ပုဏ္ဏား။ ယာဝုတ္တိ၊ အကြင်အသက်မွေးကြောင်းအကျင့်သည်။ ဝိနိပါတေန၊ နောင်အခါအပါယ်သို့ လားကြောင်းဖြစ်သောအကုသိုလ်ဖြင့်၎င်း။ အဓမ္မ-စရဏေနဝါ၊ မျက်မြင်ပစ္စက္ခ ဤဘဝ၌အဓမ္မကိုကျင့်သဖြင့်၎င်း။ နိပ္ပဇ္ဇတိ၊ ပြီး၏။ တာယဝုတ္တိယာ၊ ထိုအသက်မွေးကြောင်းအကျင့်ဖြင့်။ ကိံ၊ အဘယ်အကျိုးရှိအံ့နည်း။ တေန၊ ထိုသို့အကျိုးမရှိဖြစ်သောကြောင့်။ တံယသလာဘဉ္စ၊ ထိုခြွေရံစည်းစိမ်ကိုရခြင်းကို၎င်း။ ဝါ၊ ရကြောင်း အကျင့်ကို၎င်း။ တံဓနလာဘဉ္စ၊ ထိုရွှေငွေဥစ္စာရခြင်းကို၎င်း။ ဝါ၊ ရကြောင်းအကျင့်ကို၎င်း။ ဓီရတ္ထုမယံဂရဟာမ၊ ငါတို့စက်ဆုပ်ကုန်၏။ ဝါ၊ ထွီထွီပြုကုန်၏။ ။
(ဥဘောပကတိယာသုတာ, ၌လက်မွန်ရှေးဦး ဖြစ်သည့်အစွမ်းဖြင့် ဓမ္မသည် ပကတိမည်သတည်း။ ထိုကြောင့်။ ဓမ္မောတိပဌမုပ္ပတ္တိဝသေနပကတိနာမ။ ဝုတ္တမ္ပိစေတံ ဓမ္မော ဟဝေပါတုရဟောသိပုဗ္ဗေ၊ ပစ္ဆာအဓမ္မောဥဒပါဒိလောကေတိ၊ အဋ္ဌကထာမိန့်သော်။ ။
သာလီနံ, ကားဩဒနံ၌ဝိကာရိဝိကာရသမ္ဗန်တည်း။ မဟာဗြဟ္မေ,၌ မဟာ,ကား ဗြဟ္မေ၏ ဝိသေသနမဟုတ်။ ထိုကြောင့်၊ မဟာတိ အယံလောကောနာမမဟာ,ဟု၊ အဋ္ဌကထာမိန့်သော်။ ဝါ၊ အဓမ္မော အစရိ,၌၊ အဓမ္မော, ကားအဘိဒါဟူသောနောက်ကြိယာကိုငဲ့၍ ပဌမန္တနေသည်။ အစရိကိုငဲ့ခိုက်အဓမ္မံ, ဟုပြင်၍စပ်။ ထိုကြောင့်၊ယံတွံ အညတ္ထအဂန္တွာဣဓဝသန္တောအဓမ္မံစရသိ၊ သောအဓမ္မောဧဝံ စရိတော ပါသာဏောဃဋံ ဝိယမာတွံ ဘိန္ဒိ,ဟု၊ အဋ္ဌကထာ မိန့်သော်။ အသ္မာ, ကား။ ပါသာဏောသ္မောပလောသိလာ,ဟု၊အဘိဓာန်လာရကားပါသာဏော, အသ္မာ, ဥပလ,သိလာ, တို့ကားကျောက်ဟောပရိယာယ်နှင်နှင်တည်း။ အသုခေပနေ၊မော၊အသ္မာ၊ရာဇာဒိ။၎င်းဋီကာ)။ ။
ဆဝကဇာတကံ နဝမံ။၃၀၉။
နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ သသမုဒ္ဒပရိယာယံ, အစရှိသောဂါထာပုဒ်ဖြင့်တန်းဆာဆင်အပ်သော ဤသေယျဇာဟ်ကို၊ဇေတဝန်ကျောင်းကြီး၌ သီတင်းသုံး နေတော်မူစဉ်၊ သာသနာတော်၌ ငြီးငွေ့သောရဟန်းကိုအကြောင်းပြု၍ ဟောတော်မူ၏။ ။
ဘုရားလောင်းသည်လည်း၊ ပုရောဟိတ်အရာကိုထားဘိဦး၊ကာသိကတိုင်း,ကောသလတိုင်းနှင့် တကွသောဇမ္ဗုဒီပါမင်း၏ အဖြစ်,စကြဝတေးမင်း၏စည်းစိမ်ကိုပင်ရငြားသော်လည်းငါမလိုက်၊ ပညာရှိတို့သည် တစ်ကြိမ်စွန့်အပ်ပြီးသောကိလေသာတို့ကိုတဖန်မယူကုန်။ တစ်ကြိမ်စွန့်အပ်ပြီးသောကိလေသာသည် ထွေးအန်ပြီးသောတံထွေးပေါက်နှင့်တူ၏ဟုဆို၍။ ။
(၅၄၄)သ-သမုဒ္ဒ-ပရိယာယံ၊မဟိံ သာဂရကုဏ္ဍလံ။
န ဣစ္ဆေ သဟ နိန္ဒာယ၊ဧဝံ သေယျ ဝိဇာနဟိ။ ။
(၅၄၅)ဓိရ-တ္ထု တံ ယသ-လာဘံ၊ဓန-လာဘဉ္စ ဗြာဟ္မဏ။
ယာ ဝုတ္တိ ဝိနိပါတေန၊အဓမ္မ-စရဏေန ဝါ။ ။
(၅၄၆)အပိ စေ ပတ္တ-မာဒါယ၊အနဂါရော ပရိဗ္ဗဇေ။
သာယေ-ဝ ဇီဝိကာ သေယျော၊ယာ စာ-ဓမ္မေန ဧသနာ။ ။
(၅၄၇)အပိ စေ ပတ္တ-မာဒါယ၊အနဂါရော ပရိဗ္ဗဇေ။
အညံ အ-ဟိံသယံ လောကေ၊အပိ ရဇ္ဇေန တံ ဝရံ။ ။
ဟူသောဤလေးဂါထာတို့ကိုဆို၏။ ။
(၅၄၄-၅၄၇)သေယျ၊ သေယျအမတ်။ သဟနိန္ဒာယ၊ ဈာန်ချမ်းသာနှင့်ပြည့်စုံသော ရဟန်းအဖြစ်ကိုစွန့်၍ အစိုးရသောပုရောဟိတ်စည်းစိမ်ကို ယူပြန်ပြီတကားဟု အများပညာရှိကဲ့ရဲ့ခြင်းနှင့် တကွဖြစ်ခြင်းကြောင့်။ သ-သမုဒ္ဒ-ပရိယာယံ၊ သမုဒ္ဒရာကိုရံ၍ တည်သော စကြဝဠာ တောင်နှင့်တကွသော။ သာဂရကုဏ္ဍလံ၊ သမုဒ္ဒရာ၏နားဍောင်းသဖွယ်ဖြစ်သော။ မဟိံ၊ မြေအလုံးကိုသော်လည်း။ နဣစ္ဆေ၊ အလိုမရှိ။ ဧဝံ၊ ဤသို့။ ဓမ္မံ၊ တရားကို။ ဝိဇာနာဟိ၊ သိလေလော့။ ဗြာဟ္မဏ၊ ပုဏ္ဏား။ မဟိစ္ဆာဝသေန၊ အလိုကြီးသည်၏အစွမ်းဖြင့်။ လဒ္ဓါ၊ ရအပ်သော။ ယာဝုတ္တိ၊ အကြင်စည်းစိမ်ချမ်းသာကိုရကြောင်း အကျင့်သည်။ ဝိနိပါတေန၊ ဈာန်ချမ်းသာမှ မိမိကိုယ်ကိုလျှောကျစေကြောင်းဟုဆိုအပ်သော အကျင့်ဖြင့်၎င်း။ အဓမ္မ-စရဏေနဝါ၊ အစိုးရသောစည်းစိမ်သို့ ရောက်သောသူ၏ တရားမဟုတ်သည်ကိုကျင့်ခြင်းဖြင့်၎င်း။ နိပ္ပဇ္ဇတိ၊ ပြီး၏။ ယသ-လာဘံ၊ စည်းစိမ်အခြံအရံကိုရကြောင်းဖြစ်သော။ တံဝုတ္တိံ၊ ထိုအကျင့်ကို၎င်း။ ဓနလာဘံ၊ ရွှေငွေဥစ္စာကို ရကြောင်း ဖြစ်သော။ တံဝုတ္တိံစ၊ ထိုအကျင့်ကို၎င်း။ ဓီရတ္ထုမယံဂရဟာမ၊ ငါတို့ကဲ့ရဲ့ကုန်၏။ ။
အဟံ၊ ငါသည်။ ပတ္တံ၊ ဆွမ်းခံစရာသပိတ်ခွက်ယောက်ကို။ အာဒါယ၊ ကိုင်စွဲ၍။ အနဂါရော၊ နေရာကျောင်းအိမ်မရှိဘဲ။ ပရ-ကုလေသု၊ သူတစ်ပါးအိမ်တို့၌။ စေပရိဗ္ဗဇေအပိ၊ အကယ်၍လှည့်လည် သွားလာခံစားရသည်ဖြစ်စေကာမူ။ အဓမ္မေန၊ မတရားသဖြင့်။ ယာဧသနာ၊ အကြင်ရှာမှီးခြင်းသည်။ အတ္ထိ၊ ရှိ၏။ တတော၊ ထိုမတရားသဖြင့်ရှာမှီးခြင်းထက်။ သာယေဝဇီဝိကာ၊ ထိုသပိတ်လက်ပိုက်လျက် တောက်ရက်တောက်ရက်ဆွမ်းခံ၍ အသက်မွေးခြင်းသည်သာလျှင်။ သေယျော၊ မြတ်၏။ ။
လောကေ၊ လူ့ရွာ၌။ အညံ၊ တစ်ပါးသောသူကို။ အ-ဟိံသယံ၊ မညှဉ်းဆဲမူ၌။ ပတ္တံ၊ ဆွမ်းခံစရာသပိတ်ခွက်ယောက်ကို။ အာဒါယ၊ ကိုင်စွဲ၍။ အနဂါရော၊ နေရာကျောင်းအိမ်မရှိဘဲ။ စေပရိဗ္ဗဇေအပိ၊ အကယ်၍ လှည့်လည်သွားလာခံစားရသည်ဖြစ်စေကာမူ။ တံ၊ ထိုသူတစ်ပါးကိုမညှဉ်းဆဲဘဲ သပိတ်လက်စွဲလျက် အသက်မွေးသောအကျင့်သည်။ ဝရံ၊ မြတ်၏။ ။
(သသမုဒ္ဒပရိယာယန္တိ ပရိယာယောဝုစ္စတိပရိဝါရံ။ (အဋ္ဌကထာ)။ ဝိဇာနာဟိ,ဆိုလိုလျက်ရသာပြု၍ဝိဇာနဟိ,ရှိသည်။ အနက်ပေးရာဒီဃကိုဘော်။ ဓီရတ္ထုတံ,စသော ဂါထာသည်ရှေးဇာတ်နှင့်ခြား၍အနက်အခြားယောဇနာရသည်။ အဋ္ဌကထာနှင့်တိုက်ပါ။ အနဂါရောတိ အပိအဟံအဂါရဝိရဟိတော, အဋ္ဌကထာဖွင့်ရကား၊ အနဂါရေ,ရှိသည်ကားပါဌ်ပျက်)။
သေယျဇာတကံဒသမံ။၃၁၀။ ကာလိင်္ဂဝဂ္ဂေါ ပဌမော။ ။ တဿုဒ္ဒါနံ။ ။
ဝိဝရဉ္စ အဒေယျသမိဒ္ဓဝရံ၊အထဒဒ္ဒရ ပါပမဟာတိရဟော။
အထလောလိပလာသဝရဉ္စကရ၊စရိမံသသမုဒ္ဒဝရေနဒသ။