Issues
Select Version
နိဿယ-1
မြန်မာဘာသာ
Jātakapāḷi(Paṭhamo bhāgo)
Jātakapāḷi(Paṭhamo bhāgo)

332. Rathalaṭṭhijātakaṃ (4-4-2)

Author: နိဿယ-1 @ IAPT

နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ အပိဟန္တွာဟတောဗြူတိ, အစရှိသောဂါထာပုဒ်ဖြင့် တန်းဆာဆင်အပ်သော ဤရထလဋ္ဌိဇာတ်ကို၊ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ်၊ ကောသလမင်း၏ ပုရောဟိတ်ကိုအကြောင်းပြု၍ဟောတော်မူ၏။ ။

အထူးကား ဤအတိတ်၌ ပုရောဟိတ်သည် မင်းအားကြားလျှောက်သည်ရှိသော်၊ မင်းသည်ကိုယ်တိုင် တရားဆုံးဖြတ်သော အရာ၌နေ၍လှည်းနှင့် ယောက်ျားတို့ကိုခေါ်စေ၍ အမှုကိုမသုတ်သင် မစိစစ်မူ၍လျှင် သင်တို့သည်ငါ့ပုရောဟိတ်ကိုရိုက်၍ နဖူး၌ဖူးဖူးရောင်စေ၏,ဟု-ဆို၍ထို လှည်းနှင့်ယောက်ျားတို့၏ အလုံးစုံသောဥစ္စာကို သိမ်းဆည်းခြင်းကို ပြုကြကုန်ဟုဆို၏။ ထိုမင်းကိုဘုရားလောင်းသည်၊ မြတ်သောမင်းကြီး၊ သင်မင်းကြီးတို့သည်အမှုကိုမသုတ်သင်မစိစစ်မူ၍ ထိုလှည်းနှင့်ယောက်ျားတို့၏ အလုံးစုံသောဥစ္စာကို ယူစေကုန်၏။ အချို့သောသူတို့သည် မိမိသည်မိမိသည်ပင်လျှင် မိမိကိုယ်ကိုသတ်၍ သူတစ်ပါးသတ်သည်ဟုဆို ကုန်ရာ၏။ ထို့ကြောင့်မစိစစ်မူ၍ပြုခြင်းငှါမသင့်။ မင်းပြုသောသူသည် သုတ်သင်စိစစ်၍အမှုကိုပြုခြင်းငှါသင့်၏ဟုဆို၍။ ။

(၆၃၂)အပိ ဟန္တွာ ဟတော ဗြူတိ၊ဇေတွာ ဇိနောတိ ဘာသတိ။

ပုဗ္ဗမက္ခာယိနော ရာဇ၊အညဒတ္ထု န သဒ္ဒဟေ။ ။

(၆၃၃)တသ္မာ ပဏ္ဍိတ-ဇာတိယော၊သုဏေယျ ဣတရဿပိ။

ဥဘိန္နံ ဝစနံ သုတွာ၊ယထာ ဓမ္မော တထာ ကရေ။ ။

(၆၃၄)အလသော ဂိဟီ ကာမဘောဂီ န သာဓု၊အ-သညတော ပဗ္ဗဇိတော န သာဓု။

ရာဇာ န သာဓု အနိသမ္မ-ကာရီ၊ယော ပဏ္ဍိတော ကောဓနော တံ န သာဓု။ ။

(၆၃၅)နိသမ္မ ခတ္တိယော ကယိရာ၊နာနိသမ္မ ဒိသံပတိ။

နိသမ္မကာရိနော ရာဇ၊ယသော ကိတ္တိ စ ဝဍ္ဎတိ။ ။

ဟူသောဤလေးဂါထာတို့ကိုဆို၏။ ။

(၆၃၂-၆၃၅)ရာဇ၊ မြတ်သောမင်းကြီး။ ဧကော၊ အချို့သောသူသည်။ အပိ၊ စင်စစ်။ ဟန္တွာ၊ မိမိကိုယ်ကိုမိမိသတ်၍။ ဟတော၊ ဤမည်သောသူသည်ကျွန်ုပ်ကိုသတ်အပ်၏ဟု။ ဗြူတိ၊ ဦးအောင်ဆိုတတ်၏။ (ဟန္တာရှိမူ။ အပိ၊ စင်စစ်။ ဟန္တာ၊ သူတစ်ပါးကိုမိမိသတ်တတ်သောကတ္တားဖြစ်လျက်။ ဟတော၊ အသူသည်ကျွန်ုပ်ကိုသတ်အပ်၏ဟု။ ဗြူတိ၊ ဦးအောင်ဆိုတတ်၏။ ဟုပေး)။ ဇေတွာ၊ မိမိသည်သူတစ်ပါးကိုအောင်၍။ ဇိနောတိ၊ သူတစ်ပါးသည်ငါ့ကိုအောင်အပ်၏ဟု။ ဘာသတိ၊ ဆို၏။ ပုဗ္ဗအက္ခာယိနော၊ ရှေးဦးစွာလျှင် မင်းထံသို့ကပ်၍ပြောကြားတတ်သောသူ၏။ ဝစနံ၊ စကားကို။ အညဒတ္ထု ဧကံသေန၊ စင်စစ်အားဖြင့်။ နသဒ္ဒဟေ၊ မယုံကြည်ရာ။ ။

တသ္မာ၊ ထိုသို့ရှေးဦးစွာကပ်၍ပြောကြားတတ်သောသူ၏ စကားကိုစင်စစ်အားဖြင့်မယုံကြည်ရာသည်၏အဖြစ်ကြောင့်။ ပဏ္ဍိတဇာတိယော၊ ပညာရှိစစ်ဖြစ်သောတရားသူကြီးသည်။ ဣတရဿပိ၊ အမှုသည်တစ်ဦး၏လည်း။ ဝစနံ၊ စကားကို။ သုဏေယျ၊ နာခံရာ၏။ ဥဘိန္နံ၊ အမှုသည်နှစ်ဦးတို့၏။ ဝစနံ၊ နှစ်ပြင်သောစကားဆိုကို။ သုတွာ၊ ကြားပြီး၍။ ယထာ၊ အကြင်သို့သောအခြင်းအရာအားဖြင့်။ ဓမ္မော၊ ဆုံးဖြတ်သော ဓမ္မသတ် တရားသဘောသည်။ ဌိတော၊ တည်၏။ တထာ၊ ထိုဆုံးဖြတ်အပ်ဆုံးဖြတ်ကြောင်းဖြစ်သောတရားသဘောအတိုင်း။ ဝါ၊ တရားသဘောဖြင့်။ ကရေ၊ အရှုံးအနိုင်ဆုံးဖြတ်ရာ၏။ ။

ကာမဘောဂီ၊ ကာမစည်းစိမ်ကိုခံစားသော။ ဂိဟိ၊ လူဖြစ်လျက်။ အလသော၊ ပျင်းရိသောသူသည်။ နသာဓု၊ မကောင်း။ ပဗ္ဗဇိတော၊ ရဟန်းပြုလျက်။ အသညတော၊ ကိုယ်နှုတ်နှလုံးမစောင့်စည်း သသူသည်။ နသာဓု၊ မကောင်း။ ရာဇာ၊ မင်းဖြစ်လျက်။ အနိသမ္မကာရီ၊ ယုတ္တာ ယုတ္တိရှိမရှိကိုမိမိဉာဏ်ဖြင့်ရှေးဦးမစုံစမ်းမဆင်ခြင်မူ၍ပြုလေ့ရှိမူ။ နသာဓု၊ မကောင်း။ ယောပဏ္ဍိတော၊ အကြင်ပညာရှိသည်။ ကောဓနော၊ အမျက်ထွက်လေ့ရှိ၏။ တဿ၊ ထိုပညာရှိလျက် အမျက်ထွက်လေ့ရှိသောသူ၏။ အာဒါနဂါဟီဝသေန၊ မိမိဉာဏ်အထင်ကို လျင်မြဲစွာ ယူလေ့ရှိသည်၏အစွမ်းဖြင့်။ တံကောဓနံ၊ ထိုအမျက်ထွက်ခြင်းသဘောသည်။ နသာဓု၊ မကောင်း။ ။

ခတ္တိယော၊ ရေမြေစိုးရဘဝရှင်ဖြစ်သောမင်းသည်။ နိသမ္မ၊ ပညာဉာဏ်စွမ်းဖြင့်စုံစမ်းဆင်ခြင်၍။ ကယိရာ၊ ပြုရာ၏။ ဒိသံပတိ၊ အရပ်မျက်နှာတို့၏အရှင်အဓိပတိဖြစ်သောမင်းသည်။ အနိသမ္မ၊ ပညာ ဉာဏ်စွမ်းဖြင့်မစူးစမ်းမဆင်ခြင်မူ၍။ နကယိရာ၊ တိုင်းရေးပြည်မှုကိုမပြု မစီရင်ရာ။ ရာဇ၊ မင်းမြတ်။ နိသမ္မကာရိနော၊ ပညာဉာဏ်စွမ်းဖြင့်စုံစမ်း မြော်ချင့်လျက်ဆင်ခြင်၍ပြုလေ့ရှိသောမင်း၏။ ယသော၊ စည်းစိမ်အခြံအရံသည်၎င်း။ ကိတ္တိစ၊ ကျေးဇူးသတင်းကျော်စောခြင်းသည်၎င်း။ ဝဍ္ဎတိ၊ ပွါးများ၏။ ။

မင်းသည်ဘုရားလောင်းစကားကိုကြား၍ တရားသဖြင့်ဆုံးဖြတ်သည်ရှိသော် ပုဏ္ဏားအားသာလျှင်အပြစ်သည်ဖြစ်၏။ ။

ရထလဋ္ဌိဇာတကံ ဒုတိယံ။၃၃၂။